ကျွန်တော်ရေးသော စာကို အသေချာဖတ်ပြီး Reply ပြန်ပေးရန် လေးစားစွာ တောင်ခံအပ်ပါတယ်ခင်ဗျ ၊ တစ်ကယ် အခက်အခဲ ဖြစ်နေသောကြောင့်ပါ

( #လိပ်ခေါင်းရောဂါ ဖြစ်နေတာ ၁ နှစ်​ကျော် ပါပြီ​​​ဗျ ၊ အိမ်သာသွားပြီးရင် အပြင်သို့ ထွက်လာပါတယ်​ဗျ ၊ ဘာမှ မလုပ်ပဲ ငြိမ်နေရင် အိပ်ယာထဲလှဲ နေရင် ၂နာရီ လောက်ကြာရင် ပြန်ဝင်သွားပါတယ်​ဗျ ၊ နာကျင်မှု မရှိပါ ၊ အလုပ်လုပ်နေရင် ၆နာရီ လောက်ကြာမှ ပြန်ဝင်သွားပါတယ်​၊ နာကျင်မှု ရှိတယ်​ဗျ ၊ နာကျင်မှု မရှိအောင်

ပါရာစီတမော၅၀၀ ၂လုံး သောက်ပါတယ် ၊ ဝမ်းသွားရ ခက်ပါတယ်​ ၊ ​တစ်ခါတစ်လေ ဝမ်း​ဗိုက်ထဲ နေလို့မကောင်းပါဘူး​ ၊ ဝမ်းသွာရင် သွေးပါတာမျိုးက ရှားပါတယ်​ဗျ ၊ အဲ့အခြေအနေက ဆေးသောက်ရုံနဲ့ပျောက်ကင်းနိုင်ပါသလား​ဗျ ## )

ပြန်လည်ဖြေကြားပေးပါ​ဗျ ၊ ဆေးလည်းညွှန်းပေးပါခင်​ဗျ ။ ပြီးတော့ အဆင်ပြေရင် ထိုစာပိုဒ်ကို English ဘာသာ ပြန်ပေးပါ့လား​ခင်​ဗျ ၊ မလေးရှာမှာ ရောက်နေတဲ့အတွက်ကြောင့်ပါ Translate သုံးပြီး ဘာသာပြန်ပေမယ့် အဓိပ္ပါယ်ကွဲလွဲနေသောကြောင့်ပါ ၊ ကိုယ်တိုင်ကိုယ်ကျ ပြောမယ်ဆိုလည်း ဘာသာစကား အခက်ခဲကြောင့်ပါ​ဗျ ။ အခက်အခဲ ဖြစ်နေသည့် အတွက် အကူအညီ တောင်းခံခြင်းပါ ဆရာ/ဆရာမ ခင်​ဗျ 🙏🙏🙏

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
5
1

မှတ်ချက် 1ခု

လိပ်ခေါင်းက သူ့အဆင့်ကို လိုက်ပြီးသောက်ဆေးနဲ့ ရနိုင်သလို လိုအပ်ရင် ခွဲရတာမျိုးလည်း ရှိနိုင်ပါတယ်။

ဘာသာစကား အခက်အခဲရှိရင် မြန်မာနိုင်ငံက အွန်လိုင်းဆေးခန်းတွေကနေတဆင့် ဆေးခန်းပြပါ။ လိုအပ်တာ ညွှန်ပေးပါ့မယ်။

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။