ကျွန်ုပ်တို့သည် တိုးတက်မှုကို အလေးထားပါသည်။

49k 

Total members

5k 

Total posts

1 

Total experts

213 

Total topics

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။

သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။

ကျွန်ုပ်တို့၏ အဖွဲ့အစည်းများ

Hello Sayarwonမှ အဖွဲ့အစည်းများသည် ပွင့်လင်းမြင်သာမှုရှိပြီး ယုံကြည်ရသော နေရာများဖြစ်သောကြောင့် အဖွဲ့ဝင်များအနေနှင့် အကြံဉာဏ်တောင်းခံခြင်းနဲ့ အတွေ့အကြုံများ မျှဝေခြင်းကို လွတ်လပ်စွာ ပြုလုပ်နိုင်ပါသည်။

စည်းကမ်းနဲ့အညီထိန်းသိမ်းထားခြင်း

မော်ဒရေတာတွေက အဖွဲ့အစည်းတွေမှာ ရှိတဲ့ အဖွဲ့ဝင်တွေအနေနဲ့ အဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှု ရှိစေဖို့ အမြဲစောင့်ကြည့်နေပါတယ်။ သူတို့တွေက အဖွဲ့ဝင်တွေဆီ သတင်းမှားတွေ ရောက်မလာစေဖို့၊ ပွင့်လင်းမြင်သာပြီး လိုအပ်တဲ့ အကူအညီများ ရနိုင်ဖို့ တာဝန်ရှိပါတယ်။

ယုံကြည်စိတ်ချရခြင်း

ဆရာဝန်များ၊ ကျွမ်းကျင်ပညာရှင်များက အဖွဲ့ဝင်များရဲ့ ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်တဲ့ ရွေးချယ်မှုတွေ ပြုလုပ်နိုင်ဖို့ တိကျပြီး ယုံကြည်ရတဲ့ ကျန်းမာရေးအချက်အလက်များကို မျှဝေလျက်ရှိပါတယ်။

အလုံးစုံကျန်းမာရေး

ကျန်းမာရေးအဖွဲ့အစည်းတွေ၊ Careလို့ခေါ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ကျန်းမာရေးနဲ့ ဆက်စပ်တဲ့ ပစ္စည်းများ ဝယ်ယူတာတွေကို တစ်နေရာတည်းမှာ ပြုလုပ်နိုင်နေပါပြီ။

တာဝန်ယူခြင်း

သင့်ကျန်းမာရေးခရီးစဉ်မှာ ကျွန်တော်တို့က ဘေးကနေ အားပေးကူညီနေမှာဖြစ်ပြီး သင်ရဲ့ အတွေ့အကြုံတွေကို အများနဲ့ မျှဝေဖို့ စိတ်ချရတဲ့ နေရာလေးတစ်ခု ဖန်တီးပေးထားပါတယ်။

အဆက်အသွယ်မပျက်ခြင်း

သင့်အနေနဲ့ အဖွဲ့အစည်းမှာ ကျွမ်းကျင်ပညာရှင်အနေနဲ့ဖြစ်ဖြစ်၊ အကြံပြုသူအနေနဲ့ဖြစ်ဖြစ်၊ ကိုယ်စားပြုသူအနေနဲ့ဖြစ်ဖြစ်၊ ကြော်ငြာအပ်ချင်သူအနေနဲ့ဖြစ်ဖြစ် ပါဝင်နိုင်ပါတယ်။ ကျွန်တော်တို့က အမြဲကြိုဆိုလျက်ရှိပါတယ်။
avatar

စတင်ဆွေးနွေးမယ်။

ကိုယ်ဝန်ဆောင်ချိန် ရေကူးလို့ရလား... ?

ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်း လုပ်ပေးတာက မွေးဖွားရလွယ်တယ်။ လေ့ကျင့်ခန်း လုပ်တယ်ဆိုတဲ့နေရာမှာလည်း မေမေရော ဘေဘီလေးပါ ထိခိုက်မှု မရှိစေတဲ့ လေ့ကျင့်ခန်းမျိုး ဖြစ်ဖို့တော့လိုတာပေါ့။ ဒါဆို ကိုဉ်ဝန်တောင်မေမေ ရေကူးမယ်ဆိုရင်ရော လို့ ရလား

ဆိုတာနဲ့ ပတ်သက်ပြီး မနက်ဖြန်ဆောင်းပါးလေးမှာ ပြောပြပေးချင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန် ရေကူးလို့ရလား... ?ကိုယ်ဝန်ဆောင်ချိန် ရေကူးလို့ရလား... ?
0
17k
မှတ်ချက် 0 ခု
မေမေတို့အတွက် မေးမယ်... ဖြေမယ်...

မေမေတို့ မေးလေ့ရှိတဲ့ မေးခွန်းတွေထဲက မေးခွန်းတစ်ခုဖြစ်တဲ့ ကိုယ်ဝန်ဆိပ်တက်ခြင်း

အကြောင်းကို ဒီတစ်ခေါက် “မေမေတို့အတွက် မေးမယ်... ဖြေမယ်” အစီစဥ်မှာမေးမြန်းနိုင်ပါပြီနော်.....

မေမေတို့အတွက် မေးမယ်... ဖြေမယ်...မေမေတို့အတွက် မေးမယ်... ဖြေမယ်...
0
17k
မှတ်ချက် 0 ခု
ကလေးမွေးထားတဲ့ မေမေ တွေ ခန္ဓာကိုယ် ပြန်ထိန်းသိမ်းနိုင်ဖို့အတွက်ဆိုရင်...


တကယ်တော့

ကလေးမွေးလိုက်ရတဲ့အတွက် မေမေတို့ ခန္ဓာကိုယ်မှာ ပြောင်းလဲသွားတွေ

အများကြီးရှိပါတယ်။ မီးတွင်းဆိုတာ မေမေတို့အတွက် နာလန်ထူတဲ့အချိန်ပါ။ မီးတွင်းကထွက်လို့ ၄၅ရက်လောက်လည်းနေရော မေမေတို့ ကိုယ့်အသားအရေတွေ၊

ဗိုက်တွေ၊ ဆံပင်တွေကို ကြည့်ပြီး စိတ်ထဲမှာ တစ်ခုခုပြောင်းလဲချင်စိတ်ပေါ်လာပါလိမ့်မယ်။ ကလေးမွေးပြီးချိန်မှာ ပြောင်းလဲလာတဲ့ မေမေတို့ ခန္ဓာကိုယ်ကို ဘယ်လိုများ ပြန်ထိန်းသိမ်းကြမလဲဆိုတာ ဒီဆောင်းပါးလေးမှာ ကြည့်ကြရအောင်။

0
17k
မှတ်ချက် 0 ခု
ကိုယ်ဝန်၃၃ပတ်ပါရှင့်

မဂ်လာပါဆရာတို့ ကိုယ်ဝန်နဲ့က၃၃ပတ်ရှိနေပါပြီ ဆရာ သွေးပေါင်ကပေါ်၉၀အောက်၆၀ကျနေပါတယ် ပြန်မတက်ပါဘူးရှင့် အစာအိမ်ကလည်းအောင့်နေပါတယ်ရှင့်တတိယအကြိမ် ခွဲမွေးရမှာမို့ပါ ဓာတ်ဆားလည်းသောက်ပါတယ်ရှင့် သွေးပေါင်ကျရင်နေလို့မကောင်းပါဘူးဆရာတို့ ဘာတွေဆောင်ပြီးဘာတွေရှောင်ရမလည်း ဆရာတို့ရယ် ပြောပြပေးပါဦး 🙏🙏အစာလည်းမနက်စာကို၈နာရီစားပါတယ် နေ့လည်က၁၀ခဲွ စားပါတယ် ညနေ၂နာရီလောက်စားပြီး ညအထိဘာမှမစားနိင်တာက အစာအိမ်ကြောင့်လားရှင့်

0
17k
မှတ်ချက် 1 ခု
လက်‌‌မောင်းတွင်းထည့် သန္ဓေတားပစ္စည်းရဲ့ အားသာချက်တွေက ဘာလဲ

မေမေတို့ လက်မောင်းတဲ့ထည့်တဲ့ သားဆက်ခြားပစ္စည်းလေး အကြောင်းကိုပြောပြမယ်နော်။


လက်‌‌မောင်းတွင်းထည့် သန္ဓေတားပစ္စည်းရဲ့ အားသာချက်တွေက ဘာလဲ လက်‌‌မောင်းတွင်းထည့် သန္ဓေတားပစ္စည်းရဲ့ အားသာချက်တွေက ဘာလဲ 
0
17k
မှတ်ချက် 0 ခု
ကိုယ်ဝန်ရှိရင် ရာသီလာလား

မေမေတို့ အားလုံးသိထားတာက ကိုယ်ဝန်ရှိရင် ရာသီမလာတော့ဘူး။ ရာသီထိမ်သွားပြီပေါ့။ ဒါက ဟုတ်ပါတယ်။


နောက်တချို့မေမေတွေကလည်း ရှေ့ရက်တွေမှာ ရာသီလာပြီး ဘာလို့ ခုဆီးစစ်လိုက်တော့ နှစ်ကြောင်းပေါ်တာလည်းလို့ မေးကြပါတယ်။


တကယ်က အဲ့တာ ရာသီလာသွားတာ မဟုတ်ပါဘူး။ သန္ဓေသားလေးက သားအိမ်ထဲကိုတိုးဝင်လာလို့ သွေးနည်းနည်းဆင်းတာပါ။ Implantation bleedingလို့ ခေါ်ပါတယ်။


ကိုယ်ဝန်ဆောင်တိုင်းတော့ မဆင်းပါဘူး။ ပုံမှန်ရာသီလာတာထက်လည်း နည်းပါတယ်။ ရက်ပိုင်းလောက်နေရင် ရပ်သွားပါတယ်။


ဒါကြောင့် ရာသီသွေးဆင်းတာနဲ့ မှားတာပါ။ နဂိုတည်းက သွေးဆင်းနည်းတဲ့သူဆို ပိုပြီးမှားနိုင်ပါတယ်။ တချို့ကလည်း ရာသီလာတာနဲ့ မှားတာကြောင့် ကိုယ်ဝန်ရှိမှန်း မသိလိုက်တာမျိုး ဖြစ်နိုင်ပါတယ်။



ကိုယ်ဝန်ရှိရင် ရာသီလာလားကိုယ်ဝန်ရှိရင် ရာသီလာလား
10
18k
မှတ်ချက် 572 ခု
ကိုယ်၀န်ဆောင်ချိန်ထူးခြားတဲ့ချင်ခြင်းတပ်ခြင်းများ

Post ထဲမှာဖော်ပြထားတဲ့ပထမဆု

( Community ထဲမှာ

Like ( Reaction ) အများဆုံးစာမူ )

ရရှိသွားတဲ့သူကိုမှန်မှန်ကန်ကန်သိပါရစေ ။


#StoryCompetition2022Oct .

0
17k
မှတ်ချက် 1 ခု
စာမူ ဆုရ မေမေတစ်ယောက် ကျေးဇူးတင်လွှာ

သီတင်းကျွတ်တုန်းက လုပ်တဲ့ ကိုယ်ဝန်ဆောင်စဥ် ချဥ်ချင်းတပ်ခြင်း အကြောင်းကို သူငယ်ချင်းတစ်ယောက်ကလာပြတာနဲ့ ကိုယ်လဲ ဝင်ရေးဖြစ်သွားတယ် မထင်မှတ်ထားပဲ ဆုရတဲ့အထဲပါသွားလို့ တကယ်ဝမ်းသာမိပါတယ်။

နောက်ပြီး Hello ဆရာဝန် web ကိုလဲ ကျေးဇူးအရမ်းတင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မ အတွက်ပဲ ဖြစ်ဖြစ် အိမ်သားတွေအတွက်ပဲ ဖြစ်ဖြစ် တခုခုဖြစ်တာနဲ့ ဒီ web ကိုပဲလာလာပြီးပြေးကြည့်ရတာ ကိုယ်ဝန်ယူနေစဥ်ကာလရော ကိုယ်ဝန်ဆောင်ကာလတလျှောက်လုံးမှာကော

