ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ

HIVပိုးက သွေးကနေ၊ လိင်ဆက်ဆံရာက ထွက်လာတဲ့ အရည်တွေ (ဥပမာ သုက်ရည်၊ မိန်းမကိုယ်အရည်) တွေကနေ အဓိက ကူးတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်ခါတလေ သူများရဲ့ သွေးက စားပွဲပေါ်မှာ ပေနေမယ်။ အဲ့တာကို မတော်တဆ သွားထိမိသွားမယ်။ ဒီလိုဆိုရင်ရော ကူးနိုင်လားလို့ မေးစရာရှိပါတယ်။ ဒါကို ပြောဖို့အတွက် HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ ဆိုတာကို သိဖို့လိုပါတယ်။ HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ အချိန်အတိအကျရယ်တော့ ပြောလို့မရပေမယ့် HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာမရှင်နိုင်ပါဘူး။ သူဝင်ပွားစရာ ဆဲလ်မရှိတဲ့အတွက် အပြင်ရောက်ပြီး ခဏနေတာနဲ့ သေသွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး အချိန်နည်းနည်းကြာကြာ ရှင်ကောင်းရှင်နိုင်ပေမယ့် ကူးစက်နိုင်စွမ်းကတော့ မရှိသလောက်ပါပဲ။ HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာကြာရှင်နိုင်လဲဆိုတာကို သိဖို့ လေ့လာထားကြတာတွေ ရှိပါတယ်။ […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

HIV နှင့် AIDS ရောဂါ

HIV စစ်ဆေးနည်း ဘယ်နှမျိုး ရှိသလဲ။

HIV စစ်ဆေးတာက အရေးကြီးသလားဆိုတော့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ HIV က စစကူးကူးချင်းဆို လက္ခဏာမပြလို့ပါ။ ပြခဲ့ရင်တောင်မှ အစပိုင်းမှာဆို တုပ်ကွေးဆန်ဆန် ဖျားတာ၊ ကိုယ်လက်ကိုက်တာလောက်ပဲ ပြတာပါ။ နောက်ပိုင်း AIDSအဆင့်ကို ရောက်သွားပြီဆိုမှသာ သိသာတဲ့ လက္ခဏာတွေ ပြတာပါ။ ဒါကြောင့် HIV ဖြစ်နေပြီလားဆိုတာကို လက္ခဏာနဲ့ ဆုံးဖြတ်တာထက် ဆေးစစ်လိုက်တာက ပိုသေချာပါတယ်။ ဒီဆောင်းပါးမှာ HIV စစ်ဆေးနည်း ၃မျိုးကို ပြောပြပေးပါတယ်။ HIV စစ်ဆေးနည်း ၃မျိုး HIVပိုးက ဒီနေ့ ကူး၊ နောက်နေ့ စစ်ရင် ပေါ်တာမျိုး မဟုတ်ပါဘူး။ သူ့မှာ Window periodဆိုတာ ရှိပါတယ်။ Window periodဆိုတာ နားလည်အောင် ပြောရရင် ပိုးရှိပေမယ့် စစ်လိုက်ရင် မတွေ့နိုင်တာမျိုးပါ။ စစ်ဆေးနည်း တစ်ခုနဲ့ တစ်ခုမှာ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

