ဘယ်လိုချော့ရမလဲ

အိမ်မှာ ကျနော့် သမီးက အမေ ဖြစ်သူကို အရမ်း ၈ျီကျပါတယ်. တစ်ခုခုဆို ငိုတော့တာပဲ။ ကလေးက ကျနော် ရှိနေရင် အဲလိုမျိုး မငိုတတ်ပါဘူး။ ကျနော် က အလုပ် တစ်ဖက်နဲ့ ဆိုတော့ အိမ်မှာ မနက်မိုးလင်းကနေ ညနေ ၇ နာရီလောက် မှ အိမ်ပြန်ရောက်တာပါ။ ကလေးကို ကျနော်က သမီးရေ မငိုရဘူး ချော့ ပြောလိုက်ရင် သိပ်မကြာဘူး အငိုတိတ်ပါတယ်။ အိမ်မှာ သူ့အမေနဲ့ဆို တစ်နေ့ကို အနည်းဆုံး ၂ ခါလောက် ဂျီကျပါတယ် ငိုလည်း ငိုပါတယ်။

ဆရာရယ် သိချင်တာက ကလေးက ဘာလို့ အဲလို ဖြစ်နေတာလဲ။ အမေ ဖြစ်သူက ကလေးထိန်းနည်းမှားနေလို့လား ။ ကူညီေဖြပေးကြားပေးပါ ဆရာ

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
9
1

မှတ်ချက် 1ခု

ဒီအရွယ်မှာ သမီးမိန်းကလေးတွေက အဖေကို ပိုကပ်တာ၊ အဖေ့စကားဆို ပိုနားထောင်တာ သဘာဝပါ။ နောက်ပြီး အဖေနဲ့ အမေကြားက ကလေးထိန်းတဲ့ပုံစံနဲ့လည်း ဆိုင်ပါတယ်။ ကလေးကတော့ အလိုလိုက်တဲ့သူဆို ပိုချစ်ကြတာပါပဲ။

ဒီအရွယ်ကလေးတွေက မိဘကို သွေးတိုးစမ်းတတ်ပါတယ်။ ငါဂျီကျလိုက်ရင် ရမလားဆိုပြီးတော့ပါ။ ဒါကြောင့် Terrible Twoလို့လည်း ခေါ်ကြပါတယ်။ အင်မတန်သောင်းကျန်းတတ်တဲ့ အရွယ်ပါ။

ကလေးနဲ့တော့ ပြိုင်ပြီးရန်ဖြစ်လို့ မရပါဘူး။ ခုနကပြောသလို သူတို့က လိုချင်တာရဖို့ သွေးတိုးစမ်းတဲ့အရွယ်ဖြစ်လို့ပါ။ အိမ်မှာ အမေနဲ့ အတူနေတဲ့အချိန်ကများတယ်ဆိုရင် အမေ့ကို ပိုဂျီကျမှာပါ။

အမေရော အဖေရောမှာ ကလေးထိန်းကျောင်းတဲ့ စည်းမျဉ်းတစ်သမတ်တည်း ရှိနေဖို့ လိုပါတယ်။ တစ်ယောက်က လျှော့လိုက်၊ တစ်ယောက်က တင်းလိုက်ဆိုရင် ကလေးက သူအနိုင်ကျင့်လို့ရတဲ့သူကို ဂျီကျမှာပါ။

ကလေးနဲ့ အမေကြားမှာလည်း ဒီထက်ပိုပြီး ရင်းနှီးတဲ့ ဆက်ဆံရေးရအောင် လုပ်ပေးပါ။ နောက်ပြီး အမေတွေက တစ်နေကုန်အိမ်အလုပ်နဲ့ ကလေးနဲ့ လုံးပန်းနေရတယ်ဆိုရင် သူနဲ့ကလေးနဲ့ကြားမှာ ပွတ်တိုက်မှုတွေဖြစ်ပြီး ကလေးကို ဆူမိတာ၊ အော်မိတာတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် ကလေးက အမေ့ကိုဆို ဂျီကျသောင်းကျန်းတာလည်း ဖြစ်နိုင်ပါတယ်။ ဒါက အမေ့အပြစ်တော့ မဟုတ်ပါဘူး။ အမေကို ဘယ်လိုကူညီပေးနိင်မလဲဆိုတာကို စဉ်းစားပါ။

ကလေးကို အဖေက ပြောလို့နားဝင်တယ်ဆိုရင် သူ့အပြုအမူလေးတွေ၊ သူဂျီကျလေးတွေကို တဖြည်းဖြည်းနားဝင်အောင် ပြောပြီး ပြုပြင်လို့ရပါတယ်။ ဒီဂျီကျတာရဲ့ နောက်ကွယ်မှာ ဘာရှိနေလဲ။ တချို့ကလေးတွေက သူတို့ကို မိဘတွေက အာရုံစိုက်လာအောင် တမင်ဂျီကျပြတာမျိုးလည်း ရှိပါတယ်။ Attention seekလုပ်တယ်လို့ ခေါ်ကြပါတယ်။

ဒီအရွယ်လေးတွေက ဒီလိုပဲမို့လို့ အဖေရော၊ အမေရောက စိတ်ရှည်ဖို့တော့ လိုပါတယ်။


https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-milestones/how-to-deal-with-unruly-child/

လွန်ခဲ့သော 3 နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။