backup og meta

ရင်သားကင်ဆာ အသားစယူခြင်း အကြောင်းသိကောင်းစရာ

ရင်သား အသားစယူတယ်ဆိုတာ ဘာလဲ။

ရင်သား အသားစယူခြင်းဟာ ရိုးရှင်းတဲ့ ကျန်းမာရေးဆောင်ရွက်မှု တစ်ခုဖြစ်ပြီး ရင်သားတစ်ရှူး တစ်စိတ်တစ်ပိုင်းကို ဖြတ်ထုတ်ပြီး ဓါတ်ခွဲခန်းမှာ စစ်ဆေးခြင်း ဖြစ်ပါတယ်။ Mayo Clinic အရ ရင်သားအသားစယူမှုဟာ သံသယဖြစ်ဖွယ် အကျိတ်တွေက ကင်ဆာ ဖြစ်မဖြစ်ဖေါ်ပြဖို့ အကောင်းဆုံး စစ်ဆေးမှု ဖြစ်တယ်လို့ ဆိုပါတယ်။

ရင်သားအကျိတ်တွေဟာ အမြဲတမ်းကင်ဆာ မဟုတ်ပါဘူး။ ရင်သားအကျိတ်တွေ ဖြစ်ပေါ်စေတဲ့ အခြေအနေတွေ အများကြီး ရှိပါသေးတယ်။ ရင်သားအသားစယူခြင်းဟာ ရင်သားအကျိတ်က ကင်ဆာလား ရိုးရိုးလားဆိုတာ သိရှိဖို့ ကူညီပေးမှာပါ။

ရင်သားအသားစ ယူခြင်းကို ဘာလို့ ဆောင်ရွက်ကြတာလဲ။

ရင်သားအသားစယူခြင်းကို များသောအားဖြင့် ရင်သားအကျိတ်ကို စစ်ဆေးဖို့ အသုံးပြုကြပါတယ်။ Mayo

clinic အရ ရင်သားအကျိတ်တွေဟာ ငါးယောက်မှာ တစ်ယောက်က ကင်ဆာဖြစ်နိုင်တာကြောင့် ကြောက်စရာကောင်းပါတယ်။ ဒါကြောင့် ရင်သားအသားစ ယူခြင်းဟာ အရေးကြီးပါတယ်။

သင့်ဆရာဝန်ဟာ mammogram သို့ Ultrasound မှာ သံသယဖြစ်ဖွယ် တွေ့ရင် (သို့) စမ်းသပ်စဉ် အကျိတ်တွေ့ရှိခဲ့ရင် အသားစယူနိုင်ပါတယ်။

အသားစယူခြင်းကို နို့သီးခေါင်း ပြောင်းလဲမှုတွေဖြစ်တဲ့ နို့သီးခေါင်းမှ သွေးထွက်ခြင်း၊ ချိုင့်ဝင်ခြင်း၊ အကြေးခွံဖြစ်ခြင်းတွေ တွေ့ရှိခဲ့ရင်လည်း ပြုလုပ်နိုင်ပါတယ်။ ဒါဟာ ရင်သားကင်ဆာရဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။

ရင်သားအသားစ ယူခြင်းရဲ့ ဖြစ်နိုင်တဲ့ ဆိုးကျိုးများ

ရင်သားအသားစယူခြင်းဟာ ရိုးရှင်းပြီး ဆိုးကျိုးနည်းပါးပေမယ့် အနည်းငယ်တော့ ရှိနိုင်ပါသေးတယ်။ ဖြစ်နိုင်ခြေ ရှိတဲ့ ရင်သားအသားစ ယူခြင်းရဲ့ ဆိုးကျိုးတွေကတော့

  • ရင်သား ပုံပန်းသဏ္ဍာန် ပြောင်းလဲခြင်း (ဖြတ်ထုတ်လိုက်တဲ့ တစ်ရှူး အရွယ်အစားပေါ်မူတည်ပြီး)
  • ရင်သားအညိုအမဲစွဲခြင်းနဲ့ ရောင်ရမ်းခြင်း
  • ဆေးထိုးထားတဲ့ နေရာမှာ နာကျင်ခြင်း
  • အသားစ ယူထားတဲ့ နေရာမှာ ရောဂါပိုးဝင်ခြင်း

