ကျွန်ုပ်တို့သည် တိုးတက်မှုကို အလေးထားပါသည်။

49k 

Total members

9.2k 

Total posts

1 

Total experts

232 

Total topics

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။

သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။

ကျွန်ုပ်တို့၏ အဖွဲ့အစည်းများ

Hello Sayarwonမှ အဖွဲ့အစည်းများသည် ပွင့်လင်းမြင်သာမှုရှိပြီး ယုံကြည်ရသော နေရာများဖြစ်သောကြောင့် အဖွဲ့ဝင်များအနေနှင့် အကြံဉာဏ်တောင်းခံခြင်းနဲ့ အတွေ့အကြုံများ မျှဝေခြင်းကို လွတ်လပ်စွာ ပြုလုပ်နိုင်ပါသည်။

စည်းကမ်းနဲ့အညီထိန်းသိမ်းထားခြင်း

မော်ဒရေတာတွေက အဖွဲ့အစည်းတွေမှာ ရှိတဲ့ အဖွဲ့ဝင်တွေအနေနဲ့ အဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှု ရှိစေဖို့ အမြဲစောင့်ကြည့်နေပါတယ်။ သူတို့တွေက အဖွဲ့ဝင်တွေဆီ သတင်းမှားတွေ ရောက်မလာစေဖို့၊ ပွင့်လင်းမြင်သာပြီး လိုအပ်တဲ့ အကူအညီများ ရနိုင်ဖို့ တာဝန်ရှိပါတယ်။

ယုံကြည်စိတ်ချရခြင်း

ဆရာဝန်များ၊ ကျွမ်းကျင်ပညာရှင်များက အဖွဲ့ဝင်များရဲ့ ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်တဲ့ ရွေးချယ်မှုတွေ ပြုလုပ်နိုင်ဖို့ တိကျပြီး ယုံကြည်ရတဲ့ ကျန်းမာရေးအချက်အလက်များကို မျှဝေလျက်ရှိပါတယ်။

အလုံးစုံကျန်းမာရေး

ကျန်းမာရေးအဖွဲ့အစည်းတွေ၊ Careလို့ခေါ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ကျန်းမာရေးနဲ့ ဆက်စပ်တဲ့ ပစ္စည်းများ ဝယ်ယူတာတွေကို တစ်နေရာတည်းမှာ ပြုလုပ်နိုင်နေပါပြီ။

တာဝန်ယူခြင်း

သင့်ကျန်းမာရေးခရီးစဉ်မှာ ကျွန်တော်တို့က ဘေးကနေ အားပေးကူညီနေမှာဖြစ်ပြီး သင်ရဲ့ အတွေ့အကြုံတွေကို အများနဲ့ မျှဝေဖို့ စိတ်ချရတဲ့ နေရာလေးတစ်ခု ဖန်တီးပေးထားပါတယ်။

အဆက်အသွယ်မပျက်ခြင်း

သင့်အနေနဲ့ အဖွဲ့အစည်းမှာ ကျွမ်းကျင်ပညာရှင်အနေနဲ့ဖြစ်ဖြစ်၊ အကြံပြုသူအနေနဲ့ဖြစ်ဖြစ်၊ ကိုယ်စားပြုသူအနေနဲ့ဖြစ်ဖြစ်၊ ကြော်ငြာအပ်ချင်သူအနေနဲ့ဖြစ်ဖြစ် ပါဝင်နိုင်ပါတယ်။ ကျွန်တော်တို့က အမြဲကြိုဆိုလျက်ရှိပါတယ်။
avatar

စတင်ဆွေးနွေးမယ်။

ဆရာဝန်ထံ မေးမြန်းခြင်း အခမဲ့

Icon heart

မျှဝေမည့်ပို့စ်

ကိုယ်ဝန်ဆောင်ချိန် ထူးခြားတဲ့ချင်ခြင်းတပ်ခြင်းများ

ကျမက hello sayarwonရဲ့ fanတယောက်ပါ ကိုယ်သိချင်တာတွေ အမြဲသိခွင့်ရလို့ကျေးဇူးအမြဲတင်နေရသူပါ ကလေးတယောက်မွေးပြီး

အမေတယောက်ပါ သမီးလေးက အခုဆို 4နှစ်နဲ့10လရှိပါပြီ

တယောက်ထဲ​​မွေးထားတာပါ ကိုယ်ဝန်စရှိတုန်းက ခေါင်းမူးတာ အန်တာက ဖြစ်လေ့ဖြစ်ထရှိတဲ့အတိုင်းပဲ အနည်းငယ် ဖြစ်ပါတယ် ချင်ခြင်းက သိသိသာသာ ထူးထူးခြားခြား မဖြစ်ခဲ့ပါဘူး လူတယောက်နဲ့တယောက်က မတူပေမဲ့ ချင်ခြင်းလို့ပဲ​ပြောရမလားပဲ အလုပ်တွေမနားတန်း လုပ်ချင်တဲ့စိတ်တော့ အမြဲရှိနေတယ် ပျင်းပြီးအိပ့်နေတာ ခွေနေတာမရှိသလောက်ပါပဲ အိမ်အလုပ်တွေဒေါင့်စေ့အောင် လုပ်တယ် ကျန်းမာရေးနဲ့သင့်တော်တာတွေ ကိုယ့်ဘာသာ ချက်ပြုတ်စားတယ် အဓိက ကစားချင်နေတက်တာကတော့ အမေချက်​ပေးခဲ့တဲ့ ငယ်ဘဝကစားခဲ့ရတဲ့ ဟင်းတွေပဲပေါ့

ဘာလေးပဲစားရစားရ ကျေနပ်နေတာမျိုးပါ ဘာဟင်းဆိုပြီး

သီးသန့်မရမက စားချင်တာမျိုးမရှိခဲ့ပါဘူး ဘာလေးဖြစ်ဖြစ်စားတက်နေတက် ကျေနပ်နေတဲ့ ခံစားမှုလေးတော့ရှိနေတက်တယ် အရင်က အမြဲစိတ်တိုတက်ပေမဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်မတိုတက်ဘူး အမြဲတက်ကြွနေတက်တယ် အခုသမီးလေးကလည်း အမြဲတက်ကြွလန်းဆန်းနေတာပဲ သူငယ်ချင်​းတယောက်ကလည်း

ကိုယ်ဝန်ဆောင်ပါပဲ တခါတခါငိုပြီးဖုန်းဆက်ပြီးကျမ

... ပိုမိုကြည့်ရှုရန်
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
18
1
ကိုယ်ဝန်ဆောင်မေမေ သန်ချလို့ရလား... ?

ဒီအဖွဲ့အစည်းထဲက မေမေတို့ ဘေဘီလေးကို ကိုယ်ဝန်လွယ်ထားချိန်မှာ

သန်ချဖူးလား... ကိုယ်ဝန်ဆောင်ချိန်မှာရော သန်ချလို့ရရဲ့လား...... အကယ်လို့ သန်ချမယ်ဆိုရက် ဗိုက်ထဲက ဘေဘီလေးကို ထိခိုက်နိုင်လား.... စတဲ့မေမေတို့ သိချင်နေတဲ့

မေးခွန်းများစွာကို မနက်ဖြန် ဆောင်းပါးလေးမှာ ဖော်ပြပေးသွားပါမယ်နော်... .

ကိုယ်ဝန်ဆောင်မေမေ သန်ချလို့ရလား... ?ကိုယ်ဝန်ဆောင်မေမေ သန်ချလို့ရလား... ?
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
2
အမွှာလိုချင်လို့့ပါ

ညီမ အိမ်ထောင်ကျတာ တစ်နှစ်ရှိပီရှင့် ကလေးယူချင်တာ အမွှာလေးပဲလိုချင်နေလို့ပါ အမျိုးသားကော ညီမမျိုးရိုးဘက်မှာကော အမွှာမွေးဖူးတဲ့သူမရှိပါဘူး မဖစ်နိုင်ဘူးမှန်းသိပေမယ့် ကြိုးစားလို့ရရင်လည်းကြိုးစားပါမယ် တကယ်ကိုအမွှာလေးပဲလိုချင်တာပါရှင့်

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
129
1
မေမေတို့အတွက် ကျန်းမာပျော်ရွှင်တဲ့ ကိုယ်ဝန်ဆောင်ကာလလေး ဖြစ်စေဖို့

ကိုယ်ဝန်ဆောင်ကာလ ဆိုတာ လေဒီလေးတိုင်းအတွက် အလှပဆုံး

အခိုက်အတန့်ပါ။ ကောင်းမွန်ခြင်းတွေ၊ ပျော်ရွှင်မှုတွေနဲ့ မျှော်လင့်ချက်တွေကို

မွေးဖွားစေတဲ့ ကာလပေါ့။


ဒီလီုဆိုပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်လောင်းတိုင်းက ပျော်ရွှင်ကြတယ်တော့

မဟုတ်ပါဘူး။ ဒါဆို မေမေတို့အတွက် ကျန်းမာပျော်ရွှင်တဲ့ ကိုယ်ဝန်ဆောင်ကာလလေး ဖြစ်စေဖို့အတွက် ဘယ်လိုနေထိုင်ရမလဲဆိုတာ ဒီဆောင်းပါးလေး မှာ ဖော်ပြထားပါတယ်။

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
ကိုယ်ဝန်ဆောင်မေမေ ပျားရည် စားလို့ရလား... ?

ကိုယ်ဝန်ဆောင်ချိန်မှာ အစားအသောက် အနေအထိုင် အစစအရာရာ ဂရုစိုက်ရပါတယ်။ ကိုယ်ဝန်ဆောင်မေမေ ပျားရည် စားလို့ရလား …. ဆိုတဲ့ မေးခွန်းလေးအပြင် ကိုယ်ဝန်ဆောင်ချိန်မှာ ပျားရည်စားတာက မေမေ့ကို ထိခိုက်စေတာမျိုး ရှိလား... ဗိုက်ထဲက ဘေဘီလေးကို ထိခိုက်စေတာမျိုးရှိလား.... စတဲ့ မေးခွန်းများကို အခု ဆောင်းပါးလေး မှာ ဖြေကြားပေးထားပါတယ်။ ဖတ်ကြည့်လိုက်နော်....

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
119
Implementation bleeding ရက်ကြာခြင်း

Hello Dr ,


ကျွန်မက ကိုယ်ဝန် ၁လခွဲထဲမှာပါရှင့်

လွန်ခဲ့တဲ့ ၁ ပတ်ကနေ စပီး implantation bleeding ပုံစံမျိူး သွေး နည်းနည်းဆင်းပါတယ် လုံးဝ နည်းနည်းလေးပါ အပေါ့သွားပီးမှ သုတ်မှ သိရတာပါ တစ်ချို့ချိန်တွေဆို အတွင်းခံကိုတောင် မပေပါဘူးရှင့်


ကျွန်မ လဲ စာဖတ်ကြည့်တော့ implantation bleeding က တစ်ရက်၂ ရက်ပြင် ပိုမဖြစ်ဘူးဆိုတော့ ကျွန်မ က ခု ဒီနေ့နဲ့ဆို ၈ရက်ထဲ ဝင်ပါပီ အဲ့လို သုတ်မှ ပေလာတယ် daily pad ဆိုလဲ အစက်လေးလောက်ပဲ ပေပါတယ်


OG ဆီ သွားပီးလဲ ပြပီးပါပီ သားအိမ်ခိုင်ဆေးနဲ့ ထိုးဆေး သောက်ဆေး အကုန် ပေးထားပါတယ်


သွေး စဆင်းတဲ့ ရက်နဲ့ ဒီနေ့နဲ့ဆို ၈ ရက်ထဲ ဝင်နေပါပီ


ကျွန်မလို ရက်ကြာတဲ့ သူရှိနိုင်လားရှင့်


လုံးဝ ဘိုက်မအောင့် ခါးရမကိုက်ပါရှင့်


ဘာ နာကျင်မှုမှ မခံစားရပဲ ကလေးက ပျက်ကျနိုင်လားရှင့်


သားဦးမို့ပါရှင့်

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
393
1
ကိုယ်ဝန်ရှိ မရှိ သိချင်ပါတယ်ရှင့်

25ရက်နေ့က မေးထားဖူးပါတယ်ရှင့်..ရာသီရက်6ရက်ကျော်ပီးမှ သွေးနည်းနည်းဆင်းပါတယ်ရှင့်..တစ်နေ့ကို ၁စက်၂စက်လောက်ပဲ ဆင်းတာပါရှင့်..၂ရက်လောက် အဲ့လိုမျိုးဆင်းပီး ထပ်မဆင်းတော့ပါဘူးရှင့်..စစ်ကြည့်တော့လဲ ၁ကြောင်းပဲ ပေါ်ပါတယ်ရှင့်..အဒါ ကိုယ်ဝန်ရှိနေတာလား မရှိတာလားရှင့်..အကယ်၍ မရှိဘူးဆိုရင် နောက်လကြ သားဥကြွေရက်ကို သွေးနည်းနည်းစ ဆင်းတဲ့ ရက်ကနေ စရေတွက်ရမှာလားရှင့်😔

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
38
1
ကိုယ်ဝန်ဆောင်မေမေ ပျားရည် စားလို့ရလား...?

မေမေတို့ ဘေဘီလေးကို ကိုယ်ဝန်လွယ်ထားတဲ့ ကာလမှာ တစ်ခုခု စားမယ်စဉ်းစားလိုက်တိုင်း တည့်ပါးမလားလို့ စဉ်းစားမိတတ်ကြပါတယ်။ ဒီလိုစဉ်းစားမိတဲ့အထဲမှာ

ကိုယ်ဝန်ဆောင်မေမေ ပျားရည် စားလို့ရလား …. ဆိုတဲ့ မေးခွန်းလေးရော ပါလား။ ဒီမေးခွန်းလေးရဲ့ အဖြေကို မနက်ဖြန်ဆောင်းပါးလေးမှာ ဖြေကြားပေးသွားပါမယ်နော်....

ကိုယ်ဝန်ဆောင်မေမေ ပျားရည် စားလို့ရလား...? ကိုယ်ဝန်ဆောင်မေမေ ပျားရည် စားလို့ရလား...? 
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
20
သားကြောဖြတ်ခြင်း

ကျန်မက ၃၂နှစ် ဒုတိယမြောက် ရင်သွေး နဲ့ မလို့ သားကြောဖြတ်ခြင်းတာကို လူမှု့ဖူလုံရေး မှ ပြပြီး အလုပ်သမာဆေးရုံမှ မွေးပြီး သာကြောဖြတ်လို့ ရပါသလား ရှင်

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
1
1
ကိုယ်ဝန်ဆောင်မေမေများနဲ့ အဖြူဆင်းခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် အရင်ကထက် ပိုပြီး အဖြူဆင်းတတ်ပါတယ်။

ခပ်ပျစ်ပျစ်ကနေ အရည်ကျဲအထိ ဆင်းတတ်ပါတယ်။ ဒါက ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်တိုင်း ကြုံရတတ်ပါတယ်။

သာမန်အဖြူဆင်းတာကတော့

-ခပ်ကျဲကျဲ ဒါမှမဟုတ် ခပ်ပျစ်ပျစ်

-အဖြူရောင် ဒါမှမဟုတ် နို့နှစ်ရောင်

-ခပ်သက်သက် အနံ့ရှိတတ်ပါတယ်။

သတိထားရမယ့် အဖြူဆင်းတာတွေကတော့

-အရောင်တွေပါလာတာ

-အနံ့ဆိုးတာ

-မိန်းမကိုယ်ယားယံတာတွေ ဖြစ်လာရင်တော့ ဆရာဝန်နဲ့ ပြဖို့ လိုပါတယ်။

မေမေတို့ လုပ်နိုင်တာက

-ဆင်းတာများလွန်းရင် Panty linerလေး ခံနိုင်ပါတယ်။

-မိန်းမကိုယ်ကို ရေ ဒါမှမဟုတ် မိန်းမကိုယ် သန့်စင်ဆေးရည်နဲ့ ဆေးပါ။ ဆပ်ပြာနဲ့ မဆေးပါနဲ့။

-အထိုင်မများပါစေနဲ့။ ရေများများသောက်ပါ။

-ကိုယ့်သဘောနဲ့ကိုယ် ပိုးသတ်ဆေးတွေ သောက်တာ၊ မိန်းမကိုယ်ထဲကို ဆေးတောင့်တွေ ထည့်တာ မလုပ်ပါနဲ့။

ကိုယ်ဝန်ဆောင်မေမေများနဲ့ အဖြူဆင်းခြင်းကိုယ်ဝန်ဆောင်မေမေများနဲ့ အဖြူဆင်းခြင်း
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
2453
3