တီဘီရောဂါ

တီဘီရောဂါ ကိုပထမအကြိမ်ဖြစ်တုန်းကဆေး၆လသောက်ပြီးပျောက်သွားပါတယ် အခု၉နှစ်ကျော်ကြာမှ တီဘီရောဂါ ပြန်ဖြစ်လို့ဆေး၈လသောက်ရပါမယ် ဒုတိယအကြိမ်ပြန်ဖြစ်တာ စိုးရိမ်ရလားဆေးသောက်ရင်ပျောက်နိုင်လား ဆောင်ရန်ရှောင်ရန်အချကိအလက် များကိုကျေးဇူးပြု၍ဖြေကြားပေးပါရှင် အိမ်မှာကလေး၂နှစ်သားရွယ်ရှိပါတယ် ေကျးဇူးပြုပြီးဖြေကြားပေးပါရှင်

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
1
1

မှတ်ချက် 1ခု

တီဘီရောဂါက ပြန်ပြန်ပြီးတော့တော့ ဖြစ်တတ်ပါတယ်။ ဆေးပုံမှန်သောက်ရင် ရှေ့တစ်ခေါက်ကလိုပဲ ပျောက်သွားမှာပါ။ ဆေးယဉ်ပါးတာမျိုး မရှိဘူးဆိုရင်ပေါ့။ ဒုတိယကြိမ်ဖြစ်တာဆိုတော့ ဆေးသောက်ရတဲ့အချိန်တော့ ကြာနိုင်ပါတယ်။

ဆောင်ရမှာက တီဘီဆေးကို ပုံမှန်သောက်ပါ။ တီဘီဆေး သောက်နေချိန်မှာ အာဟာရပြည့်အောင် စားပါ။

ရှောင်ရမှာက တီဘီက လေကတဆင့် ကူးစက်တတ်လို့ ဆေးစစသောက်ချင်းကနေ ၂ပတ် (ဒါမှမဟုတ် ဆရာဝန်ညွှန်ကြားတဲ့ အချိန်အထိ) လူတွေနဲ့ ဝေးဝေးနေပါ။ ကလေးနဲ့လည်း ဝေးဝေးနေပါ။ အခန်းသီးသန့်မှာပဲ နေပါ။ ဆေးလိပ်ငွေ့တွေနဲ့လည်း ဝေးဝေးနေပါ။

နောက်ပြီး တားဆေးသောက်နေတဲ့ အမျိုးသမီးဆိုရင် ကိုယ်သုံးတဲ့အမျိုးအစားကို ဆရာဝန်ကို ပြောပြပါ။ တီဘီဆေးတွေက တားဆေးနဲ့ ဓာတ်ပြုပြီး တားဆေးအာနိသင်ကျနိုင်ပါတယ်။ တခြားသောက်နေတဲ့ ဆေးတွေ ရှိရင်လည်း ဆရာဝန်ကို ပြောပြထားပါ။ ဆေးတွေ ဓာတ်ပြုမှာစိုးလို့ပါ။

စိတ်အေးအေးထားပါ။ ဆေးပုံမှန်သောက်ရင် ပြန်ကောင်းလာနိုင်ပါတယ်နော်။

လွန်ခဲ့သော 3 နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။