အသားစယူပြီး ပြုစုစောင့်ရှောက်ဖို့အတွက် သင့်ဆရာဝန်တွေရဲ့ ညွှန်ကြားချက်ကို လိုက်နာသင့်ပါတယ်။ ဒါဟာ ရောဂါပိုးဝင်နှုန်းကို လျော့ကျစေမှာဖြစ်ပါတယ်။

ရင်သားအသားစယူခြင်းကြောင့် ဖြစ်တတ်တဲ့ ဆိုးကျိုးတွေဟာ ရှားပါးပြီး သူ့ ကောင်းကျိုးဖြစ်တဲ့ အကျိတ်က ကင်ဆာဖြစ်မဖြစ် ဖေါ်ပြနိုင်ခြင်းဟာ ဆိုးကျိုးတွေ ထက် ပိုပါတယ်။

ရင်သားကင်ဆာကို မြန်မြန်တွေ့ရှိလေလေ ကုသမှု မြန်မြန်စတင် နိုင်လေလေ ဖြစ်ပြီး အသက်ရှင်နိုင်မှုနှုန်း ပိုမို များပြားမှာ ဖြစ်ပါတယ်။

ရင်သားအသားစယူဖို့ ဘယ်လိုပြင်ဆင်မလဲ

ရင်သားအသားစမယူခင် သင်နဲ့ မတည့်တဲ့ အရာတွေကို သင့်ဆရာဝန်ကို ပြောပြသင့်ပါတယ်။ အထူးသဖြင့် ထုံဆေးတွေနဲ့ မတည့်ဘူးဆိုရင် ပြောပြသင့်ပါတယ်။ သင်သောက်နေတဲ့ဆေးတွေနဲ့ ဆေးဆိုင်က ဝယ်သောက်နေတဲ့ဆေးတွေဖြစ်တဲ့ aspirin တွေ အားဖြည့်စာတွေ အကြောင်းကိုလဲ ပြောပြသင့်ပါတယ်။ ဒါတွေက သွေးကြဲစေလို့ပဲ ဖြစ်ပါတယ်။

တကယ်လို့ သင့်ဆရာဝန်က MRI ရိုက်ခိုင်းတယ်ဆိုရင် ကိုယ်ခန္ဓါအတွင်းမှာ ထည့်ထားတဲ့ သတ္တုနဲ့ ပြုလုပ်ထားတဲ့အရာမျိုး (ဥပမာ pacemaker) ရှိရင် ပြောပြသင့်ပါတယ်။ သင့်မှာ ကိုယ်ဝန် ရှိနေရင် (သို့) ကိုယ်ဝန်ရှိနေနိုင်ရင်လည်း ပြောပြသင့်ပါတယ်။ ဒီစစ်ဆေးမှုဟာ လူကြီးတွေအတွက် လုံခြုံစိတ်ချရပေမယ့် မမွေးသေးတဲ့ ကလေးတွေအတွက်တော့ စိတ်ချရတယ်လို့ သတ်မှတ်ထားခြင်း မရှိပါဘူး။

တာဝန်ရှိသူတွေက ဆရာဝန်နဲ့ တွေ့စဉ်မှာ ဘရာဝတ်ဖို့ အကြံပေးပါလိမ့်မယ်။ ဒီ procedure ကို လုပ်ပြီးသွားရင် နာကျင်ခြင်းနဲ့ ရောင်ရမ်းခြင်းအတွက် ရေခဲကပ်ခြင်း ပြုလုပ်ပေးနိုင်ပါတယ်။ ဒါဆို သင့်ဘရာက ရေခဲတွေကို နေရာမရွေ့အောင် ကူညီပေးမှာဖြစ်ပါတယ်။

ရင်သားအသားစယူခြင်းကို ဘယ်လိုပြုလုပ်တာလဲ။

ရင်သားအသားစယူခြင်း မပြုလုပ်မီ ဆရာဝန်က ရင်သားကို စစ်ဆေးမှာဖြစ်ပါတယ်။ ဒါဟာ လူကိုယ်တိုင်စစ်ဆေးခြင်း၊ Ultrasound၊ mammogram၊ MRI ဖြင့် စစ်ဆေးခြင်းတွေ ပါဝင်ပါတယ်။

ဒီလို စစ်ဆေးမှု တစ်ခုခုထဲမှာ ဆရာဝန်ဟာ အပ်အသေး (သို့) ဝါယာကို အကျိတ်ဖြစ်တဲ့ နေရာကိုထည့်ပြီး နေရာသေချာ ရှာဖွေမှာဖြစ်ပါတယ်။ အကျိတ်ပတ်ပတ်လည်မှာ ထုံသွားဖို့ ထုံဆေးကို အသုံးပြုမှာဖြစ်ပါတယ်။

