Acute Lymphocytic Leukemia (ရုတ်တရက်ပြင်းထန် lymphocyte များသည့် သွေးကင်ဆာ (acute lymphocytic leukaemia))

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 3 mins read
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်

Acute Lymphocytic Leukemia (ရုတ်တရက်ပြင်းထန် lymphocyte များသည့် သွေးကင်ဆာ (acute lymphocytic leukaemia)) ကဘာလဲ။

acute lymphocytic leukaemiaသွေးကင်ဆာသည် သွေးနှင့်ရိုးတွင်းခြင်ဆီကင်ဆာတစ်မျိုးဖြစ်ပါသည်။ အမျိုးအစား ၂မျိုး ခွဲခြားထားပါသည်။ ရုတ်တရက်ပြင်းထန် စွာ ဖြစ်ခြင်း နှင့် နာတာရှည် ဖြစ်ခြင်းတို့ဖြစ်သည်။ ရုတ်တရက်ပြင်းထန်သော lymphocyte (သွေးဖြူဥဆဲလ်တစ်မျိုး) များသည့်သွေးကင်ဆာတွင်ဆဲလ်များသည် လျင်မြန်စွာ ကြီးထွားပြီးသွေးဆဲလ်များ၏ ဖွံဖြိုးမှုကိုထိခိုက်စေပါသည်။ အထူးသဖြင့် အထိခိုက်ခံရဆုံးသောဆဲလ်များမှာ B lymphocyte နှင့် T lymphocyte တို့ဖြစ်ပါသည်။

Acute Lymphocytic Leukemia (ရုတ်တရက်ပြင်းထန် lymphocyte များသည့် သွေးကင်ဆာ (acute lymphocytic leukaemia)) က ဘယ်လောက်အဖြစ်များသလဲ

လက္ခဏာများ

Acute Lymphocytic Leukemia (ရုတ်တရက်ပြင်းထန် lymphocyte များသည့် သွေးကင်ဆာ (acute lymphocytic leukaemia)) ရဲ့လက္ခဏာတွေကဘာတွေလဲ

acute lymphocytic leukaemia၏ ရောဂါလက္ခဏာများသည် ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ မောပန်းခြင်း၊ ဖျော့တော့ခြင်း နှင့် အရေပြားပေါ်တွင် အညိုမဲကွက်များပေါ်ခြင်းတို့ဖြစ်ပါသည်။ လူနာများသည် အသည်းရောင်ခြင်း၊ lymph node(ပြန်ရည်ကျိတ်)များ ကြီးခြင်း နှင့် မှတ်ညဏ်ပျောက်ဆုံးခြင်းများလည်း ဖြစ်နိုင် ပါသည်။ အထက်တွင် ဖော်ပြမထားသောလက္ခဏာများလည်းရှိနိုင်ပါသည်။ ရောဂါလက္ခဏာများ နှင့် ပတ်သက်၍ မေးလိုသည်များရှိပါကဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ဖော်ပြထားသောရောဂါလက္ခဏာများရှိပါကဆရာဝန်ခေါ်ပါ သို့မဟုတ် ဆေးရုံတို့သွားပါ။ နောက် ကျပါကရောဂါသည် ဆိုးရွှားလာပြီးကုသ၍ မရနိုင်တော့ပါ။ မေးလိုသည်များရှိပါကဆရာဝန်နှင့် တိုင်ပင်ဆွေနွေးပါ။

အကြောင်းရင်းများ

Acute Lymphocytic Leukemia (ရုတ်တရက်ပြင်းထန် lymphocyte များသည့် သွေးကင်ဆာ (acute lymphocytic leukaemia)) ကိုဘာတွေကဖြစ်စေသလဲ

အရိုးဆဲလ်များ၏ DNA များပျက်စီးပါကရုတ်တရက် ပြင်းထန်သော lymphocyte များသည့်သွေးကင်ဆာ ဖြစ်ပွားပါသည်။ ထိုရောဂါသည် ကျန်းမာသောဆဲလ်များကို ကြီးထွားမှု ရပ်တန့်စေပြီးသေစေပါသည်။ သို့သော်လည်းရောဂါဖြစ်ပွားသောဆဲလ်များသည် သန်မာလာပြီးကွဲပွားလာပါသည်။

လက်ရှိတွင် ဘာကြောင့် DNA သန္ဓေပြောင်းခြင်းများသည် သွေးကင်ဆာဖြစ်စေသလဲကိုရှင်းလင်းစွာမသိရသေးပါ။ သို့သော်လည်းဆရာဝန်များသည် သုတေသနများ ပြုလုပ်ခဲ့ပြီးacute lymphocytic leukaemiaသည် မျိုးရိုးဆက်ခံခြင်းကြောင့် မဟုတ်မှန်းတွေ့ရှိရပါသည်။

Risk factors

ငါ့ဆီမှာ Acute Lymphocytic Leukemia (ရုတ်တရက်ပြင်းထန် lymphocyte များသည့် သွေးကင်ဆာ (acute lymphocytic leukaemia)) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

acute lymphocytic leukaemia ဖြစ်ပွားနိုင်ချေကိုမြင့်စေသောအချက်များစွာရှိပါသည်။ အောက်ပါတို့ပါဝင်ပါသည်။

  • ကင်ဆာကုသမှု ခံယူဖူးခြင်း၊ အထူးသဖြင့် ဓါတုကုထုံးသို့မဟုတ် ဓါတ်ရောင်ခြည် ကုထုံးခံယူဖူးသောလူနာများ
  • ရေဒီယိုသတ္တုကြွ ကူးစက်ခြင်း
  • မျိုးဗီဇရောဂါများ၊ ဥပမာ- Down syndrome
  • မောင်နှမထဲတွင် acute lymphocytic leukaemiaဖြစ်ဖူးသူရှိခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Acute Lymphocytic Leukemia (ရုတ်တရက်ပြင်းထန် lymphocyte များသည့် သွေးကင်ဆာ (acute lymphocytic leukaemia)) ကို ဘယ်လိုအတည်ပြုပါသလဲ

acute lymphocytic leukaemiaကိုအတည်ပြုရန် သွေးစစ်ခြင်းနှင့် ရိုးတွင်းခြင်ဆီစစ်ခြင်းတို့ကိုလုပ်ဆောင်ရပါမည်။ ရိုးတွင်းခြင်ဆီကိုအဏု ကြည့်မှန်ပြောင်းဖြင့် စစ်ဆေးပြီး ခြင်ဆီအတွင်းပုံမှန် မဟုတ် သောဆဲလ်များရှိသလားရှာဖွေနိုင်ပါသည်။ ရင်ဘတ်အားဓါတ်မှန်ရိုက်ခြင်း၊ ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း နှင့်အာထရာဆောင်းရိုက်ခြင်းတို့လည်းလုပ်နိုင်သည်။

Acute Lymphocytic Leukemia (ရုတ်တရက်ပြင်းထန် lymphocyte များသည့် သွေးကင်ဆာ (acute lymphocytic leukaemia)) ကို ဘယ်လိုကုသပါသလဲ

acute lymphocytic leukaemiaသည် ကုသ၍ ပျောက်ကင်းပါသည်။ ကင်ဆာဆေးကုထုံးသည် ဤရောဂါကုသမှု၏ အဓိကနည်းလမ်းဖြစ်ပါ သည်။

လူနာများသည် သွေးသွင်းခြင်း၊ ကင်ဆာဆေးကုထုံး နှင့် ဓါတ် ရောင်ခြည် ကုထုံးတို့ပြုလုပ်ရန် ဆေးရုံတက်ရပါမည်။ ကုသခြင်းတွင် အဆင့် လေးဆင့် ပါဝင်ပါသည်။ အဆင့် နှစ်ခုသည် ဆေးဖြင့်ကုသခြင်းဖြင့် စတင်သည်။ လူနာသည် အဖျားသက်သာလာပါကအဆင့်သုံးကို ပြုလုပ်ပါသည်။ ဦးနှောက်အားဓါတ်ရောင်ခြည်ကုထုံးနှင့် ဓါတုကုထုံးတို့ ပြုလုပ်ကာကင်ဆာဆဲလ်များကိုဖယ်ရှားပါသည်။

ဆရာဝန်သည် ရိုးတွင်းခြင်ဆီအစားထိုးကုသခြင်းကိုအကြံပြုနိုင်ပါသည်။ ပင်စည်ဆဲလ် အစားထိုးခြင်းဟုလည်းခေါ်ပါသည်။ ပင်စည်ဆဲလ်များပါဝင်သောကျန်းမာသောရိုးတွင်းခြင်ဆီကို ခန္ဓါကိုယ်တွင်းထိုးသွင်းလိုက်ပါသည်။ ထိုအခါ ပင်စည်ဆဲလ်များသည် ပုံမမှန်သောဆဲလ်များကိုအစားထိုးရန် ကျန်းမာသောဆဲလ်အသစ်များထုတ်လုပ် ပါလိမ့်မည်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများအသုံးပြုခြင်းသည် acute lymphocytic leukaemiaကိုကုသရာတွင် ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံးကုထုံးများသည် acute lymphocytic leukaemiaကိုထိန်းချုပ်နိုင်ပါသည်။

  • ကျန်းမာရေးနှင့် ရောဂါလက္ခဏာများတိုးတက်မှုကိုစောင့်ကြည့်ရန် ဆရာဝန်နှင့် ပုံမှန်ပြသပါ။
  • ဆရာဝန် ညွှန်ကြားချက်ကိုနားထောင်ပါ။ ဆရာဝန် အားမတိုင်ပင်ဘဲဆေးသောက်ခြင်းအားမရပ်ပါနှင့်
  • ခံတွင်းသန့်ရှင်းအောင်နေပါ။ ဆားရေနွေးဖြင့် ပုံမှန် ပလုပ်ကျင်းပါ။ နူးညံ့သောသွားတိုက်တံအသုံးပြုပါ
  • ရေများများသောက်ပါ။
  • ဓါတုကုထုံးခံယူနေစဉ် ကယ်လိုရီ ကြွယ်ဝသောအစားအစာနှင့် ဖျော်ရည်များစားသုံးပါ။
  • ပုံမှန်မဟုတ်ဘဲသွေးထွက်ပါကပတ်တီးစည်းခြင်း၊ ရေခဲကပ်ခြင်း ပြုလုပ်ပါ
  • ကုသမှုနည်းလမ်းသည် အသက်အရွယ်၊ မျိုးဗီဇ နှင့် အလှူရှင်ရနိုင်မည့်အပေါ် မူတည်သည်ကိုသတိ ပြုပါ။
  • ဖျားနာသောသူများနှင့် ထိတွေ့ခြင်းကိုရှောင်ကြဉ် ပါ။ သင်၏ ကိုယ်ခံအားသည် နည်းနေသောကြောင့် ဖြစ်သည်။

အကယ်၍ သင့်တွင် မေးခွန်းများရှိပါကသင့်အတွက် သင့်တော်သောအဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေးတိုင်ပင် သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ရေဓာတ်ခန်းခြောက် ခြင်းက လူတိုင်းအတွက် မကောင်းပေမယ့် ဆီးချို နဲ့ ရောဂါအခံရှိသူတွေအတွက် ထိခိုက်မှုက ပိုများပါတယ်။ သေချာလေး ဂရုစိုက်ဖို့လိုပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မုယော ရဲ့ကျန်းမာရေး အာနိသင်

မုယော (malt) လို့ ပြောလိုက်ရင် အရင်ဆုံး ပြေးမြင်တာ ဘာလဲ။ malted milk လား။ မုယော အားဖြည့်အချိုရည်တွေလား .......................................

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်။ အုန်းသီးကတင် စားလို့ရပြီး ဆေးဖက်ဝင်တာ မဟုတ်ပါဘူး။ အုန်းလက်၊ အုန်းမြစ်တွေကရော ဘယ်လို ဆေးဖက်ဝင်တာလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး တွေက ဘာတွေများ ဖြစ်မလဲ။ မျက်လုံး ဓာတ်မတည့်မှုကို မြန်မြန် သက်သာစေနိုင်ဖို့အတွက် ......

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read
ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ

ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 11, 2021 . 2 mins read
ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 10, 2021 . 2 mins read
ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ (၆) မျိုး

ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ (၆) မျိုး

ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 9, 2021 . 2 mins read