ဖြစ်သမျှ ကျန်းမာရေးလက္ခဏာဆို ဒီမှာပဲ ကြည့်ဖြစ်တာ

ဗိုက်ဘယ်နှစ်လမှာ ဘေဘီလေးကဘယ်လို ဘယ်အရွယ်အစား မွေးခါနီးလက္ခဏာတွေက ဘယ်လိုလဲ

ဝင်ဝင်ကြည့်ရတာအမော ဟော ကလေးမွေးလာတော့လဲ

မွေးကင်းစကလေး စောင့်ရှောက်ပုံ နို့တိုက်မိခင်ကျန်းမာရေး

အစားအသောက် လိင်မှုကိစ္စကအစ ဒီ web လေးထဲမှာပဲ

ဝင်ဝင်ကြည့်ရတာ တနေ့တာမှာ ဒီ web က မပါမဖြစ်ပါ

လူတိုင်းအတွက်လဲ အရမ်းအဆင်ပြေကြမယ်ထင်ပါတယ်နော်

0
17k
မှတ်ချက် 0 ခု
ကလေးမွေးပြီး ဘယ်လောက်ကြာရင် အတူပြန်နေလို့ရပြီလဲ။

ကလေးမွေးပြီး ဘယ်လောက်ကြာရင်ပြန်နေလို့ရပြီဆိုတဲ့ တိကျတဲ့ သတ်မှတ်ချက်တော့ မရှိပါဘူး။ ဒါပေမယ့် မေမေတွေကို အကြံပေးရရင်တော့ အနည်းဆုံး ၆ပတ် (၄၅ရက်)လောက်တော့ စောင့်သင့်ပါတယ်။ ခွဲပဲမွေးမွေး၊ ရိုးရိုးပဲမွေးမွေးပါ။ မွေးပြီးပြီးချင်း ၂ပတ်လောက်မှာ မွေးလမ်းကြောင်းက နုနယ်လွန်းတာ၊ စုတ်ပြဲထားတာတွေကြောင့် ပိုးဝင်လွယ်လို့ပါ။ မွေးလမ်းကြောင်း ချဲ့ထားတဲ့မေမေတွေဆို မိန်းမကိုယ်က နာနေနိုင်ပါတယ်။ ပြီးတော့ မေမေတွေအနေနဲ့လည်း ၄၅ရက်လောက် ကိုယ်ရောစိတ်ပါပင်ပန်းထားတာတွေကို အပြည့်အဝအနားယူဖို့ လိုပါတယ်။ ၄၅ရက်ကျော်လို့ ပြန်နေမယ်၊ ကလေးလည်း ထပ်မလိုချင်သေးဘူးဆိုရင် တားဆေးသုံးဖို့ မမေ့ပါနဲ့ မေမေတို့။

ကလေးမွေးပြီး ဘယ်လောက်ကြာရင် အတူပြန်နေလို့ရပြီလဲ။ ကလေးမွေးပြီး ဘယ်လောက်ကြာရင် အတူပြန်နေလို့ရပြီလဲ။ 
0
17k
မှတ်ချက် 0 ခု
ဆုရရှိသည့် ခံစားချက်

သားလေးအတွက် ပထမဆုံး ဗဟုသုတုလေ့လာရင်း ပြိုင်ပွဲပို့စ်လေးဖတ်မိတဲ့အခါ ပြိုင်ပွဲဝင်ဖို့ စာမူလေးရေးခဲ့တာပေါ့နော် ချဥ်ချင်းတက်တဲ့အကြောင်းတွေ မိခင်ကိုယ်ဝန်ဆောင်တွေလည်း အများကြီးပေါ့ ထူးထူးဆန်းဆန်းချင်ချဥ်းတက်တာတွေ ဖတ်ရင်း ကိုယ်တစ်ယောက်ထဲမဟုတ်ဘူးဆိုတာ သိလာရတယ် ပျော်စရာလည်းကောင်းပါတယ် ကိုယ်ရေးထားတဲ့စာလေးက ဆုရတဲ့အတွက်လည်း သားလေးအတွက် အမှတ်တရ တကယ်ဖစ်စေပါတယ်

ဒီ Hello ဆရာဝန် page လေးမှာ မိခင်နဲ့ ကလေးအတွက် ဗဟုသုတတွေရှိသလို လူတိုင်းအတွက် ကျန်းမာရေးဗဟုသုတတွေ အများကြီးအထောက်ကူဖစ်စေတဲ့ page လေးတစ်ခုဖစ်တာကြောင့် page ကိုလည်း ကျေးဇူးတင်သလို နောင်လာမဲ့ ပြိုင်ပွဲအစီစဥ်လေးတွေမှာလည်း ကိုယ်ဝန်ဆောင်မေမေတွေပါဝင်ပြီး ဆုတွေယူလို့ရကြောင်း တစ်ထောင့်တစ်နေရာကနေ တိုက်တွန်းပါတယ်နော်

0
17k
မှတ်ချက် 1 ခု