backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ရင်သားကင်ဆာခွဲစိတ်ဆရာဝန်ကို မေးရမည့် မေးခွန်း(၁၀)မျိုး

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Kaung Thar မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ရင်သားကင်ဆာခွဲစိတ်ဆရာဝန်ကို မေးရမည့် မေးခွန်း(၁၀)မျိုး

ရင်သားကင်ဆာခွဲစိတ်မှုသည် စိုးရိမ်ရသောလုပ်ဆောင်မှုတစ်ခုဖြစ်ကာ ကျွမ်းကျင်သည့် ဆရာဝန်နှင့် လေးလေးနက်နက်ဆွေးနွေးဖို့ လိုပါသည်။ မခွဲစိတ်ခင် သင့်ဆရာဝန်နှင့် လေးလေးနက်နက်ဆွေးနွေးရန် အနည်းဆုံး၁ခေါက်လောက် ချိန်းဆိုသင့်သည်။

သို့သော်တွေ့ရှိရချိန်သည် တိုတောင်းနိုင်ပါသည်။ သင့်အတွက် အကောင်းဆုံးဖြစ်နေရန် အပြည့်အဝပြင်ဆင်ပြီးမှလာဖို့အရေးကြီးသည်။

အကယ်၍သင်သည် ဘာမေးရမည်ကိုမသေချာလျှင် သင့်ပိုက်ဆံအိတ်ထဲ ထည့်ထားရမည့်မေးခွန်း၁၀ခုမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ ဘာကြောင့်ခွဲစိတ်ဆရာဝန်က ဒီလုပ်ဆောင်ချက်ကို ထောက်ခံတာလဲ။

ပထမဆုံးသင့်ဆီမှာ ဆရာဝန်တစ်ယောက် ရှိနေရခြင်းမှာ ကျွမ်းကျင်သူ၏ အကြံပြုချက်ကို သင်လိုအပ်သောကြောင့်ဖြစ်သည်။ သို့သော် အကြံပြုချက်၏ အကြောင်းရင်းများသည်လည်း သူတို့ဘာကို အကြံပြုသလဲဆိုသည်နှင့် အတူတူ အရေးကြီးပါသည်။

၂။ သင့်အတွက် ရွေးချယ်နိုင်သည့် နည်းလမ်းတွေက ဘာတွေလဲ။

သင့်အခြေအနေပေါ်မူတည်၍ သင့်ကို ကုသရမည့်လမ်းညွှန်ချက်များ ပေးပါလိမ့်မည်။ သင့်အနေနှင့် သင့်တော်သည့် ဆုံးဖြတ်ချက်ပြုလုပ်နိုင်ရန် ရွေးချယ်နိုင်သည့် အခွင့်အလမ်းအားလုံးကို သိရှိထားရန်လိုအပ်ပါသည်။

၃။ နည်းလမ်းများ၏ ကောင်းကျိုးများနှင့် ဆိုးကျိုးများက ဘာတွေလဲ။

ကင်ဆာဖြစ်လျှင် မည်သည့်ကုသမှုမဆို ဆိုးကျိုးများရှိပါသည်။ ထိုဆိုးကျိုးများကို သိထားခြင်းအားဖြင့် ရွေးချယ်သည့်အခါ တစ်ခုနှင့် တစ်ခု ချိန်ဆနိုင်မည်ဖြစ်သည်။

၄။ သင်ဘာတွေပြင်ဆင်ဖို့ လိုသလဲ။

ခွဲစိတ်ခြင်းတွင် ပြင်ဆင်စရာများစွာလိုအပ်ပါသည်။ အသေးစိတ်ပို၍ပြင်ဆင်လေ ပိုကောင်းသော ရလဒ်ကို ရရှိနိုင်မည်ဖြစ်သည်။ အကယ်၍သင်သည် ဘာတွေလုပ်ဖို့လိုအပ်သည်ကို ခေါင်းရှုပ်နေပါက လုပ်ရမည့်စာရင်းကို တောင်းနိုင်သည်။

၅။ မျှော်လင့်ချက်တွေက ဘာတွေလဲ။

အားလုံးသည် ကုသမှုကို မတူသောနည်းများဖြင့် တုန့်ပြန်ကြလိမ်မည်။ သို့သော်လည်း မည်သည့် အပြောင်းအလဲဖြစ်ပျက်နိုင်သည်ကို သင်သိထားရမည်။ အဖြေဘယ်လိုထွက်လာမည်ကိုသာ စောင့်ကြည့်ရမည် ဖြစ်သည်။

၆။ အချိန်ဘယ်လောက်သင်လိုသလဲ။

ခွဲစိတ်မှုတိုင်း အနားယူဖို့လိုအပ်ပါသည်။ သင်သည် ခန့်မှန်းခြေ သတ်မှတ်ကာလတစ်ခုကိုသိသင့်သည်။ သို့မှသာ သင့် အလုပ်နှင့် အခြားအစိတ်အပိုင်းများကို ဂရုစိုက်နိုင်မည်ဖြစ်သည်။

၇။ သင့်ခွဲစိတ်ဆရာဝန်သည် မည်မျှအတွေ့အကြုံရှိသလဲ။

ကျွမ်းကျင်သူတစ်ယောက်ကို သူတို့မည်မျှတော်ကြောင်းမေးရန် မသင့်တော်ပါ။ သို့သော် သင့်ဘဝကို တစ်စုံတစ်ယောက်၏ လက်ထဲထည့်ရတော့မည်ဆိုလျှင် အလွန်ကောင်းမွန်သော လက်တစ်စုံအဖြစ်သေချာရန် ပြုလုပ်ရပါမည်။

၈။ သင့်အာမခံက မည်မျှအကာအကွယ် ပေးနိုင်သလဲ။

ရင်သားကင်ဆာတိုက်ခိုက်ခြင်းသည် ရှည်လျားသော အပြေးပြိုင်ပွဲဖြစ်သည်။ သင့်ခရီးအတွက် ပိုက်ဆံအမြောက်အမြားလိုအပ်သည်။ အကယ်၍သင့်တွင် အာမခံရှိပါက ကောင်းပါသည်။ သို့သော် အာမခံက အရာအားလုံးအတွက်တော့ စိုက်ထုတ်ကုန်ကျခံခြင်းမရှိပါ။ ငွေကြေးဖြင့် ပြင်ဆင်ထားခြင်းသည်လည်း အရေးကြီးပါသည်။

၉။ အကယ်၍ သင်အကူအညီလိုအပ်ပါက ဘယ်မှာရှာဖွေနိုင်သလဲ။

ရင်သားကင်ဆာသည် သင့်အပေါ်တွင် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ သက်ရောက်မှုရှိပါလိမ့်မည်။ သင့်မိသားစုမှ သူတို့တတ်နိုင်သလောက် ကူညီပါလိမ့်မည်။ သို့သော် တစ်ခါတစ်ရံတွင် ကင်ဆာမရှိသည့် လူများ နားမလည်နိုင်သည် အရာများရှိသည်။ သင့်ဆရာဝန်မှ အထူးကုထုံးပညာရှင်(သို့) အားပေးသည့်အဖွဲ့သို့ လွှဲပြောင်းပေးနိုင်သည်။

၁၀။ အကယ်၍သင်သည် သင်၏ရင်သားပြန်လည်ပြုပြင်လိုလျှင် ဘယ်လိုလုပ်ရမလဲ။

အကယ်၍ သင်သည် ရင်သားပြန်လည်ပြုပြင်သည့် ခွဲစိတ်မှုကို စဉ်းစားနေပါက သင့်ဆရာဝန်ကို ဒီနေရာအတွက် အကြံပြုချက်ပေးရန် တောင်းဆိုနိုင်သည်။

အထက်ပါမေးခွန်းများသည် သင့်ချိန်းဆိုမှုတွင် မေးရန် နောက်ခံအကြံဉာဏ်များဖြစ်နိုင်မည်ဟု မျှော်လင့်ပါသည်။ အကယ်၍ အခြားသာကများရှိနေသေးပါက ၎င်းတို့ကို ရေးချလိုက်ပါ။ ဆရာဝန်၏ရုံးခန်းက စူးစမ်းမေးမြန်းခြင်းကို အမြဲကြိုဆိုနေပါသည်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Kaung Thar မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement