backup og meta

အတက်ရောဂါဖြစ်စေတဲ့ အကြောင်းအရင်းများကို နားလည်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Khin Yin Kyay မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အတက်ရောဂါဖြစ်စေတဲ့ အကြောင်းအရင်းများကို နားလည်ခြင်း

    ဝက်ရူးပြန်ရောဂါဟာ မကြာခဏ တက်ခြင်းနှင့် ပတ်သက်ဆက်နွယ်နေတဲ့ ရောဂါအမျိုးအစားအုပ်စုတစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)ရဲ့ တင်ပြချက်များအရ ကမ္ဘာပေါ်မှာ အတက်ရောဂါခံစားနေရတဲ့ လူနာပေါင်းဟာ အကြမ်းဖျင်းအားဖြင့် ၅၀မီလီယံရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ဝက်ရူးပြန်ရောဂါနှင့် အတက်ရောဂါမှာ အမျိုးအစားများစွာရှိပါတယ်။

    အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများ၊ အလွန်အမင်း ပင်ပန်းခြင်း၊ နှစ်နှစ်ခြိုက်ခြိုက် မအိပ်ခြင်း၊ လုံလောက်သော အိပ်စက်မှု မရရှိခြင်း

    အတက်ရောဂါဟာ အိပ်စက်မှုပိုင်း ဆိုင်ရာအခြေအနေများနှင့် အရမ်းပတ်သက် ဆက်နွယ်ပါတယ်။ အိပ်စက်ခြင်းဟာ အတက်ရောဂါကို နည်းလမ်းများစွာနှင့် အကျိုးသက်ရောက်လျက်ရှိပါတယ်။ ပုံမှန်အိပ်ခြင်း၊နိုးခြင်း စက်ဝန်းတစ်ခုမှာ ဦးနှောက်ရဲ့ လျှပ်စီးနဲ့ ဟော်မုန်းပိုင်းဆိုင်ရာမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလိုပြောင်းလဲမှုတွေက အခြားလူများထက်စာလျှင် အတက်ရောဂါရှိသူတွေမှာ အိပ်စက်နေချိန်၌ ပိုဖြစ်ကြတာကို တွေ့နိုင်ပါတယ်။ လုံလောက်တဲ့ အိပ်စက်မှုမရှိခြင်းဟာလည်း ဒီလို ဖျားနာမှုကို ဖြစ်စေနိုင်ပါတယ်။ အချို့သော လူတွေဟာ သူတို့ရဲ့ဘဝမှာ ပထမဦးဆုံး အတက်ရောဂါကို ကောလိပ်ကျောင်းမှာ ညလုံးပေါက် စာကျက်၍ သို့မဟုတ် အချိန်အကြာကြီး ကောင်းကောင်းမအိပ်ပဲ နေပြီးနောက်မှာ ဖြစ်လေ့ရှိပါတယ်။

    ဖျားနာသောအချိန် သို့မဟုတ် အခြားသော ရောဂါများခံစားနေရချိန်

    ဝက်ရူးပြန်ရောဂါ ရှိတဲ့လူတွေမှာ အတက်ရောဂါ ဖြစ်လာစေတဲ့ အချက် ၁ခုကတော့ ရုတ်တရက် ဖျားနာလာခြင်း သို့မဟုတ် ရုတ်တရက် ပိုးဝင်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ ဒီလိုဖျားနာမှုတွေကတော့ ရုပ်ပိုင်းဆိုင်ရာ ဖိအားတွေဖြစ်တဲ့ ဖျားခြင်း သို့မဟုတ် ကောင်းမွန်စွာ မစားမသောက်သောကြောင့် ရေဓါတ်ဆုံးရှုံးခြင်း၊ ဦးခေါင်း အအေးပတ်ခြင်း၊ အဆုတ်ပိုးဝင်ခြင်း သို့မဟုတ် ရိုးတွင်းခြင်ဆီ အိတ်ငယ်များ ပိုးဝင်ခြင်း စတာတွေကြောင့် အတက်ရောဂါဖြစ်လာနိုင်ပါတယ်။ ဒီလိုဖျားနာမှုတွေ အားလုံးဟာ အတက်ရောဂါနှင့် ပတ်သက် ဆက်နွယ်နေပါတယ်။

    တဖျတ်ဖျတ်တောက်ပနေသော မီးရောင်များ သို့မဟုတ် ပုံစံများ

    အလင်းရောင်ကို ကြောက်သောအတက်ရောဂါရှိသူအချို့မှာ အောက်ဖော်ပြပါ အခြေအနေတွေကို ရင်ဆိုင်ကြုံတွေရတဲ့ အခါမှာ တက်လာနိုင်ပါတယ်။

    • တဖျတ်ဖျတ်တောက်ပနေသော၊ လည်နေသော ရုပ်ပုံများကြောင့် ရုပ်မြင်သံကြား မျက်နှာပြင်သို့မဟုတ် computer မျက်နှာပြင်ကို ကြည့်တဲ့ အခါမှာလည်း အတက်ရောဂါကိုဖြစ်စေနိုင်ပါတယ်။

    • အချို့သောvideoဂိမ်းများ သို့မဟုတ် TV အစီအစဉ်များမှ မီးရောင်များဟာ ရောင်ပြေးတွေနဲ့ တဖျတ်ဖျတ်တောက်ပပြီး အရောင်မျိုးစုံ ပြောင်းနေတာကို မြင်ရခြင်းကြောင့်လည်း အတက်ရောဂါ ဖြစ်နိုင်ပါတယ်။

    • မီးလောင်မှု အချက်ပေး ကိရိယာမှ ထွက်သော မီးအရောင်ကဲ့သို့ အားပြင်းလွန်းသော မီးရောင်များ၊

    • နေရောင်များ အထူးသဖြင့် ရေရဲ့တလျှပ်လျှပ်တောက်ပနေသောအရောင်၊ သစ်ပင်မှတစ်ဆင့် သို့မဟုတ် တရုတ်ကပ်မှန်မှ တစ်ဆင့် ဖြတ်၍တလျှပ်လျှပ်တောက်ပနေသော အရောင်များ စတဲ့သဘာဝအရောင် တွေဟာလည်းပဲ အတက်ရောဂါကိုဖြစ်စေနိုင်ပါတယ်။

    • အရောင်အမျိုးမျိုးယှဉ်၍ ပြထားသော မျက်စိတွင် မြင်လွယ်သည့် အရောင်များ ကို မြင်တွေ့ရတဲ့အခါမှာလည်း တက်နိုင်ပါတယ်။

    အရက်သောက်ခြင်း

    အနည်းငယ်သောက်ရုံမျှဖြင့် အရက်ဟာ တက်ခြင်းကို မဖြစ်စေနိုင်ပါဘူး။ သို့သော် အရက်နှင့် ယမကာများကို ၃ခွက်နှင့် အထက်သောက်ပြီးတဲ့ အချိန်မှာတော့ သင်ဟာအတက်ရောဂါ ဖြစ်နိုင်ခြေ အလွန်များနေပါပြီ။ အတက်ရောဂါအတွက် သောက်သော ဆေးတွေဟာ ခန္ဓါကိုယ် မှ အရက် စုပ်ယူခြင်းကို လျော့ကျစေပါတယ်။ ရလဒ်အနေနဲ့ကတော့ အရက်ဟာသွေးထဲမှာ အကြာကြီး ရှိနေတာပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်ခြင်းဟာ အရက်ကို တော်တော်နဲ့ မမူးစေပါဘူး။ ဒါကြောင့် အရက်ကိုမြန်မြန် သောက်ပါတယ်။ ဒီလိုမြန်မြန်သောက်ပြီး အစိတ်အတောက်ဖြစ်စေတာဟာဆိုရင် ကြီးမားတဲ့ ပြဿနာတစ်ခုပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုဆေးတွေရဲ့ဘေးထွက်ဆိုးကျိုး တော်တော်များများဟာ အရက်ကိုယ်တိုင်က ပေးတဲ့ လတ်တလော ထိခိုက်မှုလက္ခဏာနဲ့ ဆင်တူနေတာကြောင့် ဖြစ်ပါတယ်။ တကယ်လို့ သင်ဟာအရက်နှင့် အတက်ရောဂါအတွက် သောက်တဲ့ဆေးတွေကို တွဲသောက်ပြီး ဓါတ်မတည့်တာတွေ ဖြစ်လာမယ်ဆိုရင် ပိုဆိုးလာနိုင်ပါတယ်။

    စိတ်ဖိစီးခြင်း

    စိတ်ဖိစီးခြင်းဟာဆိုရင် ပုံစံ အမျိုးမျိုးနဲ့ ဖြစ်လာပြီး လူတိုင်းအတွက် အဓိပ္ပါယ်အမျိုးမျိုး ရှိနိုင်ပါတယ်။ စိတ်ဖိစီးတဲ့ အခါမှာ ထွက်လာတဲ့ ဟော်မုန်းအချို့ဟာ အာရုံကြောစနစ်ကို ပတ်သက်ဆက်နွယ်နေပြီး ဦးနှောက်ကိုထိခိုက်စေနိုင်တယ်လို့ ဆရာဝန်တွေက ပြောကြားပါတယ်။ ဒါ့အပြင် စိတ်ဖိစီးခြင်းဟာ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတွေကိုလည်း ပေးနိုင်ပြီး အတက်ရောဂါ ဖြစ်စေတဲ့ လက္ခဏာတစ်ရပ်တစ်ခု ဖြစ်ပါတယ်။

