backup og meta

ရင်သားကင်ဆာကုသမှုရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဘယ်လိုစီမံကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရင်သားကင်ဆာကုသမှုရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဘယ်လိုစီမံကြမလဲ

    ရင်သားကင်ဆာ ကုသမှုဟာ ခဏတာ ဆိုးကျိုးတွေနဲ့ ဆက်ဖြစ်တဲ့ ဆိုးကျိုးတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ ဆက်ဖြစ်နေတဲ့ ဆိုးကျိုးတွေဟာ သင့်ရင်သားကင်ဆာကို ကုသမှုအပြီးမှာ တိုးတက်မှု မရှိဘူးလို့ အထင်ရောက်စေပါတယ်။ ဆက်ဖြစ်နေတဲ့ ဆိုးကျိုးတွေဟာ ဘာတွေလဲဆိုတာနဲပ ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲဆိုတာကို ကြည့်ကြရအောင်။

    ပင်ပန်းနွမ်းနယ်ခြင်း

    ပင်ပန်းနွမ်းနယ်ခြင်းဟာ ရင်သားကင်ဆာ ကုသမှုရဲ့ အဖြစ်အများဆုံး ဆိုးကျိုးတစ်ခု ဖြစ်ပါတယ်။ လူနာဟာ တစ်ချိန်လုံး ပင်ပန်းနေတယ်လို့ ခံစားရမှာ ဖြစ်ပါတယ်။ ပင်ပန်းနွမ်းနယ်မှုဟာ လူနာကို ဘာမှမလုပ်ချင်အောင် တားမြစ်ထားပါတယ်။ သူတို့ဟာ အားအင် ကုန်ခမ်းသလို ခံစားရနိုင်ပြီး တစ်ချိန်လုံး အိပ်ချင်နေပါလိမ့်မယ်။ လူနာတွေဟာ တစ်ညလုံးအိပ်ထားမှသာ နောက်နေ့မှာ နေသာမှာ ဖြစ်ပါတယ်။ ဒါ့ပြင် သူတို့ဟာ စကားပြောခြင်းနဲ့ တွေးတောခြင်းတွေမှာ ဒုက္ခရောက်နိုင်ပါတယ်။

    ပင်ပန်းနွမ်းနယ်မှုကို တိုက်ဖျက်မယ့် ဆေးမရှိပါဘူး။ လူနာနဲ့ ဆရာဝန်ဟာ ဒီလက္ခဏာတွေကို သက်သာစေမယ့် နည်းလမ်းတွေကို ဆွေးနွေးနိုင်ပါတယ်။ ကျန်းမာစွာ စားသောက်ခြင်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းဟာ အကူအညီပေးပါတယ်။ ကျန်းမာစွာစားသောက်ခြင်းဟာ ရင်သားကင်ဆာ လူနာတွေကို နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လုပ်ဖို့ စွမ်းအင်တွေကို ဖြည့်ဆည်းပေးပါတယ်။ ဒါ့ပြင် အခြားနည်းတွေ ဖြစ်တဲ့ သီချင်းနားထောင်ခြင်းဟာလည်း ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေပါတယ်။ ဘဝတူသူတွေကို စုစည်းထားတဲ့ အုပ်စုမှာ ပါင်ခြင်းဟာလည်း တစ်ယောက်နဲ့ တစ်ယောက် အတွေ့အကြုံတွေနဲ့ နည်းပညာတွေကို ဝေမျှနိုင်ပါတယ်။

    ရင်သားပြောင်းလဲမှုများ

    ရင်သားကင်ဆာ ခွဲစိတ်မှု အပြီးမှာ ရင်သားကို တစ်စိတ်တစ်ပိုင်း (သို့) အကုန်လုံး ဖယ်ရှားလိုက်ပါတယ်။ ရင်သားကင်ဆာ ခွဲစိတ်မှုဟာ အာရုံကြော တစ်ရှူးတွေကို ပျက်စီးမှု ဖြစ်ပေါ်စေပြီး neuropathic pain ကို ဖြစ်ပေါ်စေပါတယ်။

    တကယ်လို့ ရင်သားဖယ်ထုတ်မှုအပြီးမှာ လူနာတွေဟာ ရင်သားပုံစံကို တိုးတက်စေချင်တယ်ဆိုရင် ရင်သားပြန်လည်တည်ဆောက်တဲ့ ခွဲစိတ်မှုကို စဉ်းစားနိုင်ပါတယ်။ ဒီခွဲစိတ်မှုမှာ ခွဲစိတ်ဆရာဝန်တွေဟာ ရင်သားပုံစံကို ပြန်လည် ဖန်တီးပေးမှာ ဖြစ်ပါတယ်။ ဒါဟာ သဘာဝမဟုတ်ပေမယ့် ရင်သားအစစ်နဲ့ ဆင်တူပါတယ်။

    ရင်သားကင်ဆာ လူနာတွေဟာ ရင်သား၊ ပြန်ရည်ကျိတ်နေရာတွေနဲ့ ရင်ဘတ်နံရံတွေမှာ နာကျင်မှုကို ခွဲစိတ်ပြီး နှစ်ပေါင်းများစွာ ကြာအောင် နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ရင်သားအရေပြားဟာ ထူလာပြီး ခံစားမှုဧာလည်း ပြောင်းလဲ လာနိုင်ပါတယ်။ နာကျင်မှု အတွက် ဆေးတွေနဲ့ နှိပ်နယ်ပေးခြင်းဟာ နာကျင်မှုကို အချို့ူတွေမှာ လျော့ကျစေပါတယ်။

