ကျွန်တော်တို့နိုင်ငံမှာတော့ ပိုးဟပ်ကြောက်တဲ့သူတွေရော ပိုးဟပ်ရှိတဲ့နေအိမ်တိုက်ခန်းတွေ အရမ်းများတာ သတိထားမိမှာပါ။ ပိုးဟပ်ကို အကောင်အနေနဲ့ မြင်ရင်ကြောက်တာမျိုးလည်း ရှိသလို ရုတ်တရက် ထပျံလာရင် အားကနဲအော်ပြီး လန့်သွားတတ်တဲ့သူတွေလည်း အများကြီးပါပဲ။ ပိုးဟပ်တွေဟာ လူတွေကို ကြောက်ရွံ့စေရုံသာမက ကျန်းမာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင်လည်း ဒုက္ခဖြစ်စေနိုင်တဲ့ အရာတွေကို သယ်ဆောင်လာနိုင်တယ်ဆိုတာကို မမေ့ထားသင့်ပါဘူး။