ဆေးအာနိသင်ေလျာ့ပါးနိုင်ခြင်းရှိမရှိသိရှိလိုခြင်း
မင်္ဂလာပါရှင့်။ ဟော်မုန်းမညီမျှလို့ Lydia Fine သောက်နေပါတယ်။ အခု လက်တလောကျန်းမာရေးအခြေအနေကြောင့် သွေးစစ်ကြည့်တဲ့အခါမှာ ASO 400ဖြစ်နေလို့ ဆေးသောက်နေရပါတယ်ရှင့်။ လိုအပ်ရင်တော့ Penicillin သောက်ရမယ် ပြောပါတယ်ရှင့် ။လက်ရှိတော့ Penicillin မပါသေးပါဘူး။ Gabapentin Capsule 100mg ,Methylcolamine 500mg နဲ့ Tripta 10mg နဲ့ အားဆေး ဆိုပီး ဆေး4မျိုး ပေးထားပါတယ်။ အဲ့ဆေးတွေကြောင့် Lydia Fine ရဲ့ အာနိသင်လျော့သွားနိုင်လားရှင့်။ကောင်လေးရှိပါတယ်ရှင့်။ လက်မထပ်ရသေးပါဘူး ။ ကိုယ်ဝန်မရချင်လို့ပါရှင့်။ကျေးဇူးတင်ပါတယ်ရှင့်။