    အဆုတ်ပြဿနာများ

    တခါတလေမှာ ကုသမှု တစ်ပတ်လည်မှာ ရှိတဲ့ အဆုတ် အစိတ်အပိုင်းအချို့ဟာ ဓါတ်ရောင်ခြည် ကုသမှု၊ ကင်ဆာဆေးသွင်းကုသမှု၊ ဟော်မုန်းကုသမှုနဲ့ ပစ်မှတ်ထားကုသမှု အပြီးမှာ ထိခိုက်နိုင်ပါတယ်။ သူဟာ ရောင်လာနိုင်ပြီး မောခြင်းနဲ့ ချောင်းခြောက်ဆိုးခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ချောင်းဆိုးတာ မပျောက်ရင် (သို့) မောခြင်းတွေ မကြာခဏ ဖြစ်နေရင် သတိထားသင့်ပါတယ်။

    အဆုတ်ထဲမှာ သွေးခဲရောက်သွားရင် ဒီပြဿနာဟာ ပြင်းထန်နိုင်ပါတယ်။

    အဆုတ် ပြဿနာတွေ ရင်ဆိုင်နေရတဲ့ ရင်သားကင်ဆာ ဝေဒနာသည်တွေဟာ ဆရာဝန်ကို ပြောပြသင့်ပါတယ်။ သူတို့က သင့်လျော်တဲ့ ဆေးတွေကို ညွှန်ပေးနိုင်ပါတယ်။

    မျိုးဆက်ပွား ဆိုင်ရာ လုပ်ငန်းဆောင်တာများ

    ရင်သားကင်ဆာကုသမှုဟာ သားဥအိမ် လုပ်ငန်းဆောင်တာကို ထိခိုက်စေနိုင်ပါတယ်။ ဒါဟာ ကိုယ်ခန္ဓါက သားဥထုတ်လုပ်ခြင်းကို တားမြစ်ပေးနိုင်ပြီး ရာသီ မမှန်ဖြစ်စေနိုင်ပါတယ်။ ရင်သားကင်ဆာ ကုသမှုဟာ အမျိုးသမီးတွေကို စောစီးစွာ သွေးဆုံးနိုင်စေပါတယ်။ ဒါကြောင့် ကုသမှု ပြီးဆုံးရင် သူတို့ကိုယ်ဝန် ရရှိနိုင်ဖို့ဟာ နည်းပါးနိုင်ပါတယ်။

    တကယ်လို့ ရင်သားကင်ဆာ ကုသမှု အပြီးမှာ ကိုယ်ဝန်ရချင်တယ်ဆိုရင် ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ သူတို့ဟာ သားဥတွေကို နောက်ပိုင်းမှာ မျိုးစပ်ဖို့ ကြိုတင်သိမ်းထားခြင်းကို အကြံပေးကောင်း ပေးနိုင်ပါတယ်။ ဒါမှ မဟုတ် လူနာတွေဟာ fertility preservation နည်းလမ်းတွေကို အသုံးပြုသင့်ပါတယ်။

    အရိုးကျန်းမာရေး

    ရင်သားကင်ဆာအတွက် ဆေးသွင်းကုသမှုဟာ အရိုးကျန်းမာရေးကို ထိခိုက်စေပါတယ်။ လူနာတွေဟာ နောက်ပိုင်းမှာ အရိုးပွခြင်းကို ပိုမိုဖြစ်ပွားနိုင်ပါတယ်။

    ရင်သားကင်ဆာ ကုသမှုဟာ သားဥအိမ်တွေက estrogen ထုတ်လုပ်မှုကို လျော့ကျစေတာကြောင့် အရိုးသိပ်သည်းဆကို လျော့ကျစေပါတယ်။ ကုသမှု မတိုင်ခင်နဲ့ ကုသမှု အပြီးမှာ သင့်အရိုးကျန်းမာရေးအတွက် ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    တကယ်လို့ လူနာတွေမှာ အရိုးပွ ရောဂါ ရှိနေရင် ဆေးကုသနိုင်ပါတယ်။ အရိုးသိပ်သည်းဆကို ပုံမှန် စစ်ဆေးသင့်ပြီး ကျန်းမာတဲ့ အစားအစာတွေ ဖြစ်တဲ့ calcium နဲ့ ဗီတာမင် ဒီပါဝင်တဲ့ အစားအစာတွေကို စားသင့်ကာ လေ့ကျင့်ခန်းလည်း လုပ်သင့်ပါတယ်။

    ရင်သားကင်ဆာ ကုသမှုဟာ ဆိုးကျိုးတွေ အများကြီးကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒီဆိုးကျိုးတွေဟာ ကုသမှု ပြီးသွားရင်တောင်မှ လူနာရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါပေမယ့် ဒါတွေကို ထိန်းချုပ်နိုင်ပြီး အသက်ရှည်ကြာစွာနေထိုင်နိုင်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement