ဆီးအိမ်ကင်ဆာ

ဆီးအိမ်ကင်ဆာဆိုတာ အဖြစ်များတဲ့ ကင်ဆာတစ်မျိုးပါ။ ဆီးအိမ်ရဲ့ အတွင်းနံရံဆဲလ်တွေကနေ စဖြစ်လာပါတယ်။ ဖြစ်ရတဲ့ အကြောင်းရင်းတွေ၊ ဖြစ်နိုင်ခြေ များတဲ့သူတွေ၊ ကာကွယ်နည်းနဲ့ ကုသနည်းတွေကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးအိမ်ကင်ဆာ

ဆီးအိမ်ကင်ဆာ (Bladder Cancer)

ဆီးအိမ်ကင်ဆာ (Bladder Cancer) အကြောင်း လေ့လာလိုက်ရအောင်နော်။ အဓိပ္ပါယ်ဖွင့်ဆိုချက် ဆီးအိမ်ကင်ဆာ (Bladder Cancer) ကဘာလဲ။ ဆီးအိမ်ကင်ဆာ ဆိုသည်မှာဆီးများကိုသိုလှောင်သောတင်ပဆုံနေရာရှိ ပူဖေါင်းပုံဆီးအိမ် တွင် ဖြစ်ပွားသောကင်ဆာတစ်မျိုး ဖြစ်ပါသည်။ ဆီးအိမ်ကင်ဆာသည် ဆီးအိမ်အတွင်းနံရံကိုကာထားသောဆဲလ်များတွင် စတင်ဖြစ်ပွားလေ့ရှိပါသည်။ ဆီးအိမ်ကင်ဆာ အများစုသည် ကုသ၍လွယ်သောအစောပိုင်းအဆင့်တွင် ရောဂါ အဖြေရှာသိရှိနိုင်ပါသည်။ သို့သော် အစောပိုင်းအဆင့်ဆီးအိမ် ကင်ဆာသည်လည်း ထပ်မံဖြစ်ပွားနိုင်ပါသည်။ ထို့ကြောင့် ဆီးအိမ်ကင်ဆာ ပျောက်ကင်းသူမျာသည် နောက်ဆက်တွဲ စစ်ဆေးမှုများကိုရောဂါပျောက်ပြီး နှစ်အနည်းငယ် ကြာသည် အထိ ပြုလုပ်ရန် လိုအပ်ပါသည်။ ဆီးအိမ်ကင်ဆာ (Bladder Cancer) က ဘယ်လောက်အဖြစ်များသလဲ ဆီးအိမ်ကင်ဆာသည် မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်ပွားနိုင်သော်လည်းအသက်ကြီးသောလူများတွင် ပိုဖြစ်ပွားတတ်ပါသည်။ အမျိုးသားကျန်းမာရေးအဖွဲ့အစည်းအရတစ်နှစ်တွင် အမျိုးသား ၄၅၀၀၀ နှင့် အမျိုးသမီး ၁၇၀၀၀ သည် ဤရောဂါ ဖြစ်ပွားပါသည်။ သို့သော်လည်း အန္တရာယ် ရှိသောအချက်များကိုလျော့ချခြင်းအားဖြင့် ရောဂါကိုထိန်းချုပ် နိုင်ပါသည်။ ပိုမိုသောအချက် အလက် […]

advertisement
advertisement