အကယ်လို့ ဓာတ်မတည့်ဖြစ်လာပြီဆိုရင်လည်း အရမ်းမပြင်းထန်တဲ့ အခြေအနေမှာ ဆေးဆိုင်ကနေ ဓာတ်မတည့်ပျောက်ဆေး အလွယ်တကူ ဝယ်သောက်လို့ရပါတယ်။ ဆေးအညွှန်းမှာ
• Diphenhydramine (Benadryl)
• Chlorpheniramine (Chlor-Trimeton)
• Cetirizine (Zyrtec)
• Loratadine (Claritin)
• Fexofenadine (Allegra) ပါတာမျိုးကို ရွေးဝယ်ပါ။ ဆေးသောက်ပြီးတာနဲ့ ကောင်းကောင်းအနားယူပါ။ ရေများများသောက်ပေးပါ။ အစာအာဟာရကို ဂရုစိုက်ပါ။ ပြီးရင် အိပ်ချိန်ကို ပိုပေးပါ။
ကိုယ့်ရဲ့ ဓာတ်မတည့်လက္ခဏာက အရမ်းပြင်းထန်တယ်ဆိုရင်တော့ ဆေးအလွယ်တကူဝယ်သောက်မယ့်အစား ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး ကုသမှုခံယူတာ ပိုအဆင်ပြေပါလိမ့်မယ်။
နောက်ထပ် ကုသနည်းတစ်မျိုးကတော့ ဆရာဝန်ရဲ့ ခွင့်ပြုချက်နဲ့ ဆေးခန်းမှာ ဓာတ်မတည့် ကာကွယ်ဆေးထိုးတာပါပဲ။ ဒီထိုးဆေးဟာ ဓာတ်မတည့်မဖြစ်စေဖို့ အဓိကကာကွယ်ပေးသလို ဖြစ်လာခဲ့ရင်လည်း ခေါင်းကိုက်တာအပြင် တခြားခံစားရတဲ့ဝေဒနာတွေ မပြင်းထန်အောင် ကူညီပေးနိုင်ပါတယ်။ ထိုးဆေးကိုတော့ ဆရာဝန်သတ်မှတ်ထားတဲ့ ရက်ချိန်းအတိုင်း တစ်နှစ်အထိကို မှန်မှန်ထိုးပေးမှ ဆေးအာနိသင်ကို အပြည့်အဝရရှိမှာပါ။