    အမျိုးသမီးများတွင် ဖြစ်သော ဓမ္မတာစက်ဝန်း သို့မဟုတ် အခြားဟော်မုန်းပြောင်းလဲမှုများ

    ရာသီလာစဉ် အတောအတွင်း မှာဖြစ်လာတဲ့ အတက်ရောဂါကို catamenial epilepsy လို့ခေါ်ပါတယ်။ မျိုးဥကြွေတဲ့ ရာသီစက်ဝန်းအလယ် နှင့် ရာသီမပေါ်ခင် တစ်ပတ်အလို အခြေအနေဟာ ဟော်မုန်းပြောင်းလဲမှု များတဲ့အတွက်ကြောင့် ဒီအတောအတွင်းမှာ အတက်ရောဂါဖြစ်နိုင်တယ်လို့ ဆရာဝန်တွေက ဆိုကြပါတယ်။

    အစာကောင်းကောင်း မစားခြင်း သွေးထဲတွင် သကြားဓါတ်လျော့နည်းခြင်း

    အစားအသောက်များဟာ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ပြောင်းလဲစေနိုင်ပါတယ်။ တကယ်လို့ သင့်မှာဝက်ရူးပြန်ရောဂါရှိမယ်ဆိုရင် သင်ဟာအစားကို ပုံမှန်စားပေးဖို့ အပြင် ကျန်းမာရေးနှင့်ညီညွတ် မျှတတဲ့ အစားအသောက်တွေကို ပုံမှန်စားပေးဖို့ အဓိက ပဲ ဖြစ်ပါတယ်။ အင်ဆူလင် တွေအများကြီးထိုးမိတဲ့ ဆီးချို ရောဂါသည်လိုမျိုး သွေးထဲမှာ သကြားဓါတ် လျော့နည်းလာတဲ့အခါမှာလည်း အတက်ရောဂါ ဖြစ်နိုင်တယ်ဆိုတာကို ငါတို့သိသင့်ပါတယ်။

    အချို့သောဆေးများကို သောက်သုံးခြင်း

    ဆေးအချို့ဟာ အတက်ရောဂါကို ပိုဆိုးလာနိုင်ခြေ ရှိပြီး အတက်ရောဂါ မရှိသူမှာလည်း ပထမဆုံးအကြိမ်တက်လာခြင်း ဆိုတာဖြစ်နိုင်ပါတယ်။ အအေးမိခြင်း၊ ဓါတ်မတည့်ခြင်း စတာတွေကို သက်သာစေဖို့နှင့် ပိုပြီးအိပ်စက်နိုင်စေဖို့ရာ သောက်တဲ့ဆေးဖြစ်တဲ့ diphenhydramine ဆေးဟာ ဒီလိုဆေးအမျိုးအစားတစ်မျိုးပဲ ဖြစ်ပါတယ်။ တခြားဆေးတွေဖြစ်တဲ့ aspirin လိုဆေးမျိုးတောင်မှ သင့်ရဲ့ အတက်ရောဂါအတွက်သောက်နေတဲ့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို မြင့်မားစေပါတယ်။ သင့်ရဲ့သွေးထဲမှာ ရှိတဲ့ အတက်ရောဂါ ဆေးပမာဏကို အပြောင်းအလဲဖြစ်စေတဲ့ အတွက် တက်ခြင်းကိုပိုပြီး ဖြစ်စေနိုင်ပါတယ်။

    သင်ဟာသဘာဝက ရတဲ့ သစ်သီးသစ်ဥသစ်ဖုတွေက လုပ်ထားတဲ့ ဘယ်ဆေးကို မဆို မသောက်ခင်မှာ သင့်ဆရာဝန်နှင့် အရင်တိုင်ပင်သင့်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့ဟာ သဘာဝကရတာ ဖြစ်တဲ့အတွက် သင့်မှာ အန္တရာယ်ကင်းရဲ့လားဆိုတာ မသေချာ တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

    ဆရာဝန်က သင့်ရဲ့ကျန်းမာရေးအခြေအနေအကြောင်း ပိုပြီးအသေးစိတ် သိဖို့နှင့် ဆုံးဖြတ်နိုင်ဖို့ရာအတွက် အချို့သော ဓါတ်ခွဲစမ်းသပ်မှုများကိုပြုလုပ်ဖို့ရာ ပြောပါလိမ့်မယ်။ အမှန်တော့ သင့်ရဲ့အတက်ရောဂါ နှင့်ပတ်သက်ဆက်နွယ်နေတဲ့ အချက်များစွာရှိပါတယ်။ အိပ်ရေးပျက်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ဆေးအချို့သောက်ခြင်း၊ အစားအသောက် စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Khin Yin Kyay မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement