Hello

ကျနော်အသက် ၂၃နှစ်ပါ၊ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ကျနော် ကောင်မလေး ရောဂါတစ်နှင့်ဆုံးပါးသွားခဲ့ပါတယ်။ သူရောဂါစဖြစ်ထဲက မဆုံးခင် ၇လလုံး ပြုစုခဲ့ပါတယ် ကန်တော့ ချီးပါး၊ သေးပေါက် စသည့်အရာတွေအကုန်လုပ်ပေးခဲ့ပါတယ် တစ်ခါမှရွံမိစိတ် ငြိငြူ မိတဲ့စိတ် မဖြစ်ဖူးပါဘူး။ ဒါပေမဲ့ တစ်ခါတစ်ရံ အလုပ်ကိစ္စကြောင့် သူငယ်ချင်းများနှင့် သွားတက်နေ့တွေ ညတွေ အိပ်ဖြစ်တာလေးတွေရှိပါတယ်။ သူက သူအိမ်ကလူတွေထက် ကျနော်ကို ပိုအားကိုးတော့ ကျနော်မရှိရင် ဆေးမသောက် တာတို့ဘာတို့လုပ်လေ့ရှိတယ်။ အခုကျနော်ဖြစ်နေတာက ကျနော်ဖျက်ကွက်တဲ့ရက်တွေ ကြောင့် သူဆုံးသွားတာလာဆိုပြီ ညတိုင် အိပ်မပျော်ပဲ အိပ်နေရင်လဲ အိပ်မက်ထဲ သူပါလာတာတော့မဟုတ်ပေမဲ့ ညတိုင် လန့်နိုးနေတာမျိုးတွေဖြစ်နေတာ။ ပိုဆိုးတာက စိတ်တွေ ထိန်းမရ ဖြစ်နေတာ အရမ်းစိတ်တိုလာရင် လည်ပင်းညှစ်တာတွေ ဓားနဲ့ရွယ်တာတွေပါ လုပ်တက်လာတာပါ ။ ကျနော်ဘယ်လောက်ထိ စိတ်တိုနိုင်ပြီ လွှတ်ထွက်နိုင်လဲမသိပါဘူး ကိုယ့်ဟာကိုတောင်ကြောက်ပါတယ် လူသတ်ချင်တဲ့အခါတွေတောင်ရှိပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတာရယ် ဘယ်ဆရာဝန်တွေနဲ့နွေးထွေးလို့ရလဲဆိုတာရယ်သိချင်ပါတယ်

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
2
1

မှတ်ချက် 1ခု

စိတ်ကျန်းမာရေးဆရာဝန် ဒါမှမဟုတ် စိတ်ကျန်းမာရေးအထူးကုနဲ့ ဆွေးနွေးပါ။ အရေးကြီးပါတယ်။

FBမှာ Suicide prevention myanmar ဆိုပြီး ရိုက်ရှာကြည့်ပါ။ Hello ဆရာဝန်ရဲ့ မိတ်ဖက်အဖွဲ့အစည်းပါ။ အဲ့မှာအခမဲ့ ဆွေးနွေးလို့ ရပါတယ်။ အဲ့ကနေလည်း သင့်တော်တဲ့ ဆရာဝန်ဆီ ပြန်လွှဲပေးပါလိမ့်မယ်။

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။