ရင်သားအသားစယူခြင်း အမျိုးအစားများ

ရင်သားအသားစယူခြင်း အမျိုးအစား အများကြီးရှိပါတယ်။

Fine Needle Biopsy

ဒီ ဆောင်ရွက်မှုအတွက် သင်ဟာ ခုတင်ပေါ်မှာ လဲလျောင်းဖို့ လိုအပ်ပြီး ခွဲစိတ်ဆရာဝန်က အပ်အသေးကိုအကျိတ်ထဲကို ထိုးထည့်ပြီး အသားစ စုပ်ယူမှာဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အထဲမှာ အရည်ပြည့်နေတဲ့ အကျိတ်လား (သို့) အခဲကျိတ်လားဆိုတာ ခွဲခြားနိုင်ပါတယ်။

Core Needle Biopsy

အပေါ်က ဆောင်ရွက်မှုလိုပဲ ဒီဆောင်ရွက်မှုကတော့ ပိုမို ကြီးတဲ့ အပ်ကိုအသုံးပြုပြီး အသားစ နေရာအနှံ့က ယူတာဖြစ်ပါတယ်။ တစ်ခါကို ဆန်စေ့တစ်စေ့လောက် ရှိတဲ့ ပမာဏနဲ့ယူတာဖြစ်ပါတယ်။

Stereotactic Biopsy

ဒီ procedure မှာတော့ အပေါက်ပါတဲ့ စားပွဲမှာ သင့်မျက်နှာကို အောက်စိုက်ထားရမှာဖြစ်ပါတယ်။ စားပွဲဟာ လျှပ်စစ်စီးနေပြီး အပေါ်ကို မလို့ရပါတယ်။ ဒီလိုပုံစံနဲ့ သင့်ရင်သားကို plates နှစ်ခုကြားမှာထားပြီး ဆရာဝန်က စားပွဲအောက်ကနေ အသားစယူမှာဖြစ်ပါတယ်။ သင့်ဆရာဝန်က အနည်းငယ် ခွဲကြောင်းပေးမှာဖြစ်ပြီး အပ် (သို့) vacuum-powered probe နဲ့ အသားစ ယူမှာဖြစ်ပါတယ်။

MRI-guided core needle biopsy

ဒီစစ်ဆေးမှုမှာတော့ အချိုင့်ပါတဲ့ စားပွဲပေါ်မှာ လူနာဟာ မျက်နှာအောက်ချပြီး လှဲနေရမှာဖြစ်ပါတယ်။ MRIစက်က ဆရာဝန်ကို အကျိတ်နေရာကို ညွှန်ပြမှာ ဖြစ်ပါတယ်။ ခွဲကြောင်း အသေးပြုလုပ်မှာဖြစ်ပြီး အသားစကို အဝကျယ်တဲ့ အပ်နဲ့ ယူမှာဖြစ်ပါတယ်။

ခွဲစိတ်ပြီး အသားစယူခြင်း

ဒီစစ်ဆေးမှုဟာ ခွဲစိတ်ပြီး အသားစယူတာဖြစ်ပါတယ်။ နောက်ပိုင်းမှာ အသားစကိုဓါတ်ခွဲခန်းကို ပို့ပြီး ဖယ်ရှားလိုက်တဲ့ ကင်ဆာကျိတ်တွေ ကို စစ်ဆေးမှာ ဖြစ်ပါတယ်။ သတ္တု marker တစ်ခုကို ရင်သားအတွင်းမှာ ထည့်ထားခဲ့မှာဖြစ်ပြီး နောက်ပိုင်းမှာ နေရာကို ပြန်လည် စစ်ဆေးနိုင်ဖို့ ဖြစ်ပါတယ်။

ရင်သားအသားစ ယူခြင်းပြီးရင်

ရင်သားအသားစ ယူခြင်းပြီးရင် သင်အိမ်ပြန်နိုင်ပါတယ်။ အသားစတွေကို ဓါတ်ခွဲခန်းကို ပို့မှာဖြစ်ပါတယ်။ သေချာ စစ်ဆေးဖို့ ရက်အနည်းငယ် ကြာမြင့်မှာ ဖြစ်ပါတယ်။

