ချောင်းဆိုး ချွဲကြပ်

hellosayarwon.com မှဆရာကြီးဆရာမကြီးများရှင့်ကျွန်မချောင်းဆိုးဝေဒနါကိုခံစားနေရတာ၁လကေျာ်ပါပြီရှင့်ကြားထဲမှာသက်သာလိုက်ပြန်ဖြစ်လိုက်နဲ့​​solmuxလိုဆေးမျိုးတွေသောက်ရင်တော့ဆေးသောက်တဲ့အချိန်သက်သာပါတယ်ဆေးကိုစွဲမသောက်ချင်လို့ပါဆရာဝန်လည်းပြပြီးပါပြီဓါတ်မှန်လည်းရိုက်ကြည့်ပြီးပါပြီအဆုတ်မှာတော့ဘာမှမတွေ့ပါဘူးရှင့်တစ်ခါတစ်လေညမှာရွှီရွှီနဲ့မြည်ပါတယ်အဲတာဘာဖြစ်လို့အရှင်းပျောက်မသွားတာလဲရှင့်ဆရာဝန်ညွှန်တဲ့ဆေးလည်းသောက်ပါတယ်အဲတာအကြံလေးပေးပါအုံးရှင့်

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
25
5

မှတ်ချက် 5ခု

ချောင်းခြောက်လား ချွဲလား

ဆရာဝန်နဲ့ ပြထားပြီးသားဆိုရင်တော့ ကိုယ်ပြထားတဲ့ဆရာဝန်နဲ့ ပြန်ဆွေးနွေးပြီးသိချင်တာကို မေးလိုက်တာ ပိုကောင်းပါတယ်။

လွန်ခဲ့သော 2 နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Dr Htet Htet Zaw Win

ချွဲကြပ်လို့ချောင်းဆိုးလိုက်တုန်းမှာနှာချေလိုက်ရင်တော့နေလို့သက်သာပါတယ်။ချောင်းဆိုးရင်တစ်ခါတစ်လေနှာရည်ယိုပါတယ်။

လွန်ခဲ့သော 2 နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Dr Htet Htet Zaw Win

ချွဲကအရောင်မပါပါဘူးအဖြူရောင်ပါ။စွဲသောက်တဲ့ဆေးမရှိပါဘူး။ချောင်းမဆိုးခင်ရှေ့ရက်တွေကထိပ်ကပ်နာလိုမျိုးရက်ရှည်နှာစေးတာမျိုးရှိပါတယ်။နှာစေးတာကဆောင်းတွင်းဆိုမဖြစ်ပါဘူးးနွေရာသီတို့မိုးတွင်းတို့မှာဆိုစေးပါတယ်။ဆေးသောက်ရင်တော့ပျောက်ပါတယ်။အမြဲတမ်းနှာစေးနေတာမျိုးတော့လည်းမဟူတ်ပါဘူး။ရံဖန်ရံခါစေးပါတယ်။ချောင်းမဆိုးခင်ရက်တွေမှာအညှော်တွေဘာတွေလည်းလုပ်ပါတယ်။ခုတော့မလုပ်တော့ပါဘူး။ညဘက်တွေလည်းအိပ်ရေးပျက်ပါတယ်။ကလေးနို့ထတိုက်နေရတော့

လွန်ခဲ့သော 2 နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ချွဲပါတယ်ဆိုရင်တော့ အွန်လိုင်းနေဖြစ်ဖြစ် ပြန်ပြသင့်ပါတယ်။

ချွဲက အရောင်ပါလား။ နို့တိုက်မိခင်ဆိုတော့ စွဲသောက်နေတဲ့ ဆေးတွေရော ရှိလား။ ချောင်းမဆိုးခင် ရှေ့ရက်တွေက ထိပ်ကပ်နာလိုမျိုး ရက်ရှည် နှာစေးနေတာမျိုး ရှိလား။ အစာအိမ်အချဉ်ပေါက်တာရော ဖြစ်သလား။

လွန်ခဲ့သော 2 နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1
@Dr Htet Htet Zaw Win

ချောင်းစဆိုးတုန်းကချောင်းခြောက်ပါလည်ချောင်းယားပြီးဆိုးတာခုကျအချွဲ ကြပ်သလိုဖြစ်ပြီးချောင်းဟန့်လိုက်ရင်အချွဲပါတယ် ဆရာဝန်နဲ့ပြန်ဖို့ကြတော့လည်းနယ်မှာဖြစ်တာနဲ့​နို့တိုက်မိခင်ဖြစ်နေလို့ပါ

လွန်ခဲ့သော 2 နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။