မေမေတို့ ကလေးလေးက ကိုယ်ဝန် ၁၂ပတ် (၃လဝန်းကျင်)လောက်တည်းက စလှုပ်တာပါ။ ဒါပေမယ့် မေမေတို့ သတိထားမိမှာ မဟုတ်ပါဘူး။
မေမေတို့ သတိထားမိတာက ၁၆ပတ်လောက်မှပါ။ ဒါတောင် သားဦးမေမေတွေဆို အပတ် ၂၀လောက်မှ သတိထားမိကြပါတယ်။
ကလေးလှုပ်တယ်ဆိုတာက တစ်နည်းအားဖြင့် ကလေးကျန်းမာနေတယ်။ အသက်ရှင်နေတယ်ဆိုတဲ့ လက္ခဏာပါ။ ဒါကြောင့် ကလေးလှုပ်ပြီဆို ဆရာဝန်တွေက ကလေးလှုပ်တာကို မှတ်ခိုင်းတာပါ။
ကလေးက တစ်နေ့ကို ခဏခဏ လှုပ်နေတယ်ဆိုတော့ မေမေတို့လည်း ခဏခဏမှတ်ပြီး တချို့ရက်တွေဆို ရာဂဏန်းလောက် ကပ်သွားတာတောင် ရှိပါတယ်။
တကယ်တော့ အဲ့လောက် မလိုပါဘူး မေမေတို့ရဲ့။ ၂၄နာရီအတွင်းမှာ ကလေးက ၁၀ခေါက်လောက် လှုပ်တယ်ဆိုရင် ဒါအဆင်ပြေတယ်လို့ ပြောလို့ရပါပြီ။ ဒီတော့ ဒီနေ့ မေမေတို့က မနက် ၇နာရီလောက်က စမှတ်မယ် ဆိုပါတော့။ နောက်နေ့မနက် ၇နာရီအထိ ကလေးက ၁၀ကြိမ်လှုပ်ရင် ရပါပြီ။ မနက် ၇နာရီလောက်က စမှတ်လိုက်တာ ည၈နာရီလောက်ကျ ၁၀ကြိမ်ပြည့်သွားပြီဆို ရပါပြီ။ ဆက်မှတ်စရာ မလိုတော့ပါဘူး။ နောက်ရက်ကျမှ ထပ်မှတ်လို့ရပါတယ်။
ဒါကတော့ သာမန်မေမေတွေပေါ့နော်။ တကယ်လို့ ကလေးမလှုပ်လို့ ဆေးရုံရောက်လာတဲ့ မေမေတွေဆိုရင်တော့ ဇယားဆွဲထားတဲ့ စာရွက်ပိုင်းလေး ပေးပြ