backup og meta

လေဖြတ်နိုင်ခြေမြင့်စေသည့် အကြောင်းရင်းများကို သိပါသလား


Dr. Thant Zin မှ ရေးသားသည်။ · 31/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လေဖြတ်နိုင်ခြေမြင့်စေသည့် အကြောင်းရင်းများကို သိပါသလား

    ဘယ်သူမဆို အသက်အရွယ်မရွေး လေဖြတ်နိုင်ပါတယ်။ သင့်မှာ လေဖြတ်နိုင်ခြေမြင့်စေတဲ့ အကြောင်းတွေ ရှိနေရင် ဖြစ်နိုင်ခြေ ပိုများပါတယ်။ သင့်ကိုယ်သင်နဲ့ သင်ချစ်ခင်သူတွေကို လေဖြတ်ခြင်းက ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ဖြစ်ပွားနိုင်ခြေ အန္တရာယ်တွေကို နားလည်ပြီး လုပ်ဆောင်သင့်တာတွေ လုပ်ဆောင်ဖို့ပါပဲ။

    လေဖြတ်နိုင်ခြေမြင့်စေသည့် အကြောင်းရင်းများ

    အသက်အရွယ်။ အသက် ၅၅နှစ်ကျော်ရင် တခြား အသက်အရွယ်တွေထက် လေဖြတ်နိုင်ခြေ နှစ်ဆရှိပါတယ်။ လေဖြတ်ခြင်းဟာ သက်ကြီးပိုင်းတွေမှာ အဖြစ်များပေမယ့် အသက် ၅နှစ်အောက်မှာလည်း ဖြစ်တတ်ပါတယ်။

    မိသားစုရာဇဝင်။ သင့်မိသားစုဝင်တဦးဦး လေဖြတ်ဖူးရင် သင့်မှာလည်း ဖြစ်ပွားနိုင်ခြေ များပါတယ်။ အချို့သော လေဖြတ်ခြင်းမျိုးဟာ မျိုးရိုးဗီဇပြသနာကြောင့် ဖြစ်ပါတယ်။ ဥပမာ Cerebral Autosomal Dominant Arteriopathy ဖြစ်ပြီး Sub-cortical Infarcts နဲ့ Leukoencephalopathy (CADASIL) ရတာမျိုး ဖြစ်ပါတယ်။ အဲဒီအခြေအနေမှာ မျိုးရိုးဗီဇပုံပြောင်းခြင်းကြောင့် ဦးနှောက်ထဲက သွေးကြောတွေကို ပျက်စီးစေပြီး သွေးစီးဆင်းမှုကို ရပ်တန့်စေတာဖြစ်ပါတယ်။ CADASIL ဖြစ်သူတွေမှာ မိသားစုရာဇဝင်ရှိတတ်ပြီး မိဘတွေမှာဖြစ်ရင် သားသမီးတွေမှာပါဖြစ်ဖို့ ၅၀% ရှိပါတယ်။

    လူမျိုး။ အာဖရိကန်-အမေရိကန်တွေဟာ ကော့ကေးရှန်းတွေထက်စာရင် လေဖြတ်နိုင်ခြေ များပါတယ်။ လူမည်းတွေမှာတော့ သွေးတိုး၊ ဆီးချိုနဲ့ အဝလွန်ခြင်းတွေ ဖြစ်နိုင်ခြေများပါတယ်။

    ကျား/မ။ နှစ်စဉ်နှစ်တိုင်း အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုပြီး လေဖြတ်ရောဂါ ခံစားရပြီး သေဆုံးမှုမှာလည်း အမျိုးသမီးတွေက များပါတယ်။ တားဆေးသုံးခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ ကိုယ်ဝန်ဆောင် သွေးတိုးဖြစ်ခြင်းနဲ့ ကိုယ်ဝန်ဆိပ်တက်ခြင်း၊ ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ သွေးဆုံးပြီး ဟော်မုန်းဆေးများ သောက်သုံးနေရခြင်းဟာ အမျိုးသမီးတွေအတွက် လေဖြတ်နိုင်ခြေကို များစေပါတယ်။ ပိုပြီးအတိအကျ သိရအောင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

    လေမဖြတ်မီ၊ ယာယီလေဖြတ်ခြင်းနှင့် နှလုံးထိခိုက်ခြင်း။ လေဖြတ်နိုင်ခြေတခုခု ရှိထားသူဟာ မရှိသူတွေထက်စာရင် အဆများစွာ ဖြစ်နိုင်ခြေ ရှိပါတယ်။ ယာယီလေဖြတ်ခြင်းဟာ အမြဲတမ်းထိခိုက်ပျက်စီးခြင်း ဖြစ်သွားတာ မဟုတ်ပေမယ့် လေဖြတ်ခြင်းကို သတိပေးနေတဲ့ အခြေအနေဖြစ်ပါတယ်။ ယာယီလေဖြတ်ခြင်းဟာ လေဖြတ်ခြင်းရဲ့ သေချာတဲ့ ရှေ့ပြေးလက္ခဏာဖြစ်ပါတယ်။

    မှတ်ချက်။ ယာယီလေဖြတ်ခြင်းကို ကြုံဖူးသူတွေဟာ အသက်အရွယ် ကျား/မ တူတဲ့ လူတွေနဲ့ယှဉ်ရင် ၁၀ ဆ ပိုပြီး လေဖြတ်နိုင်ခြေ ရှိပါတယ်။ ယာယီလေဖြတ်ခြင်းကို သတိပြုမိပြီး ကုသခြင်းဟာ အဓိကလေဖြတ်ခြင်း ဖြစ်နိုင်ခြေကို လျော့ကျနိုင်စေပါတယ်။ ယာယီလေဖြတ်ခြင်းကို အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ပြီး တတ်ကျွမ်းနားလည်သူတွေနဲ့ ချက်ချင်းပြသသင့်ပါတယ်။ နှလုံးထိခိုက်မှု ဖြစ်ဖူးရင်လည်း လေဖြတ်နိုင်ခြေ များပါတယ်။

    တချို့သော ဖြစ်နိုင်ခြေ အကြောင်းရင်းတွေ ဥပမာ- အသက်အရွယ်၊ မိသားစုရာဇဝင်စတာတွေဟာ မထိန်းချုပ်နိုင်ပါဘူး။ ဒါပေမယ့် သင်ထိန်းချုပ်နိုင်တဲ့ အကြောင်းအရာတွေကို သတိပြုခြင်းဖြင့် လေဖြတ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 31/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement
    advertisement iconadvertisement