အသားစယူထားတဲ့နေရာကို သန့်ရှင်းအောက်ထားပြီး ပတ်တီးစတွေကို လဲပေးသင့်ပါတယ်။ အနာကို ဘယ်လို ဂရုစိုက်ရမလဲဆိုတာကို ဆရာဝန်က ပြောပြပေးမှာ ဖြစ်ပါတယ်။

တကယ်လို့ အဖျား ၁၀၀F (သို့) နီရဲခြင်း၊ ပူနွေးခြင်း၊ အရည်ထွက်ခြင်းတွေ အနာကနေ ဖြစ်ပေါ်ခဲ့တယ်ဆိုရင် ဆရာဝန်ကို ဆက်သွယ်သင့်ပါတယ်။ ဒါတွေဟာ ရောဂါပိုးဝင်ခြင်းရဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။

ရင်သားအသားစ ယူခြင်းရဲ့ အဖြေများ

သင့်အဖြေဟာ ရိုးရိုး၊ ကင်ဆာမဖြစ်ခင် (သို့) ကင်ဆာ ဆိုပြီး သုံးမျိုးဖြစ်နိုင်ပါတယ်။

တကယ်လို့ ကင်ဆာဆိုရင် ဘာကင်ဆာလဲဆိုတာ ဖေါ်ပြမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်တဲ့ ကင်ဆာ အမျိုးအစားတွေ ကတော့

  • Ductal carcinoma – ရင်သားရဲ့ ducts တွေက ဖြစ်တဲ့ ကင်ဆာ
  • Inflammatory breast cancer – ရင်သားကို ရောဂါပိုးဝင်တဲ့ ပုံစံနဲ့တူတဲ့ ရှားပါးတဲ့ ပုံစံတစ်မျိုး
  • Lobular carcinoma – lobules သို့ နို့ထုတ်လုပ်တဲ့ ဂလင်းတွေက ဖြစ်တဲ့ ကင်ဆာ
  • Paget’s disease – နို့သီးခေါင်းကို ထိခိုက်တဲ့ ကင်ဆာ

သင့်ဆရာဝန်ဟာ ကင်ဆာအမျိုးအစားနဲ့ ကုသမှုမှာ လိုအပ်တဲ့ အခြားအချက်အလက်တွေကို အသုံးပြုမှာဖြစ်ပါတယ်။ ကုသမှုတွေကတော့ အကျိတ်ဖယ်ရှားခြင်း၊ ဓါတ်ရောင်ခြည်ကုသခြင်း၊ ဆေးသွေးကုသခြင်းနဲ့ ဟော်မုန်းကုသခြင်း တွေပဲဖြစ်ပါတယ်။

ဒါပေမယ့် ကင်ဆာမဟုတ်တဲ့ အခြေအနေများစွာက ရင်သားအကျိတ်တွေကို ဖြစ်စေပါသေးတယ်။ သူတို့ကတော့

  • adenofibroma: ရင်သားမှာဖြစ်တဲ့ ရိုးရိုးအကျိတ်
  • fibrocystic breast disease: ဟော်မုန်းပြောင်းလဲမှုတွေကြောင့် ဖြစ်တဲ့ နာကျင်တဲ့ အကျိတ်
  • intraductal papilloma: သေးငယ်တဲ့ ရိုးရိုးအကျိတ်
  • mammary fat necrosis: ပျက်စီးသွားတဲ့ အဆီတစ်ရှူးတွေက ဖြစ်တဲ့ အကျိတ်

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.ucsfhealth.org/education/biopsy_for_breast_cancer_diagnosis/surgical_breast_biopsy/index.html

Breast Biopsy – open. (2011). National Library of Medicine – National Institutes of Health.

http://www.nlm.nih.gov/medlineplus/ency/article/003920.htm

Ultrasound-Guided Breast Biopsy. (2011). Mobile RadiologyInfo.org.

http://www.radiologyinfo.org/en/info.cfm?pg=breastbius http://www.radiologyinfo.org/en/info.cfm?pg=breastbius

ယခုပုံစံ

14/07/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရင်သားကင်ဆာ ရောဂါကို တိုက်ဖျက်ပေးမယ့် အကောင်းဆုံး အစားအသောက် ၇ မျိုး

ရင်သားကင်ဆာကုသမှုရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဘယ်လိုစီမံကြမလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 14/07/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement