မေမေတို့ ဘာကြောင့်သွေးပုံမှန်စစ်သင့်တာလဲ... ?
မေမေတို့ကျန်းမာရေးအတွက် အပြင်ပိုင်း ဘာမှမဖြစ်နေဘူးဆိုရင်တောင် သွေးပုံမှန်စစ်တာရင်းနဲ့ ဘာတွေသိနိုင်လဲဆိုတာကိုပြောပြထားပါတယ်။
ကျွန်ုပ်တို့သည် တိုးတက်မှုကို အလေးထားပါသည်။
Total members
Total posts
Total experts
Total topics
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
Hello Sayarwonမှ အဖွဲ့အစည်းများသည် ပွင့်လင်းမြင်သာမှုရှိပြီး ယုံကြည်ရသော နေရာများဖြစ်သောကြောင့် အဖွဲ့ဝင်များအနေနှင့် အကြံဉာဏ်တောင်းခံခြင်းနဲ့ အတွေ့အကြုံများ မျှဝေခြင်းကို လွတ်လပ်စွာ ပြုလုပ်နိုင်ပါသည်။
မော်ဒရေတာတွေက အဖွဲ့အစည်းတွေမှာ ရှိတဲ့ အဖွဲ့ဝင်တွေအနေနဲ့ အဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှု ရှိစေဖို့ အမြဲစောင့်ကြည့်နေပါတယ်။ သူတို့တွေက အဖွဲ့ဝင်တွေဆီ သတင်းမှားတွေ ရောက်မလာစေဖို့၊ ပွင့်လင်းမြင်သာပြီး လိုအပ်တဲ့ အကူအညီများ ရနိုင်ဖို့ တာဝန်ရှိပါတယ်။
ဆရာဝန်များ၊ ကျွမ်းကျင်ပညာရှင်များက အဖွဲ့ဝင်များရဲ့ ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်တဲ့ ရွေးချယ်မှုတွေ ပြုလုပ်နိုင်ဖို့ တိကျပြီး ယုံကြည်ရတဲ့ ကျန်းမာရေးအချက်အလက်များကို မျှဝေလျက်ရှိပါတယ်။
ကျန်းမာရေးအဖွဲ့အစည်းတွေ၊ Careလို့ခေါ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ကျန်းမာရေးနဲ့ ဆက်စပ်တဲ့ ပစ္စည်းများ ဝယ်ယူတာတွေကို တစ်နေရာတည်းမှာ ပြုလုပ်နိုင်နေပါပြီ။
သင့်ကျန်းမာရေးခရီးစဉ်မှာ ကျွန်တော်တို့က ဘေးကနေ အားပေးကူညီနေမှာဖြစ်ပြီး သင်ရဲ့ အတွေ့အကြုံတွေကို အများနဲ့ မျှဝေဖို့ စိတ်ချရတဲ့ နေရာလေးတစ်ခု ဖန်တီးပေးထားပါတယ်။
စတင်ဆွေးနွေးမယ်။
ဆရာဝန်ထံ မေးမြန်းခြင်း အခမဲ့
မျှဝေမည့်ပို့စ်
နောက်ဆုံး
ပေါ်ပြူလာ
နို့တိုက်မေမေ တွေက သူတို့ရေသောက်နည်းရင် နို့ထွက်ရော နည်းသွားမလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ ဒါဆို နို့တိုက်မေမေတို့ တစ်နေ့ ရေဘယ်လောက်သောက်ရမလဲ ဆိုတာကို ဒီဆောင်းပါးလေး ဖတ်ပြီးအဖြေရှာလိုက်ရအောင်နော်။
နို့တိုက်မေမေတွေက ကလေးကိုလည်း နို့တိုက် ရတဲ့ အတွက် တစ်နေ့တစ်နေ့ သူတို့ ရေသောက်တာလုံလောက်ပါ့မလား။ သူတို့ရေသောက်နည်းရင် နို့ထွက်ရော နည်းသွားမလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ ဒီအဖွဲ့ထဲက နို့တိုက်မေမေတို့ရော တစ်နေ့ကို ရေ ဘယ်လောက်သောက်လေ့ရှိလဲ။ နို့တိုက်မေမေတို့ တစ်နေ့ ရေဘယ်လောက်သောက်ရမလဲ ဆိုတာကို မနက်ဖြန်ဆောင်းပါးလေးမှာ ဖြေကြားပေးသွားပါမယ်နော်...