One night stand နေတဲ့အခါ အန္တရာယ်ကင်းစေဖို့

One night stand ဆိုတာက တစ်ညတာ အတူနေတာကို ဆိုလိုတာပါ။ Dating app တွေကနေဖြစ်ဖြစ်၊ ဘားတွေ ကလပ်တွေကနေဖြစ်ဖြစ် ရင်းနှီးလာပြီး တစ်ညတာကို အတူကုန်ဆုံးကြတာပါ။ ဒါပြီးရင်တော့ သူလည်း သူ့လမ်းသူလျှောက်၊ ကိုယ်လည်း ကိုယ်လျှောက်ပါ။ ဒါမှမဟုတ် သဘောကျရင်လည်း ထပ်တွေ့ပေါ့။ အဲ့ဒီတစ်ညတာမှာ လိင်မှုကိစ္စသက်သက်ပဲ တာဝန်ယူတာ၊ တာဝန်ခံတာ၊ သံယောဇဉ်စတာတွေ ဘာမှမပါတဲ့အတွက် စိတ်ထဲမှာ ပေါ့ပေါ့ပါးပါးတော့ ဖြစ်မှာပါ။ သမီးရည်းစားလည်း မဟုတ်ဘဲနဲ့ နှစ်ဦးသဘောတူဖြစ်တဲ့အတွက် နောက်ကြောင်းလည်း အေးပါတယ်။ သူကျေနပ် ကိုယ်ကျေနပ်ရင် ဒီကိစ္စ ဒီမှာတင် ပြီးပါပြီ။ တစ်ညတာပဲ ဆုံလိုက်တယ်ဆိုပေမယ့် One night standတွေက တကယ်တော့ အန္တရာယ်ကင်းရဲ့လား။ လူမှုရေး ရှုထောင့်ကမဟုတ်ဘဲ ကျန်းမာရေးရှုထောင့်ကနေ ကြည့်ရအောင်။ One night stand တွေကနေ ဘယ်လို […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ပါတီတွေမှာ ဆေးခတ် မခံရစေဖို့ ဘယ်လိုကာကွယ်မလဲ

ပါတီတွေမှာ သောက်စားပျော်ပါးတာအပြင် သတိထားသင့်တဲ့ အန္တရာယ်တစ်ခုကတော့ ဆေးခတ် ခံရတာပါ။ ကိုယ်သောက်မယ့် အရက်ထဲ၊ အချိုရည်ထဲကို ဆေးခတ်ပြီး မကောင်းကြံကြတာပဲ ဖြစ်ပါတယ်။ ဆေးခတ်တာက သူငယ်ချင်းအချင်းချင်း စနောက်တဲ့အနေနဲ့ ခတ်ကြတာ ရှိသလို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ချင်လို့ ခတ်ကြတာ ဖြစ်ပါတယ်။ ဒုတိယအကြောင်းရင်းကတော့ အများဆုံးပါ။ ဒီလိုအမြတ်ထုတ်ခံရတဲ့ထဲမှာ အမျိုးသမီးတွေအပြင် အမျိုးသားနဲ့ LGBTတွေလည်း ပါဝင်ပါတယ်။ ပါတီတွေမှာ ဆေးခတ် တယ်ဆိုတာ ဒီဆေးတွေကို Date rape drugsတွေလို့ ခေါ်ပါတယ်။ အဓိကအားဖြင့် GHBရယ်၊ ကေလို့ ခေါ်ကြတဲ့ Ketamineရယ်၊ Rohypnolလို့ခေါ်တဲ့ flunitrazepam တို့ ပါဝင်ပါတယ်။ ဒီဆေးတွေကို သုံးရခြင်းရဲ့ ရည်ရွယ်ချက်က တစ်ဖက်လူကို ကိုယ်စိတ်ကြိုက်ပြုလုပ်နိုင်ဖို့နဲ့ ကိုယ်လုပ်သမျှကို သူမမှတ်မိစေဖို့ပါ။ ဒီဆေးတွေက ဒီရည်ရွယ်ချက်တွေနဲ့ ကိုက်ညီနေပါတယ်။ သူတို့အားလုံးမှာ တူညီနေတဲ့ အချက်တွေကတော့ မူးဝေစေတာ၊ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

Date rape drug နဲ့ ဆေးခတ်ခံရတဲ့အခါ

ပါတီပွဲတွေ၊ ကလပ်တွေမှာ ဆေးခတ်ခံရပြီး လိင်ပိုင်းဆိုင်ရာစော်ကားခံရတယ်ဆိုတာကို မကြာခဏ ကြားဖူးမှာပါ။ ဒါတွေရဲ့ အဓိကလက်သည်က Date rape drug လို့ခေါ်တဲ့ ဆေးဝါးတွေကြောင့်ပါ။ Date rape လို့ပြောပေမယ့် ဒိတ်လုပ်တာ မဟုတ်ဘဲ ခုမှဆုံဖူးတဲ့သူက ကိုယ့်ကို မကောင်းကြံတာ၊ ကိုယ်ရဲ့ ရင်းနှီးနေတဲ့သူကပဲ ကိုယ့်ကို မကောင်းကြံတာမျိုးလည်း ဖြစ်တတ်ပါတယ်။ Date rape drug တွေဆိုတာ Date rape drug တွေမှာ အဓိကအားဖြင့် GHBရယ်၊ ကေလို့ ခေါ်ကြတဲ့ Ketamineရယ်၊ Rohypnolလို့ခေါ်တဲ့ flunitrazepam တို့ ပါဝင်ပါတယ်။ ဒါတွေကို အရက်ထဲမှာ ခတ်လေ့ရှိပါတယ်။ ဒီဆေးတွေက အရက်နဲ့ တွေ့တဲ့အခါ အာနိသင်ပိုကောင်းလာပါတယ်။ ဒီလိုမဟုတ်ဘဲ အရက်ကြီးသက်သက်ကို အလွန်အကျွံသောက်ရင်လည်း မူးဝေပြီး ဘာမှပြန်မခုခံနိုင်တာ၊ ဘာမှမမှတ်မိတော့တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဆေးတစ်ခုချင်းစီရဲ့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်စိတ်အထွတ်အထိပ်ရောက်ခြင်း ကပေးတဲ့ ကျန်းမာရေး

အရွယ်ရောက်ပြီးသူတွေက လိင်မှုရေးရာနဲ့ ကင်းကွာခဲကြပါတယ်။ ဒီလိုမျိုး လိင်မှုရေးရာကိစ္စတွေကို လုပ်ဆောင်တဲ့အခါ ပြီးမြောက်သွားချိန်မှာ ခံစားရတဲ့ လိင်စိတ် အထွတ်အထိပ်ရောက်မှုက တော်တော်လေး စိတ်ကျေနပ်စေတဲ့ ခံစားမှုကို ပေးစွမ်းနိုင်ပါတယ်။ လေ့လာမှုတွေအရ သိရတာက လိင်စိတ်အထွတ်အထိပ်ရောက်ခြင်းက စိတ်ကျန်းမာရေးကိုရော ကိုယ်ကျန်းမာရေးကိုပါ မြှင့်တင်ပေးနိုင်ပါသတဲ့။ ဒီတစ်ခေါက်တော့ အရွယ်ရောက်ပြီးသူတွေ ကင်းကွာလို့ မရတဲ့ လိင်စိတ်အထွတ်အထိပ်ရောက်ခြင်း ကပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေက လေ့လာလိုက်ရအောင်လား။ လိင်စိတ်အထွတ်အထိပ်ရောက်ခြင်း ကပေးတဲ့ ကျန်းမာရေး လိင်စိတ်အထွတ်အထိပ်ရောက်ခြင်း ကပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့ ပျော်ရွှင်စေတယ် အတူနေချိန်မှာ ဆန္ဒပြီးမြောက်တဲ့ စုံတွဲတွေက အခြားစုံတွဲတွေထက် ပိုပြီး ပျော်ရွှင်ကြပါတယ်။ ဒီလိုမျိုး လိင်စိတ်အထွတ်အထိပ် ရောက်ချိန်မှာ ခန္ဓာကိုယ်က ပျော်ရွှင်မှုကို ဖြစ်စေတဲ့ ဟော်မုန်းကို ထုတ်လွှတ်ပေးပါတယ်။ ဒါကြောင့် လိင်စိတ်အထွတ်အထိပ်ရောက်ခြင်း က စိတ်ခံစားမှု ကောင်းစေပြီး ပျော်ရွှင်မှုကို ခံစားရစေဖို့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်တူချစ်သူတို့အတွက် ဘေးကင်းစိတ်ချရတဲ့ ကြည်နူးဖွယ်ဆက်ဆံရေး ပိုင်ဆိုင်နိုင်စေဖို့

လိင်တူ ဆက်ဆံသူတွေမှာ အတူနေကြတဲ့အခါ အရေပြားချင်း ထိတွေ့တာတွေ၊ ပါးစပ်နဲ့ ဆက်ဆံမှုတွေ၊ စအိုနဲ့ ဆက်ဆံတာတွေ၊ sex toys တွေကို မျှဝေ အသုံးပြုတာအပြင် ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေ၊ သွေးတွေကြောင့် ရောဂါကူးစက်နိုင်ခြေ ရှိပါတယ်။ တကယ်ကတော့ လိင်တူဆက်ဆံလို့ ဒီလို ကူးစက်မှုတွေ များတာ မဟုတ်ပါဘူး။ ဘေးကင်းစိတ်ချရတဲ့ ဆက်ဆံရေးကို ဖန်တီးဖို့ အမှုမဲ့ အမှတ်မဲ့ ဖြစ်နေတာကြောင့်ပါ။ ဒီတစ်ခေါက်တော့ လိင်တူချစ်သူတို့အတွက် ဘေးကင်းစိတ်ချရတဲ့ ကြည်နူးဖွယ်ဆက်ဆံရေး ပိုင်ဆိုင်နိုင်စေဖို့ ဘယ်အချက်လေးတွေကို လိုက်နာရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ လိင်တူချစ်သူတွေမှာ ဘယ်လို ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်လဲ လိင်တူချစ်သူတွေမှာ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ဖြစ်ကြတဲ့ ကာလသားရောဂါ HIV ပိုး ကူးစက်တာ Chlamydia (ကလက်မိုင်ဒီယား) […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်မှုရေးရာနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်း ၅ ခု

လိင်မှုရေးရာက အရွယ်ရောက်ပြီးသူတိုင်းနဲ့ ကင်းကွာလို့ မရပါဘူး။ မလိုအပ်တဲ့ မှားယွင်းထိခိုက်မှုတွေ မဖြစ်စေဖို့ဆိုရင် မှန်ကန်တဲ့ လိင်မှုရေးရာ ဗဟုသုတတွေ ရှိဖို့ လိုပါမယ်။ ဒါမှ လိင်ဆက်ဆံရာကနေတဆင့် ကူးစက်နိုင်တဲ့ရောဂါတွေကို ကာကွယ်နိုင်မှာ ဖြစ်သလို အရွယ်မတိုင်ခင် ကိုယ်ဝန်ဆောင်တာကိုလည်း ကာကွယ်ပေးနိုင်မှာပါ။ ဒါ့အပြင် သာယာပျော်ရွှင်စရာ ကောင်းတဲ့ ဆက်ဆံရေးတစ်ရပ်ကို ဖန်တီးနိုင်ဖို့လည်း ထောက်ကူပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ အရွယ်ရောက်ပြီးသူတိုင်း သိထားဖို့လိုမယ့် လိင်မှုရေးရာနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်း ၅ ခု ကို ပြောပြပေးချင်ပါတယ်။ https://hellosayarwon.com/sexual-wellness/sex-tips/sexual-health-facts/ လိင်မှုရေးရာနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်း ၅ ခု လိင်မှုရေးရာနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်း ၅ ခုက ဘာတွေဖြစ်မလဲ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ၁. ပါးစပ်နဲ့ လိင်ဆက်ဆံမှုကနေ ဘယ်လိုရောဂါတွေ ကူးစက်နိုင်လဲ ပါးစပ်နဲ့ လိင်ဆက်ဆံတယ်ဆိုတာက […]


လိင်မှတဆင့်ကူးစက်သော အခြားရောဂါများ

Sex toys တွေသုံးရင် STIs တွေ ကင်းပြီတဲ့လား !

လိင်ဆက်ဆံရာကနေတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ (STIs) တွေက လူအချင်းချင်း ထိတွေ့ဆက်ဆံမှ ကူးစက်နိုင်တာပါ။ ဒါကြောင့် sex toys တွေကို အသုံးပြုမယ်ဆိုရင် STIs တွေ ကူးစက်စရာ မရှိနိုင်လောက်ဘူးလို့ လူတော်တော်များများက ယူဆကောင်း ယူဆနိုင်ပါတယ်။ ဒီလို ယူဆတဲ့ အယူအဆက တကယ်ပဲ မှန်ရဲ့လား။ Sex toys တွေသုံးရင် STIs တွေ ကင်းပြီတဲ့လား ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ Sex toys တွေသုံးရင် STIs တွေ ကင်းပြီတဲ့လား Sex toys တွေသုံးရင် STIs တွေ ကင်းပြီတဲ့လား ဆိုတော့ မကင်းပါဘူး။ အထူးသဖြင့် Sex toys တွေကို မျှဝေသုံးစွဲမယ်ဆိုရင် လိင်ဆက်ဆံရာကနေတဆင့် ကူးစက်တတ်တဲ့ရောဂါတွေ ကူးစက်နိုင်ခြေကတော့ ရှိတုန်းပါပဲ။  […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

Sex Toys တွေကို အဆိပ်ဖြစ်စေတဲ့ တရားခံတွေ

အရင်ခေတ်တွေတုန်းက Sex Toys ဆိုတာတွေက သိပ် ခေတ်မစားလှပေမယ့် အခုနောက်ပိုင်းမှာတော့ Sex Toys တွေ ထုတ်လုပ်မှုတွေ များလာသလို အသုံးပြုသူတွေကလည်း များလာပါ။ ဒီလိုမျိုး Sex Toys တွေကို ထုတ်လုပ်တဲ့အခါ သုံးစွဲသူတွေ နှစ်သက်စေဖို့ အမျိုးမျိုးသော တီထွင်မှုတွေကို လုပ်ဆောင်ရင်း ထိတွေ့ခံစားမှုကောင်းစေဖို့အတွက် ဓာတုဗေဒပစ္စည်း အမျိုးမျိုးကို အသုံးပြုလာကြတာတွ ရှိပါတယ်။ ဒီလို အသုံးပြုတဲ့ ဓာတုပစ္စည်းအချို့က ဓာတ်ခွဲစမ်းသပ်လိုက်တဲ့အခါ အဆိပ်အတောက် ဖြစ်စေနိုင်တာကို တွေ့ရှိခဲ့ရပါတယ်။ အခုနောက်ပိုင်း ထုတ်လုပ်မှုတွေမှာ အန္တရာယ်ဖြစ်စေတဲ့ ဓာတုပစ္စည်း ပါဝင်မှုတွေ လျော့ကျလာပြီဆိုပေမယ့် သတိထားနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။ Sex Toys တွေကို အဆိပ်ဖြစ်စေတဲ့ တရားခံတွေ က ဘာတွေဖြစ်မလဲ ဆိုတာ နဲ့ ဘယ်လိုတွေ ထိခိုက်စေနိုင်လဲဆိုတာကို အတူတူ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံခြင်းနည်းလမ်းများ နဲ့ ကျန်းမာရေးကောင်းကျိုးဆိုးကျိုးများ

လိင်ဆက်ဆံခြင်းဆိုတာ သဘာဝကိစ္စဆိုပေမယ့် အလွန်အကျွံ မဖြစ်အောင်၊ မိမိနဲ့ မိမိအဖော်မထိခိုက်အောင် ဆက်ဆံသင့်ပါတယ်။ ပြီးပြည့်စုံတဲ့ လိင်မှုဆက်ဆံရေးဆိုတာ နှစ်ဦးနှစ်ဖက်ကျေနပ်ပြီး သာယာဖွယ်ကိစ္စ ဖြစ်နေဖို့ လိုပါတယ်။ နာကျင်မှုတွေ၊ အလိုမပြည့်ဝမှုတွေနဲ့ဆိုရင် နောက်တစ်ခါ အတူနေဖို့ကို ကြောက်လန့်နေရမှာပါ။ လိင်ဆက်ဆံခြင်းနည်းလမ်းများ က အမျိုးမျိုးရှိပါတယ်။ ဘယ်ဟာက ကိုယ်နဲ့ ကိုယ့်အဖော်အတွက် အဆင်ပြေမလဲ။ ဘယ်လိုကျန်းမာရေးအခြေအနေတွေရှိရင် ဘယ်လိုပုံစံနဲ့ ဆက်ဆံသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ လိင်ဆက်ဆံခြင်းနည်းလမ်းများ နဲ့ ကျန်းမာရေးကောင်းကျိုးဆိုးကျိုးများ စုံတွဲတွေကြားမှာ သမားရိုးကျနည်းတွေ ရိုးလာတဲ့အခါ ဒါမှမဟုတ် ကိုယ့်စိတ်ထဲမှာ ဒီလိုပုံစံနဲ့ လိင်ဆက်ဆံတာက ပိုကောင်းတယ်လို့ ယူဆတဲ့အခါ နည်းလမ်းအသစ်တွေကို အသုံးပြုလာကြပါတယ်။ နည်းလမ်းတိုင်းက စုံတွဲတိုင်းအတွက် အဆင်ပြေချင်မှ ပြေမှာပါ။ တစ်ခါတလေ ကိုယ့်အတွက် အဆင်ပြေပေမယ့် သူ့အတွက် အဆင်မပြေတာလည်း ရှိနိုင်ပါတယ်။ မိမိတို့စုံတွဲက အောက်မှာ ဆက်ပြောမယ့် ဘယ်ပုံစံနဲ့ အတူနေကြသလဲ။ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)