ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ
ဒီအပတ်မှာ ၇ဂရမ်၊ ၂.၅၄စင်တီမီတာလောက်ရှိပါပြီ။ ၁၀ပတ်မြောက်မှာ အင်္ဂါအစုံပေါ်နေပါပြီ။ ဒါပေမယ့် ဆက်ကြီးထွားလာဖို့တော့ လိုပါသေးတယ်နော်။ ခြေထောက်မှာ
ဒူးတွေခြေချင်းဝတ်တွေဖြစ်လာဖို့အရိုး၊ အရိုးနုတွေစဖြစ်လာပါပြီ ။တစ်ချိန်တည်းမှာ
လက်မောင်းတွေက ပုံပေါ်လာပြီး ပိုသန်မာလာပါတယ်။ အရိုးတွေသန်မာလာပြီဆိုတော့
သွားဖုံးအောက်မှာ သွားတွေပေါ်လာမှာပါနော်။ မွေးပြီး ၆လ မတိုင်ခင်အထိ သွားဖုံးကို
မဖောက်နိုင်ပါဘူး။ တစ်ခြားနေရာတွေမှာလည်း ကြီးထွားနေပါတယ်။ အစာချေအဖွဲ့အစည်းကလည်းအစာခြေရည်တွေ ထုတ်နေသလိုကျောက်ကပ်ကလည်း မေမေတွေရဲ့ဆီးနဲ့အတူပါသွားမယ့် ရှုးရှုးတွေကို ထုတ်နေပါပြီ။သားသားလေးဖြစ်မယ်ဆို ကပ္ပါယ်အိတ်ကနေ ကျားဟော်မုန်း(တက်စတိုစတီရုမ်း)တွေစထွက်ပါပြီ။
ခန္ဓာကိုယ်နဲ့ အနေအထိုင် အပြောင်းအလဲလေးများ
ကိုယ်ဝန်မရှိခင်က သားအိမ်ကသစ်တော်သီးအရွယ်လောက်ရှိပါတယ်။ ဒီအပတ်မှာတော့
ကျွဲကောသီးအရွယ်လောက်ကြီးလာပါပြီ။ အဲဒီတော့ ဗိုက်လေးကရှေ့ကို ထွက်လာတော့တာပေါ့။ ဗိုက်ဖုံးအင်္ကျီလေးတွေလည်း
ဝတ်ချင်လာလောက်ရောပေါ့။ အဲလောက်ထိမလိုသေးပေ