အကာအကွယ်မဲ့ အတူနေထားတယ်။ ရာသီလည်း မပေါ်ဘူးဆိုရင် ကိုယ်ဝန်ရှိမရှိ ဆီးစစ်သင့်တယ်ဆိုတာကို အမျိုးသမီးတိုင်း သိကြပါတယ်။ ဒါပေမယ့် ရာသီထိမ်ပြီး ဘယ်နှရက်နေရင် စစ်မှာလဲ။ ဒီနေ့ အတူနေပြီးနောက်နေ့ဆီးစစ်ရမှာလား။
ကိုယ်ဝန်ရှိမရှိကို တိတိကျကျ သိရဖို့အတွက် ဆီးစစ်သင့်တဲ့ အချိန်ကတော့ အတူနေပြီး ၂-၃ပတ်ကြာရင် ဖြစ်ပါတယ်။ ပုံမှန်ရာသီလာရမယ့်ရက်က ဒီ၂-၃ပတ်အတွင်းမှာ ရှိနေပြီး ရာသီလည်း မလာဘူးဆိုရင် ပိုပြီး စစ်သင့်ပါတယ်။ လာနေကျထက် တော်တော်ကြီး နည်းနေရင်လည်း စစ်လိုက်ပါ။ သန္ဓေအောင်ထားတဲ့ မျိုးဥလေးက သားအိမ်ထဲကို တိုးဝင်တဲ့အခါ ရာသီလာသလိုမျိုး သွေးနည်းနည်းဆင်းတတ်လို့ပါ။
ဒီနေ့အတူနေပြီး နောက်နေ့စစ်ရတာမျိုး မဟုတ်ပါဘူး။ တူနေပြီး ၂-၃ပတ်အကြာက အကောင်းဆုံးပဲ ဖြစ်ပါတယ်။
မမတို့ရေ။ ကူညီဖြေပေးကြပါဦးရှင့်။ ညီမက ကလေးယူနေသူပါ အပျိုကတည်းက ရာသီတစ်လ၂ကြိမ်လာပါတယ် (၁၀ရက်၁၅ရက်ခြားတကြိမ်) အခုထိ ဖြစ်ပါတယ်။ အိမ်ထောင်သက် ၁နှစ်၅လရှိပီ တားဆေးမသုံးထားပါ။ Folic acidနဲ့ ovriplusသောက်ပါသေးတယ်။ ကလေးလိုချင်လို့ OGပြတော့ ရာသီမှန်အောင် ဟော်မုန်းပါတဲ့ တားဆေး Microgynon 30 ၆လသောက်ခိုင်းပါတယ်။ ညီမမေးချင်တာက ညီမလိုမျိုး တစ်လမှာရာသီ၂ခါလာပြီး ဘာမှဆေးမသောက်ပဲ ကိုယ်ဝန်ရသွားတဲ့သူရှိလား။ ရာသီမမှန်လို့တားဆေးသောက်ပြီးမှ ရာသီမှန်ပြီး ကိုယ်ဝန်ရသွားတဲ့သူ ရှိလား ။
နောက် ရာသီမမှန်တဲ့သူ သားဥကြွေဆေးသောက်ပြီး ကိုယ်ဝန်ရတဲ့သူရှိလား။ ဆိုတာ သိချင်တာပါ။ အဖြစ်သူရှိရင် ပြောပြပါနော်။
ဓာတ်မတည့်တာ က အတော်လေး ခံရခက်တဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ အရွယ်မရွေး ဖြစ်နိုင်တဲ့ ကျန်းမာရေး ပြဿနာတစ်ခုပေါ့။ ဒီ အလက်ဂျီ ပြဿနာက မေမေတို့မှာ ဖြစ်ရင်လည်း ဘေဘီလေးတွေကို ကူးစက်နိုင်တယ်။ ဒီ ဓာတ်မတည့်တဲ့ အကြောင်းလေးကို အခု ဆောင်းပါးလေးမှာ အပြည့်အစုံ ဖတ်ရှုလိုက်ပါနော်...
မေမေတို့ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲမှုတွေအပါအဝင် ကိုယ်ခန္ဓာမှာ
ပြောင်းလဲမှုတွေ အများကြီး ကြုံတွေ့ရတာကို မေမေတို့ သိပြီးသားဖြစ်မှာပါ။ ဒီတစ်ခါ မေမေတို့ ဟော်မုန်းအပြောင်းအလဲမှု များတာကြောင့် ဖြစ်တတ်တဲ့ ခြေထောက်သွေးခဲခြင်း၊ သွေးပြန်ကြောရောဂါတွေကို ဖော်ပြပေးလိုက်ပါတယ်။
ကိုယ်ဝန်ရှိမရှိကို စစ်နိုင်တဲ့ အဓိက နည်း ၃နည်း ရှိပါတယ်။
-လက္ခဏာရယ်
-ဆီးစစ်၊ သွေးစစ်တာရယ်
-အယ်ထွာဆောင်းရိုက်တာရယ်ပါ။
လက္ခဏာကတော့ အားလုံးသိကြတဲ့ ရာသီထိမ်သွားလား။ ပျို့အန်တာမျိုး ဖြစ်သလား။ ရင်သားတွေ တင်းနေလား၊ နုံးနေလား စတာတွေကို မေးမြန်းတာပါ။ ဒါက တခြားအခြေအနေတွေမှာလည်း ဖြစ်တတ်တယ်ဆိုတော့ သိပ်တော့ မသေချာပါဘူး။
ဆီးစစ် သွေးစစ်တယ်ဆိုတာကတော့ hCGဟော်မုန်းကို စစ်ဆေးတာပဲ ဖြစ်ပါတယ်။ ဆီးက အိမ်မှာ test kitနဲ့ စစ်လို့ရသလို ဆေးရုံဆေးခန်းတွေမှာ စစ်လို့လည်း ရပါတယ်။
နောက်ဆုံးတစ်ခုက အယ်ထွာဆောင်းရိုက်တာပါ။ ကိုယ်ဝန်၆ပတ်လောက်ဆို အယ်ထွာဆောင်းရိုက်လို့ရပါပြီ။ ရိုက်ပြီး ကလေးရှိရဲ့လားဆိုတာကို ကြည့်နိုင်ပါတယ်။ ဒီနည်းလမ်းတွေက တစ်ခုချင်းစီဆိုရင် အားနည်းချက်ရှိတာကြောင့် အပြည့်အဝမမှန်နိုင်ပါဘူး။ ၃မျိုးပေါင်းစစ်ပြီး ရလဒ်တွေကလည်း ကိုယ်ဝန်ရှိနေတယ်လို့ပဲ ပြရင်တော့ တကယ်ကိုယ်ဝန်ရှိနေတာ ဖြစ်နိုင်ပါတယ်။
ဒါကတော့ အတိကျဆုံးနည်းပါပဲ။
ခုကစပြီး သင်ပို့စ်တင်တာ၊ မှတ်ချက်ပေးတာတွေ လုပ်နိုင်ပါပြီ။
ဆရာဝန်များ၊ ကျွမ်းကျင်ပညာရှင်များနဲ့ အဖွဲ့အစည်း ကိုယ်စားလှယ်တွေဆီကနေ အကြံဉာဏ်များ ရယူနိုင်ပါပြီ။
သင့်အကြံပြုချက်လိုနိုင်တဲ့ သူတွေအတွက် အတွေ့အကြုံများကို မျှဝေပေးပါ။
အဖွဲ့အစည်းတွေမှာ တက်တက်ကြွကြွပါဝင်ပြီး ပွိုင့်တွေစုခြင်းအားဖြင့် အဖွဲ့အစည်း ကိုယ်စားလှယ်ဖြစ်နိုင်ပါပြီ။