backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကင်ဆာမှရှင်သန်လာသူတွေ အသားဓါတ်ဘယ်လိုတိုးတက်အောင်လုပ်မလဲ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကင်ဆာမှရှင်သန်လာသူတွေ အသားဓါတ်ဘယ်လိုတိုးတက်အောင်လုပ်မလဲ

ရင်သားကင်ဆာ ခွဲစိတ်မှု၊ ကင်ဆာဆေးသွင်းကုသခြင်းနဲ့ ဓါတ်ရောင်ခြည်ကုသမှုတွေအပြီးမှာ သင့်ကိုယ်ခန္ဓါဟာ ပျက်စီးသွားတဲ့တစ်ရှူးတွေကို ပြန်ကောင်းအောင် လုပ်ဖို့နဲ့ ကိုယ်ခံအားစနစ်ကို တိုးတက်စေဖို့ ပရိုတင်းဓါတ်ကို လိုအပ်ပါတယ်။ အရိုးဆုံးနည်းတစ်ခုကတော့ သင့်အစားအသောက်တွေထဲကို ပရိုတင်းပိုမို ထည့်သွင်းခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့် ပရိုတင်း ဘယ်လိုပိုများအောင်စားသောက်ရမလဲဆိုတာ တွေးနေရင် ဒီဆောင်းပါးက ပရိုတင်းဓါတ်ပိုမိုရရှိဖို့ စားသောက်သင့်တဲ့ အစားအသောက်တွေကို ဖေါ်ပြသွားမှာဖြစ်ပါတယ်။

ချိစ်

ချိစ်တွေကို အသားညှပ်ပေါင်မုန့်၊ ပေါင်မုန့်၊ ကြက်ဥ၊ hot dogs၊ ဟမ်ဘာဂါ၊ အသီးအရွက်၊ အသား၊ ငါး၊ မုန့်တွေနဲ့အတူ စားသုံးနိုင်ပါတယ်။ ချိစ်ကို အမျှင်ဖြစ်အောင် ခြစ်ပြီး စွပ်ပြုတ်၊ ဆော့၊ ခေါက်ဆွဲနဲ့ အာလူးထောင်းတွေထဲကိုလည်း ထည့်သွင်းစားနိုင်ပါတယ်။

Cottage cheese ကို spaghetti (သို့) ခေါက်ဆွဲထဲကို ထည့်သွင်းတာပဲဖြစ်ဖြစ် သင်ကြိုက်သလို စားသောက်နိုင်ပါတယ်။

နွားနို့

တစ်နေကုန် ရေအစား နွားနို့ကို သောက်သုံးနိုင်ပါတယ်။ ချက်ပြုတ်ဖို့လည်း နွားနို့ကို သုံးနိုင်ပါတယ်။ နွားနို့ကို cocoa မှုန့်၊ cereals၊ ပူတင်းတွေနဲ့လည်း ရောပြီး စားသောက်နိုင်ပါတယ်။ အဆီနည်းတဲ့ (သို့) အဆီမပါတဲ့ နွားနို့တွေကို အဆီကို လျှော့ချဖို့ အသုံးပြုသင့်ပါတယ်။

အဆီမပါနဲ့ နွားနို့ခြောက်ကိုလည်း အစားအသောက်ထဲ ထည့်စားနိုင်ပါတယ်။ ပေါင်မုန့်၊ ဆော့၊ ခရင်မ်စွပ်ပြုတ်၊ custard၊ ပူတင်းနဲ့ ကိတ်မုန့်တွေမှာလည်း ပါဝင်ပစ္စည်း အဖြစ် အသုံးပြုနိုင်ပါတယ်။

ရေခဲမုန့်နဲ့ ဒိန်ချဉ်

ရေခဲမုန့် (သို့) ဒိန်ချဉ်ကို cereals၊ အသီး၊ မုန့်၊ နွားနို့ဖျော်ရည်တွေနဲ့အတူ စားနိုင်ပါတယ်။ သူတို့ကို အသားညှပ်ပေါင်မုန့်ကြားမှာ (သို့) ငှက်ပျောသီး၊ ဖရဲသီးတွေနဲ့ရောပြီး အသီးဖျော်ရည်လုပ်ခြင်းအားဖြင့်လည်း စားနိုင်ပါတယ်။

အခွံမာသီးနဲ့ အစေ့များ

အခွံမာသီးနဲ့အစေ့တွေကို ကိတ်မုန့်၊ ပန်ကိတ်၊ ပေါင်မုန့်နဲ့ ဝေဖာတွေမှာ ထည့်သွင်းနိုင်ပြီး ဒိန်ချဉ်၊ အသီး၊ ရေခဲမုန့်၊ ပေါင်မုန့်ကင်တွေနဲ့ အတူ စားနိုင်ပါတယ်။

အခွံမာသီးနဲ့ အစေ့တွေကို pasta sauce နဲ့ ခေါက်ဆွဲတွေ ပြုလုပ်ဖို့အတွက် သုံးနိုင်ပါတယ်။

ကြက်ဥ

ကြက်ဥပြုတ်ကို အစားအစာထဲကိုထည့်သွင်းသင့်ပါတယ်။ ကြက်ဥ၊ နို့၊သကြားတွေ ပေါင်းပြီး custard ပြုလုပ်နိုင်သလို အကျက်ပြုတ်ထားတဲ့ ကြက်ဥကို အသားညှပ်ပေါင်မုန့်ထဲမှာ ထည့်သွင်းနိုင်ပါတယ်။ ပူတင်း၊ ကြက်ဥကြော်နဲ့ ပန်ကိတ်တွေ ပြုလုပ်ရင် ကြက်ဥတွေကို တစ်ဥထက်ပိုပြီး အသုံးပြုနိုင်ပါတယ်။

အသား၊ ငါး

အစားအသောက်တွေထဲမှာ အသား၊ငါးတွေကို ပိုစားသင့်ပါတယ်။ ကင်ခြင်း၊ ပြုတ်ခြင်း၊ ပေါင်းခြင်း ပြုလုပ်ထားတဲ့ အသားတွေကို အာလူးနဲ့ မုန်လာဥနီနဲ့တူ စားနိုင်ပါတယ်။ ငါးကို စွပ်ပြုတ်တွေ၊ ကိတ်မုန့်တွေထဲကို ထည့်သွင်းနိုင်ပါတယ်။ အသားသီးသန့်တွေဟာ အဆီပါဝင်နှုန်းနည်းပါးပါတယ်။ အဆီကျချင်ရင် သူတို့တွေကို စားနိုင်ပါတယ်။

ပဲ၊ တို့ဖူး

ပဲနဲ့ တို့ဖူးတွေကို အီတလီခေါက်ဆွဲနဲ့ စွပ်ပြုတ်တွေမှာ အသုံးပြုနိုင်ပြီး အသားနဲ့အတူလည်း ချက်ပြုတ်နိုင်ပါတယ်။

ဖြည့်စွက်စာတွေနဲ့ ပရိုတင်း အမှုန့်

ဖြည့်စွက်စာတွေနဲ့ ပရိုတင်းအမှုန့်ဟာ အသုံးပြုရလွယ်ကူပြီး အရသာ ရှိပါတယ်။ သူတို့ကို မနက်စာစားချိန်မှာ သောက်နိုင်ပြီး ရေခဲမုန့်၊ နွားနို့တွေနဲ့လည်း ပေါင်းစပ် အသုံးပြုနိုင်ပါတယ်။

ပရိုတင်း ကြွယ်ဝတဲ့ အစားအသောက်တွေကတော့ ငါး၊ အသား၊ နွားနို့၊ အခွံမာသီးနဲ့ ပဲတွေပဲဖြစ်ပါတယ်။ ဒီအရာတွေက ဖြစ်လာတဲ့ အစားအသောက်တွေကို သင့် အစာတွေမှာ ထည့်သွင်းပေးခြင်းအားဖြင့် လိုအပ်တာထက်ပိုတဲ့ ပရိုတင်းဓါတ်ကို ရရှိမှာ ဖြစ်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement