backup og meta

လုပ်ငန်းခွင်ဓါတ်မတည့်မှုများကိုရှောင်ရှားရန်နည်းလမ်းများ

လုပ်ငန်းခွင်ဓါတ်မတည့်မှုများကိုရှောင်ရှားရန်နည်းလမ်းများ

ဖြစ်ပွားမှု

ဓါတ်မတည့်မှုများသည် အချိန်မရွေး ဖြစ်ပွားတတ်ပြီး အလုပ်ခွင်အတွင်းတွင်ဖြစ်ပါက လုပ်ငန်းခွင်ထိခိုက်မှုကို ဖြစ်စေပါသည်။ နှာရည်ယိုခြင်း၊ နှာစေးခြင်း၊ မျက်စိနီရဲယားယံခြင်းတို့ ခံစားရပြီး အလုပ်အာရုံစူးစိုက်မှုကို ထိခိုက်စေပါသည်။ သင့်အနေဖြင့် ထိုဓါတ်မတည့်မှုများကို လျှော့ချနိုင်ရန် (သို့မဟုတ်) လုံးဝရှောင်ရှားနိုင်ရန် အောက်ပါတို့ကို သိရှိရန် လိုအပ်ပါသည်။ သို့မဟုတ်ပါက အလုပ်ပျက်ပြီးသင်၏ လုပ်ငန်းခွင် စွမ်းအားကိုလည်း လျော့ကျစေမည်ဖြစ်ပါသည်။

လုပ်ငန်းခွင်ဆိုင်ရာ

ဓါတ်မတည့်မှုအတွက် အကောင်းဆုံး ကုသမှုမှာ ဓါတ်မတည့်မှု ဖြစ်စေသော အရာများမှ ရှောင်ရှားခြင်း ဖြစ်သည်။ ထို့ကြောင့် သင့်အနေဖြင့် မိမိနှင့် ဓါတ်မတည့်သော အခြေအနေရှိနိုင်သော အလုပ်အကြောင်း သိသင့်သကဲ့သို့ မည်သည့်အလုပ်က မိမိအတွက်သင့်တော်မည်ကိုလည်း ရွေးချယ်နိုင်စွမ်းရှိရပါမည်။

အောက်ပါအလုပ်များသည်ဓါတ်မတည့်ရောဂါရှိသူများအတွက် မသင့်တော်သောအချက်များဖြစ်သည်။

(၁)ဥယျာဉ်ခြံမြေစိုက်ပျိုးခြင်း လုပ်ငန်းများ

ပန်းဝတ်မှုန်နှင့်ဓါတ်မတည့်သူများ အနေဖြင့် ဥယျာဉ်ခြံစိုက်လုပ်ငန်းများ၊ မြေယာလုပ်ငန်းများကိုမပြုလုပ်သင့်ပါ။ သို့မဟုတ်ပါက ဥယျာဉ်ခြံမြေဆိုင်ရာ ကျွမ်းကျင်ဆေးပညာရှင်နှင့်တိုင်ပင်သင့်ပါသည်။ အဓိက ဓါတ်မတည့်မှုဖြစ်စေသောအရာများမှာ အပင်များ၊ မြက်ပင်များ၊ ရေညှိနှင့်မှိုတို့ဖြစ်ပါသည်။

(၂)အလှပြင်ဆိုင် (Spa) လုပ်ငန်းများ

ဓါတ်မတည့်နှာစေးခြင်းရောဂါ၊ပန်းနာရင်ကျပ်ရောဂါရှိသူများ

သည ်အလှပြင်ဆိုင်များတွင် အလုပ်လုပ်သောအခါ အမွှေးရနံ့များ၊ အလှပြင်ဆေးရည်များကို ရှုရှိုက်မိပြီး ဓါတ်မတည့်မှုဖြစ်စေနိုင်ပါသည်။ ဓါတု မွှေးရနံ့များ၊ ဆေးရည်များသည် ဓါတ်မတည့်ရောဂါအခံရှိသူတွင် ဓါတ်မတည့်မှုကို ဖြစ်စေနိုင်သောကြောင့်ဖြစ်သည်။

(၃) ဘား နဲ့စားသောက်ဆိုင် လုပ်ငန်းများ

သင့်အနေဖြင့်စားသောက်ဆိုင်တွင်အလုပ်ဝင်မည်ဆိုလျှင်ဆေးလိပ်ငွေ့ကင်းစင်သောပတ်ဝန်းကျင်ဖြစ်/မဖြစ်စုံစမ်းပါ။ အခြားသူများသောက်သော ဆေးလိပ်ငွေ့ကိုရှုမိပါက လည်းဓါတ်မတည့်ခြင်း၊နှာစေးချောင်းဆိုးဖြစ်ခြင်း၊အဆုတ်လေပြွန် ရောင်ရမ်းခြင်းတို့ဖြစ်နိုင်ပါသည်။

(၄)အိမ်အကူ လုပ်ငန်းများ

အိမ်တွင်း ထိန်းသိမ်း သန့်ရှင်းရေးလုပ်သူများသည်လည်း ဓါတ်မတည့်ခြင်းနှင့်ကြုံတွေ့ရနိုင်သည်။ ဖုန်မှုန်များ၊ မှိုများ၊ ကြေးချွတ်ဆေးများနှင့် အင်းဆက်ပိုးများကို ထိတွေ့ကိုင်တွယ်ရှုရှိုက်မိသဖြင့်ဓါတ်မတည့်မှုဖြစ်စဉ်များ၊ အရေပြားယားယံ အနီကွက်ထွက်ခြင်းများကြုံတွေ့ရနိုင်သည်။

(၅)အိမ်မွေးတိရစ္ဆာန်များ ထိန်းသိမ်းခြင်းလုပ်ငန်းများ

အကယ်၍ သင်သည်တိရစ္ဆာန်လေးများ၏အမွေးနှင့်ဓါတ်မတည့်သူ ဆိုလျှင်အိမ်မွေးခွေးများထိန်းသိမ်းခြင်း၊တိရစ္ဆာန်အရောင်းဆိုင်များတွင်အလုပ်လုပ်ခြင်းကိုရှောင်ရှားသင့်သည်။ တိရစ္ဆာန်ချစ်တတ်သူဖြစ်စေဦး တော့ရှောင်ရှားနည်းကသာလျှင ်သင့်ကိုဓါတ်မတည့်ဝေဒနာမှ ကင်းဝေးစေပါလိမ့်မည်။

(၆)ပန်းအလှပြင်ခြင်းနှင့် ပန်းစိုက်လုပ်ငန်းများ

ပန်းဝတ်မှုန်များ၊ ပန်းပင်စိုက်ပျိုးရာတွင် သုံးသောမြေဆွေးထဲရှိမှိုများကို ရှုရှိုက်မိတတ်သည်။ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ သည်လည်း ဓါတ်မတည့်အခံရှိသူအဖို့ ဓါတ်မတည့်ခြင်းကိုဖြစ်စေပါသည်။

(၇)စားဖိုမှူး လုပ်ငန်းများ

အစားအသောက်တစ်ခုခုကို ဓါတ်မတည့်ခြင်း (ဥပမာ- ဂျုံ၊၊ ပင်လယ်ငါး၊ ပင်လယ်စာများကို ဓါတ်မတည့် ခြင်း) စသည့်ဝေဒနာရှိပါက ထိုအရာများနှင့်ပြည့်နှက်နေမည့်မီးဖိုချောင်တွင် အစားအသောက် ပြင်ဆင်ချက်ပြုတ် ရသည့်လုပ်ငန်းများကို ရှောင်ရှားသင့်သည်။

လုပ်ငန်းခွင်ဓါတ်မတည့်ခြင်းကို ရှောင်ရှားရန်နည်းလမ်းများ

  • အလုပ်ခွင်တွင်ဖုန်မှုန့်များရှင်းလင်းအောင်သန့်ရှင်းပါ။ လေအေးပေးစက်က အချို့သောဓါတ်မတည့်စေသည့် အမှုန်များကိုရှင်းလင်းပေးသည့်အတွက် လေအေးပေးစက် တပ်ဆင်ထားပါ။
  • အမှုန်စစ်ဇကာတပ်ဆင်အသုံးပြုပါ။
  • ဓါတ်မတည့်စေသော အမှုန်များကို ကပ်ညိစေသည့် ခေါင်းအုံးများ၊
  • တိရစ္ဆာန်များကို လုပ်ငန်းခွင်သို့ ယူဆောင်လာခြင်းကိုရှောင်ပါ။
  • လေစစ်ဇကာကို ပုံမှန်လဲလှယ်ပေးပါ။
  • စိုစွတ်သော၊ ဖုန်တက်နေသော၊ မှိုစွဲနေသောအခင်းကောဇောများကို လဲလှယ်ပေးပါ။

မည်သို့ပင်အထက်ပါနည်းလမ်းများအတိုင်း ရှောင်ရှားစေကာမူ မိမိ၏ နေ့စဉ်ဘဝတွင် ဓါတ်မတည့်စေသော အရာများက ရှိနေနိုင်သည့်အတွက် ဓါတ်မတည့်မှုနှင့် ပတ်သက်သော ကုထုံးများကို လိုအပ်ပါက ရယူရမည်။ လုပ်ငန်းခွင်တွင်း ဓါတ်မတည့်မှုကို ဆက်လက်ခံစားနေရပါက ဓါတ်မတည့်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်နှင့်လည်း တိုင်ပင်ဆွေးနွေးရပါမည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

8 Worst Jobs for People With Allergies.http://www.everydayhealth.com/allergy-pictures/8-worst-jobs-for-people-with-allergies.aspx#08. Accessed 22 November 2016.

Managing Allergies at Work.http://www.webmd.com/allergies/features/allergies-at-work?page=3. Accessed 22 November 2016.

Managing Allergies at Work.http://www.everydayhealth.com/allergies/allergies-at-work.aspx. Accessed 22 November 2016.

ယခုပုံစံ

12/05/2020

Dr. Ye Pyae Hein မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ

ထူးထူးခြားခြား ဓာတ်မတည့်မှုများ


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Ye Pyae Hein မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement