backup og meta

ရင်သားကင်ဆာနှင့် ထိခိုက်မှုအနည်းဆုံး အသားစယူစစ်ဆေးခြင်း

ရင်သားကင်ဆာနှင့် ထိခိုက်မှုအနည်းဆုံး အသားစယူစစ်ဆေးခြင်း

ရင်သားကင်ဆာအတွက် ရောဂါရှာဖွေမှု အဆုံးသတ်အဖြစ် အသားစယူစစ်ဆေးနိုင်ပါတယ်။ အဲဒီအတွက် ခွဲစိတ်ခြင်းဟာအမြဲမလိုပါဘူး။ အသားစစစ်ဆေးရာမှာထိခိုက်မှုအနည်းဆုံးနည်းလမ်းကိုအသုံးပြုနိုင်သလားဆိုတာ ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။

ထိခိုင်မှုအနည်းဆုံးအသားစယူစစ်ဆေးခြင်းဟာခွဲစိတ်ကုသခြင်းမဟုတ်ပါဘူး။ ရင်သားခွဲစိတ်ခြင်းထက် ပိုသာလွန်တဲ့ အချက်တွေကတော့

  • အနာရွတ်အသေးဆုံးဖြစ်စေခြင်း
  • နာကျင်မှုသက်သာခြင်း
  • ခွဲစိတ်ပြီးနောက် ရောဂါပိုးဝင်ရောက်မှု မခံစားနိုင်ခြင်း
  • အချိန်ကြာကြာမယူရခြင်းစတာတွေဖြစ်ပါတယ်။

အသားစယူခြင်းအမျိုးမျိုးရှိပါတယ်။

၁။ အပ်သေးသေးဖြင့်စုပ်ယူခြင်း

ထိခိုက်မှုအနည်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဆရာဝန်ဟာ ရောဂါဖြစ်တဲ့နေရာကိုပိုးသန့်စင်ထားတဲ့အပ်နဲ့ ထိုးသွင်းပြီးကင်ဆာဖြစ်နေတဲ့ အသားစကိုထုတ်ယူပါလိမ့်မယ်။

၂။ ကိုးရ်အပ်ဖြင့်အသားစယူခြင်း

ပထမအမျိုးအစားနဲ့ သဘောတရားတူပါတယ်။ အပ်အမျိုးအစားပိုကြီးလာတာပဲကွာပါတယ်။

၃။ လေစုပ်ခွက်အကူဖြင့် အသားစယူခြင်း

ဒီနည်းလမ်းမှာအပ်ကနေတဆင့် အရည်နဲ့ ဆဲလ်တွေ ပိုပြီးထွက်လာအောင် စုပ်ယူတဲ့ကိရိယာကိုသုံးပါတယ်။ ဒီနည်းဟာအသားစနမူနာရဖို့ အပ်ကိုအကြိမ်ကြိမ် ထိုးသွင်းနေရမှုကိုလျှော့ချပေးပါတယ်။

၄။ ရုပ်လုံးပေါ်နည်းဖြင့် အသားစယူခြင်း

ဒီနည်းလမ်းမှာပုံရိပ်ကိုကြည့်ခြင်းအားဖြင့် ဆရာဝန်ဟာ အပ်ကိုလိုချင်တဲ့နေရာထိုးသွင်းနိုင်အောင် နေရာအတိအကျ သိစေနိုင်ပါတယ်။ ပုံရိပ်ဖော်ဖို့အတွက် ultrasound ဒါမှမဟုတ် MRIကိုအသုံးပြုပါတယ်။ Ultrasound ဟာရင်သားထဲကပုံရိပ်ကိုမှတ်တမ်းတင်နိုင်အောင် အသံလှိုင်းတွေကိုအသုံးချပါတယ်။ ဒီနည်းနဲ့စစ်ဆေးရာမှာစမ်းသပ်ခုတင်ပေါ် လှဲနေရပါမယ်။ စစ်ဆေးမယ့် နေရာကိုအဆီရည်တမျိုးနဲ့ သုတ်လိမ်းပါလိမ့်မယ်။ ပြီးတဲ့နောက် စမ်းသပ်ကိရိယာတခုနဲ့ ဖိထောက်ပြီးစမ်းပါလိမ့်မယ်။

တခါတရံမှာ ဆရာဝန်ဟာ ရင်သားပုံရိပ်ဖော်စက်နဲ့ စမ်းသပ်ပေးပါလိမ့်မယ်။ အဲဒီအခါမှာအထူးပုံစံထုတ်ထားတဲ့ စားပွဲပေါ်မှာဗိုက်ကိုအပ်ထားပြီးလှဲနေရပါမယ်။ အဲဒီအခါ ရင်သားဟာအသားစထုတ်ယူရန် လွယ်ကူတဲ့အနေအထားကိုရောက်စေပါတယ်။ မှောက်နေရတာသက်တောင့်သက်သာမရှိရင် ကုလားထိုင်ပေါ်မှာမတ်မတ်ထိုင်နိုင်ပါတယ်။

အသားစထုတ်ယူခြင်းအတွက် ထုံဆေးလိုပါလိမ့်မယ်။ ပြိးတဲ့အခါ ဆရာဝန်ဟာ ပုံရိပ်ဖော်ခြင်းအကူအညီနဲ့ အပ်မှတဆင့် ပုံမှန်မဟုတ်တဲ့ အသားစကိုထုတ်ယူပါတယ်။ အသားစနမူနာကိုပိုးသန့်စင်ထားတဲ့ အပ်ကတဆင့် ယူပါတယ်။ အဆင့်အားလုံးပြီးတဲ့အခါ ဆရာဝန်ဟာ ရောဂါပိုးဝင်ခြင်းကိုကာကွယ်ဖို့ သင့်အရေပြားပေါ်ကိုပိုးသေစေတဲ့ ပတ်တီး၊ ပလာစတာစတာတွေနဲ့ ဖုံးအုပ်ပေးပါလိမ့်မယ်။

နောက်တဆင့်မှာတော့ သင့်ဆီကအသားစကိုဓါတ်ခွဲခန်းဆီပို့ပါလိမ့်မယ်။ ကျွမ်းကျင်သူတွေဟာအနုစိတ်စစ်ဆေးပြီးကင်ဆာဆဲလ်ရှိမရှိရှာဖွေပေးပါလိမ့်မယ်။ တပတ်လောက်ကြာတဲ့အခါ ရင်သားကင်ဆာ ဖြစ်ပွားခြင်းရှိမရှိကိုအတည်ပြုပေးပါလိမ့်မယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Breast Cancer and Minimally Invasive Biopsy.

http://www.webmd.com/breast-cancer/guide/minimally-invasive-biopsy?page=1#1

Assessed October 17, 2016

ယခုပုံစံ

10/01/2022

Written by Dr. Thant Zin

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဖျက်ချခြင်းက ရင်သားကင်ဆာဖြစ်စေနိုင်သလား

ရင်သားအလှပြုပြင်ခွဲစိတ်ခြင်း ရဲ့ဆိုးကျိုးများ


Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


10/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement