သွေးခဲတာကို တားဆီးတဲ့ ဆေးဝါးတွေကို သွေးကျဲဆေးလို့ ခေါ်ပါတယ်။
ဖြစ်နိုင်ခြေများ
ငါ့ဆီမှာ Hemophilia (မူမမှန်သွေးထွက်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
ထပ်သိချင်တယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးပါ။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Hemophilia (မူမမှန်သွေးထွက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
မူမမှန်သွေးထွက်ခြင်းကို စစ်ဆေးမယ် ဆိုရင် ဆရာဝန်က ရောဂါ လက္ခဏာတွေ နဲ့ ဆေးကုသမှု မှတ်တမ်းကို မေးမြန်းပါလိမ့်မယ်။ ခန္ဓါကိုယ်ကို စမ်းသပ်စစ်ဆေးဖို့လည်း လိုအပ်ပါမယ်။ ဆရာဝန်နဲ့ တွေ့တဲ့ အခါ အောက်ပါအချက်တွေကို ထည့်သွင်းပြောကြားပါ။
- သင် လက်ရှိ ခံစားနေရတဲ့ ဝေဒနာများ
- သောက်နေရတဲ့ ဆေးဝါးများ
- မကြာသေးခင်က ရထားတဲ့ ထိခိုက်ဒဏ်ရာများ
- သွေးထွက်တာကို ဘယ်လိုမျိုးခံစားရတာလည်း။ မကြာခဏလား၊ အမြဲတမ်းလား၊ တစ်ခါတစ်လေလား …စသည်
- သွေးတစ်ခါထွက်ရင် ဘယ်လောက်ကြာသလဲ
- သွေးမထွက်ခင် ဘာလုပ်သလဲ
ဒီအချက်အလက်တွေကို သိရပြီးတဲ့ နောက်မှာ ဆရာဝန်က သွေးစစ်ပါလိမ့်မယ်။ သွေးစစ်ချက်အမျိုးအစားတွေကတော့ –
- ခန္ဓါကိုယ်တွင်း သွေးနီဥ နဲ့ သွေးဖြူဥ ပမာဏ စစ်ဆေးခြင်း complete blood count (cbc)
- သွေးမွှားဥ အစုအဝေးစစ်ခြင်း
- သွေးထွက်တာကို တားဆီးဖို့ သွေးက ဘယ်လောက်မြန်မြန်ခဲတယ်ဆိုတာကို စစ်ဆေးတဲ့ သွေးထွက်တဲ့ ကြာချိန်
Hemophilia (မူမမှန်သွေးထွက်ခြင်း) ကို ဘယ်လိုကုသပါသလဲ
ကုသတဲ့ နည်းလမ်းတွေကတော့ ရောဂါ အမျိုးအစား နဲ့ ပြင်းထန်မှု အပေါ်မှာ မူတည်ပါတယ်။ သွေးထွက်ခြင်းကို မကုသနိုင်ပေမယ့် အခြား ရောဂါလက္ခဏာတွေကို လျော့ပါးသက်သာစေဖို့ အထောက်အကူဖြစ်နိုင်ပါတယ်။
သံဓါတ်အားဖြည့်ဆေးများ
ခန္ဓါကိုယ်တွင်း သွေးအမြောက်အမြား ဆုံးရှုံးထားတယ်ဆိုရင် သံဓါတ်ဖြည့်ဖို့ ဆရာဝန်က ဆေးညွှန်းပေးပါလိမ့်မယ်။ သံဓါတ်အားနည်းခြင်းက သွေးအားနည်းခြင်းကို ဖြစ်စေပါတယ်။ သွေးအားနည်းရင် အားလျော့၊ ပင်ပန်းပြီး မူးဝေနေသလို ခံစားရတတ်ပါတယ်။ သံဓါတ်အားဖြည့်ဆေးတွေကို သောက်ပြီးတဲ့ အခါတောင်မှ လက္ခဏာတွေက မသက်သာလာဘူးဆိုရင် သွေးသွင်းဖို့ လိုအပ်ပါလိမ့်မယ်
သွေးသွင်းခြင်း
သွေးသွင်းတယ် ဆိုတာ အလှုရှင်ဆီကနေ ရထားတဲ့ သွေးကို ယူပြီး ဆုံးရှုံးထားတဲ့ သွေးကို ဖြည့်ပေးတာ ဖြစ်ပါတယ်။ နောက်ဆက်တွဲ လက္ခဏာတွေ မဖြစ်ရလေအောင် သွေးအလှုရှင်ရဲ့ သွေးဟာ သင့်သွေးအမျိုးအစားနဲ့ ကိုက်ညီဖို့ လိုအပ်ပါတယ်။ သွေးသွင်းခြင်းကို ဆေးရုံမှာပဲ လုပ်နိုင်ပါတယ်။
အခြား ကုသခြင်းနည်းလမ်းများ
မူမမှန်သွေးထွက်ခြင်းတချို့ကို တိုက်ရိုက်ဆေးထည့်ပြီး ဒါမှမဟုတ် နှာခေါင်းစပရေး ဆေးရည်ဖြန်းပြီး ကုသနိုင်ပါတယ်။ သွေးမခဲတဲ့ ရောဂါ အပါအဝင် မူမမှန်သွေးထွက်ခြင်းရောဂါ အတော်များများကို သွေးကြောထဲ သွေးခဲစေတဲ့ ဓါတ်ပစ္စည်းတွေ ရောက်စေခြင်း အားဖြင့် ကုသနိုင်ပါတယ်။ သွေးအမြောက်အများထွက်ခြင်းကို ထိန်းချုပ်ကာကွယ်နိုင် ပါတယ်။
သွေးခဲစေတဲ့ ဓါတ်ပစ္စည်းတွေ နည်းနေတာ ဆိုရင်တော့ အေးခဲပလာစမာ သွင်းနိုင်ပါတယ်။ အေးခဲပလာစမာ တွေမှာ အရေးပါတဲ့ သွေးခဲစေမယ့် ပရိုတင်း ၂ မျိုး factor V နဲ့ VIII တို့ ပါဝင်ပါတယ်။ ဒီလို သွင်းမယ်ဆိုရင်တော့ ဆေးရုံမှာပဲ လုပ်နိုင်ပါမယ်။
နေ့စဉ်လူနေမှုဘ၀ အပြောင်းအလဲများနှင့် အိမ်တွင်း ကုထုံးများ
မူမမှန် သွေးထွက်ခြင်း ကို ထိန်းချုပ်ဖို့ အတွက် နေပုံထိုင်ပုံ ဒါမှမဟုတ် အိမ်တွင်းကုထုံးတွေက ဘာတွေ ဖြစ်မလဲ။
သိချင်တာတွေ ရှိမယ်ဆိုရင် သင့်ဆရာဝန်နဲ့ တိုင်ပင်ပါ။
မေးစရာတွေ ရှိနေမယ်ဆိုရင်ဆရာဝန်နဲ့ တိုင်ပင်ပြီး ဘယ်နည်းလမ်းက အကောင်းဆုံးဖြစ်မလဲဆိုတာကို အကြံဉာဏ်ရယူပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။