ထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားလို့ဖြစ်စေ၊ ရောဂါကြောင့်သွေးနီဥပမာဏနည်းနေရင်ဖြစ်စေ လျော့နည်းသွားတဲ့ သွေးပမာဏကို ပြန်ဖြည့်ဆည်းဖို့အတွက် သွေးသွင်းဖို့လိုအပ်နိုင်ပါတယ်။ တကယ်အရေးကြီးတဲ့အချိန်မှာ သွေးသွင်းကုသမှုက လူ့အသက်တစ်ချောင်းကို ကယ်တင်ပေးနိုင်တာလူတိုင်းသိပြီးဖြစ်မှာပါ။ ဒါပေမဲ့ ကုသမှုတိုင်းအားလုံးလိုပဲ သွေးသွင်းကုသမှုမှာလည်း ဘေးထွက်ဆိုးကျိုးတချို့နဲ့ သတိပြုစရာလေးတွေ ရှိနေတာမို့ Hello Sayarwon စာဖတ်ပရိသတ်တွေအတွက် ဗဟုသုတအဖြစ်ဖော်ပြပေးလိုက်ရပါတယ်။