မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
သင့်လက်ချောင်းများရှိအရိုးများကို အရိုးဆစ်များphalangesများဟုခေါ်သည်။ လက်ချောင်းတခုတွင် အရိုးဆစ်သုံးခုရှိသည်။ ခြွင်းချက်အနေဖြင့် လက်မတွင် အရိုးဆစ်နှစ်ခုရှိသည်။ တခု(သို့)တခုထက်ပိုသောထိုလက်ရိုးဆစ်များကျိုးပါကလက်ချောင်းရိုးကျိုးခြင်းကိုဖြစ်ပွားစေသည်။ လက်ကျိုးခြင်းသည် လက်အားထိခိုက်ဒဏ်ရာရခြင်း၏ရလဒ်ဖြစ်သည်။ မည်သည့်အရိုးဆစ်မဆိုကျိုးနိုင်သည်။ သင့်၏လက်သီးဖုများသည်လည်း သင့်လက်ချောင်းရိုးများဆုံရာနေရာဖြစ်ပြီး ထိုနေရာတွင်လည်း ကျိုးနိုင်သည်။
ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
လက်ချောင်းရိုးများကျိုးခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့
သင့်လက်ချောင်းသည်ပုံလည်းပျက်နေနိုင်ပါသည်။ ကျိုးထားသော
လက်ချောင်းများသည် အလွန်နာကျင်နိုင်ပြီး အထူးသဖြင့် သင့်လက်ချောင်းများကို လှုပ်ရန်ကြိုးစားသောအခါတွင်ဖြစ်သည်။ သို့သော်တခါတရံတွင် နာကျင်မှုသည် စူးစူးဝါးဝါးမဟုတ်ပဲ ထိုနာကျင်မှုကို ခံနိုင်ရည်ရှိနေနိုင်တတ်သည်။ ဆိုးဆိုးဝါးဝါးနာကျင်မှုမရှိသော်လည်း ဆေးကုသမှုမလိုအပ်ဟုမဆိုလိုပါ။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
လက်ရှိအစိတ်အပိုင်းအားလုံးတွင် လက်ချောင်းများသည် ထိခိုက်မှု
အန္တာရာယ်အများဆုံးဖြစ်သည်။ ပစ္စည်းကိရိယာများဥပမာတူ(သို့)လွှဖြင့် အလုပ်လုပ်နေစဉ်တွင်လည်းသင့်လက်ချောင်းကို သင်ထိခိုက်စေတတ်သည်။ လျင်မြန်သောအရှိန်နှင့်လာသောအရာ ဥပမာ-ဘေ့ဘော တခုခုသင့်လက်ကိုထိမိလျှင်လည်း သင့်လက်ချောင်းကျိုးသွားနိုင်သည်။ တံခါးတခုတွင် သင့်လက်ညှက်မိခြင်းနှင့်သင့်လက်ကိုလဲကျသောအခါထောက်မိခြင်းဖြင့်လည်း သင့်လက်ချောင်းများကို ကျိုးသွားစေတတ်သည်။ ထိ
ခိုက်ဒဏ်ရာ၏သဘာဝနှင့် အရိုး၏ခိုင်ခံ့မှုသည် အရိုးကျိုးခြင်းရှိမရှိ
ကိုဆုံးဖြတ်ပေးသည်။ အရိုးပွခြင်းနှင့် အာဟာရဓါတ်ချို့တဲ့ခြင်းကဲ့
သို့သောအခြေအနေများကလည်း လက်ချောင်းကျိုးစေနိုင်သည့်
ဖြစ်နိုင်ချေကိုများစေသည်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
လက်ချောင်းကျိုးခြင်းအားအဖြေရှာအတည်ပြုမှုသည် သင့်ဆရာဝန်မှသင့်ကျန်းမာရေးရာဇဝင်အားမေးမြန်းမှုနှင့်ကြည့်ရှူကိုင်တွယ်ထိတွေ့စစ်ဆေးခြင်းမှ စတင်သည်။ လက်ချောင်းများကိုဓါတ်မှန်ရိုက်ခြင်းဖြင့်လက်ချောင်းကျိုးခြင်းရှိမရှိကို သိနိုင်သည်။
ကျိုးသွားသော လက်ချောင်းအား ကုသမှုသည် ကျိုးသွားသည့်နေရာနှင့် အရိုး၏တည်ငြိမ်မှုရှိမရှိပေါ်တွင် မူတည်သည်။ ကျိုးနေသောလက်ချောင်းအား ဘေးကပ်ရပ်ရှိလက်
ချောင်းအကောင်းနှင့်ကပ်စည်းကာငြိမ်အောင်ထိန်းထားရတတ်
သည်။ မတည်ငြိမ်သေးသည့် ကျိုးထားသောအရိုးများအား ငြိမ်ငြိမ်ထားရန်လိုအပ်သည်။ ဆရာဝန်များသည် သင့်၏ကျိုးထားသောအရိုးအားပုံမှန်အနေအထားအတိုင်းညီညာ
အောင်ပြုလုပ်ပြီးနောက် တခုခုဖြင့်ကျပ်စည်းထားတတ်သည်။
အကယ်၍ကျိုးထားသောအရိုးသည် မတည်ငြိမ်ပဲနေရာလွဲနေပါက
သင့်ဆရာဝန်သည် ခွဲစိတ်ကုသပါလိမ့်မည်။ သင့်တွင် အောက်ပါအခြေအနေများရှိပါက ခွဲစိတ်ကုသခြင်းဖြင့် ကျိုးထားသောအရိုးအား ငြိမ်အောင်ထိန်းထားရတတ်သည်။
အရိုးဆရာဝန်(သို့)လက်ခွဲစိတ်ဆရာဝန်သည် ကျိုးသွားသောအရိုး
အတွက် အကောင်းဆုံးကုသမှုကို ဆုံးဖြတ်ပေးပါလိမ့်မည်။ ပင်အပ်၊
ဝက်အူများနှင့် ဝါယာကြိုးများကိုကျိုးနေသောလက်ချောင်းများအား
ခွဲစိတ်ပြုပြန်ရန်သုံးတတ်သည်။ သင့်တော်သောရောဂါရှာအတည်ပြု
ခြင်း၊ကုသမှုနှင့် ကျိုးသွားသောလက်ချောင်းများအားပြန်လည်လေ့
ကျင့်ပျိုးထောင်မှုတို့ဖြင့် လက်၏စွမ်းရည်နှင့်ကြံ့ခိုင်မှုကို ထိန်းကွပ်
ကာ ပုံပန်းမကျဖြစ်သွားခြင်းကိုကာကွယ်နိုင်ပါသည်။ ကျိုးသွားသော
လက်ချောင်း၏ပြန်ကောင်းရန်လိုအပ်သည့်အချိန်မှာ အပတ်အနည်း
ငယ်မှတစ်နှစ်အထိ များပြားသောအကြောင်းအရာများပေါ်မူတည်၍ ရှိနေနိုင်သည်။ ရောဂါတိုးတက်မှုအခြေအနေသည်လည်း မတူညီ
သောအကြောင်းအရာများအပေါ်မူတည်သည်။ဥပမာ-အာရုံကြော၊(သို့)သွေးကြောထိခိုက်မှုရှိမရှိနှင့် အရိုးဆစ်၏မျက်နှာ
ပြင်အားထိခိုက်မှုကြောင့် အဆစ်အမြစ်ရောင်ခြင်းရှိမရှိ တို့ဖြစ်သည်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက လက်ချောင်းရိုးများကျိုးခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် လက်ချောင်းရိုးများကျိုးခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။