အဓိပ္ပါယ်ဖွင့်ဆိုချက်
Myelodysplastic Syndrome (MDS) (မိုင်ရယ်လိုဒစ်ပလက်စ်တစ် ဆင်ဒရုန်း) ကဘာလဲ။
- Myelodysplastic syndromes များသည် ကောင်းကောင်းဖြစ်မလာသော သို့မဟုတ် အလုပ်ကောင်းကောင်းမလုပ်နိုင်သော သွေးဆဲလ်များကြောင့် ဖြစ်ရသည့် ရောဂါအုပ်စုကြီးဖြစ်ပါသည်။ Myelodysplastic syndrome များသည် ရိုးတွင်းချဉ်ဆီတွင် ပြဿနာရှိသည့်အခါတွင် ဖြစ်ရပါသည်။ (ချဉ်ဆီသည် အရိုးအတွင်းမှ ပွယောင်းသည့်ပစ္စည်းများဖြစ်ပြီး သွေးဆဲလ်များကို ထုတ်လုပ်ပေးသည်။)
- ထိုရောဂါသည် အပျော့စားမှ အပြင်းစားထိ ဖြစ်နိုင်ပါသည်။ ကိုယ့်၌ဖြစ်နေသည့် အမျိုးအစားပေါ်မူတည်ကာ တစ်ဦးနှင့်တစ်ဦးလည်း မတူညီပါ။ MDS အစောပိုင်းအဆင့်များတွင် လက္ခဏာလည်း လုံးဝမပြတတ်ပါ။ အတော်ကြာကာမှ မောပန်းသလို အသက်ရှုမဝသလို စခံစားရမည်ဖြစ်သည်။
- ပင်မဆဲလ်အစားထိုးကုသခြင်းအပြင် တခြားပျောက်ကင်းနိုင်သည့် ကုထုံး မရှိပါ။ သို့သော် လက္ခဏာများအား ထိန်းချုပ်ရန်၊ နောက်ဆက်တွဲများအား ကာကွယ်ရန်၊ သက်တမ်းစေ့နေနိုင်ရန်နှင့် ဘဝအရည်အသွေးကောင်းမွန်ရန်တို့အတွက် ရွေးချယ်နိုင်မည့် ကုထုံးများစွာတော့ ရှိပါသည်။
Myelodysplastic Syndrome (MDS) (မိုင်ရယ်လိုဒစ်ပလက်စ်တစ် ဆင်ဒရုန်း) က ဘယ်လောက်အဖြစ်များသလဲ
ဒီရောဂါသည် အလွန်ရှားပါဒ၏။ အမျိုးသမီးများထက် အမျိုးသားများတွင် ပိုအဖြစ်များ၏။ အသက်အရွယ်မရွေးဖြစ်နိုင်ပြီး ၆၅ နှစ်နှင့် အထက်တွင် ပိုအဖြစ်များပါသည်။ ရောဂါဖြစ်ပွားနိုင်သော အချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။
လက္ခဏာများ
Myelodysplastic Syndrome (MDS) (မိုင်ရယ်လိုဒစ်ပလက်စ်တစ် ဆင်ဒရုန်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
Myelodysplastic syndrome သည် အစောပိုင်းအဆင့်များတွင် လက္ခဏာများကို သိပ်ပြီးမပြတတ်ပါ။ Myelodysplastic syndrome ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ
- မောပန်းလွယ်ခြင်း
- အသက်ရှုမဝခြင်း
- သွေးအားနည်းခြင်းကြောင့် ဖြူဖျော့ခြင်း
- သွေးထွက်လွယ်ခြင်း အညိုအမည်းစွဲလွယ်ခြင်း
- ပင်အပ်ထိပ်အရွယ် အနီရောက်အစက်များ အရေပြားအောက်၌ ပေါ်လာခြင်း (petechiae)
- မကြာခဏ ပိုးခဏခဏဝင်ခြင်း
အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။