ကိုယ်ဝန်ဆောင်ကာလ ၇ပတ်မြောက်အတွက် သိကောင်းစရာများ
သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်
ကြီးထွားနှုန်းကမြန်လာပါပြီ။ အခုဆို ဘလူးဘယ်ရီသီးအရွယ် ၁.၂၇စင်တီမီတာလောက်ရှိနေပါပြီ။ သန္ဓေသားလေးက လိုက်လျောညီထွေမှုရှိအောင် စပြီးကြိုးစားနေပါပြီ။ ဒီအပတ်မှာ မိခင်နဲ့သန္ဓေသားကို ဆက်ပေးတဲ့ချက်ကြိုးစပေါ်ပါပြီ။ ချက်ကြိုးက မေမေတွေရဲ့ခန္ဓာကိုယ်ကသွေးတွေနဲ့
သန္ဓေသားလေးကို အောက်ဆီဂျင်နဲ့အာဟာရ အထောက်အပံ့ပေးပါတယ်။ ကလေးလေးဆီက အညစ်အကြေးတွေလည်း ဖယ်ပေးပါတယ်။ အဆုတ်၊ ကျောက်ကပ်၊ အစာအိမ်အူလမ်းကြောင်းတွေက ဆက်ပြီး ဖွံ့ဖြိုးနေပါတယ်။ မျက်နှာပုံလည်း စပေါ်နေပြီနော်။ မေမေ၊ဖေဖေတွေနဲ့တူမယ့် မျက်လုံး၊ နှာခေါင်း၊ ပါးစပ်၊ နားရွက်လေးတွေလည်း စဖြစ်နေပါပြီ။ သားသားမီးမီးတွေ ဘယ်သူနဲ့တူတယ်ဆိုတာ သိချင်နေလောက်ပြီပေါ့နော်။
နောက်လတွေအများကြီးလိုသေးတယ်ဆိုပေမယ့် သားသားမီးမီးတွေကို တွေ့ရတော့မှာပါ။
ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ
ရင်သားပုံပြောင်းလာတာကို သတိထားမိကြရောပေါ့။ ကိုယ်ဝန်ဆောင်ချိန်ထွက်တဲ့ ဟော်မုန်းက ရင်သားကိုယောင်ပြီး တင်းလာစေလို့ပါ။ ရင်သားတစ်ဝိုက်မှာ သွေးစီးမှုကောင်းလာပြီး အဆီစစု
... ပိုမိုကြည့်ရှုရန်



















