backup og meta

အဆီဓါတ်နှင့် နှလုံးရောဂါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Sandy Kyaw မှ ရေးသားသည်။ · 22/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဆီဓါတ်နှင့် နှလုံးရောဂါ

အဆီဓါတ် (cholesterol)ဆိုတာ ဘာလဲ။

အဆီဓါတ် (cholesterol)ဆိုတာ အဆီလို ပစ္စည်းတစ်မျိုး

ဖြစ်ပြီး သင့်ခန္ဓါကိုယ်က ဆဲလ်အသစ်တွေထုတ်တာ၊ ဟော်မုန်းတွေထုတ်တာ၊အာရုံကြောတွေတည်ဆောက်တဲ့

နေရာမှာ အကူညီပေးပါတယ်။ သင့်ခန္ဓါကိုယ်က လိုအပ်တဲ့

အဆီဓါတ် (cholesterol) ကို များသောအားဖြင့် အသည်း

ကနေထုတ်ပါတယ်။ သင်က အဆီဓါတ်တွေကို တစ်ချိ ု့သော

အစားအစာများကို စားပေးခြင်းဖြင့် တက်လာအောင် ပြ ုလုပ်

လို့ရပါတယ်။၎င်းအစားအစာတွေကတော့ အမဲသား၊နွားနို့၊

ကြက်ဥ၊နဲ့ တစ်ခြား တိရစ္ဆာန်ထွက်ပစ္စည်းတွေကိုစားခြင်းနဲ့

တက်နိုင်ပါတယ်။

အဆီဓါတ် (cholesterol)က သင့်ခန္ဓါကိုယ် သွေးကြောထဲ

မှာလှည့်ပတ်သွားလာနေပါတယ်။ သိပ်သည်းဆနည်းတဲ့အဆီ

ဓါတ် (LDL)လို့ခေါ်တဲ့မကောင်းတဲ့အဆီဓါတ်ကတော့ သွေးကြောတွေရဲ့နံရံမှာ ကပ်နေတတ်ပြီး နောက်ဆုံးမှာ သွေး

ကြောတွေပိတ်ခြင်းကို ဖြစ်စေလို့ မကောင်းတဲ့အဆီလို့ခေါ်ပါ

တယ်။ သိပ်သည်းဆများတဲ့အဆီဓါတ် (HDL)ကိုတော့

ကောင်းတဲ့အဆီလို့ခေါ်ကြပါတယ်။ ဘာလို့လဲဆိုတော့ သူက သွေးထဲက အဆီဓါတ် (cholesterol)ကို ဖယ်ရှားနိုင်တဲ့ အစွမ်းရှိလို့ပဲဖြစ်ပါတယ်။

တကယ်လို့ သင့်ခန္ဓါကိုယ်ထဲမှာ အဆီဓါတ် cholesterol တွေ အများကြီးစုနေပြီဆိုရင်တော့ သင့်မှာ နှလုံးရောဂါရဖို့ အခွင့်အလမ်းတွေတအား များနေပါပြီ။

အဆီဓါတ် (cholesterol)နှင့် နှလုံးရောဂါ။

သင့်သွေးထဲမှာ အဆီဓါတ် (cholesterol)တွေတအား များနေတယ်ဆိုပါက သင့်သွေးကြောတွေထဲမှာ အဆီဓါတ်

တွေတအားများလာနိုင်ပြီး နှလုံးရောဂါပုံစံတစ်ခုဖြစ်တဲ့

သွေးကြောများမာပြီး ပိတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ သွေး

လွှတ်ကြောတွေဟာ ကျဉ်းမြောင်းလာပြီး နှလုံးကြွက်သားတွေ ကိုသွားတဲ့ သွေးစီးဆင်းမှုနည်းလာမယ် သို့မဟုတ် သွေးစီးတဲ့လမ်းကြောင်းကို ပိတ်သွားနိုင်ပါတယ်။

သွေးဆိုတာဟာ နှလုံးကို အောက်စီဂျင်သယ်တဲ့တာဝန်ကို

လုပ်တယ်ဆိုတာ သိထားပြီးသားဖြစ်ပါတယ်။ ထို့ကြောင့် တကယ်လို့ နှလုံးက လုံလောက်တဲ့ အောက်ဆီဂျင်နဲ့ သွေး

ကို မရပါက ရင်ဘတ်အောင့်ခြင်းတွေဖြစ်လာနိုင်ပါတယ်။

ပိုဆိုးလာပါက နှလုံးကို သွေးပို့တဲ့ လမ်းကြောင်းမှာ တစ်နေရာရာမှာ ပိတ်သွားခဲ့ပါက နှလုံးရုတ်တရက်ထိခိုက်ခြင်းမျိုးဖြစ်နိုင်ပါတယ်။ အပေါ်မှာ

ပြောပြထားခဲ့သလိုပါပဲ သွေးကြောတွေမှာ သွေးခဲ ပိတ်နေခြင်းဟာ အဓိကကတော့ မကောင်းတဲ့ အဆီဓါတ်

LDL ကြောင့် ဖြစ်ရပါတယ်။

Triglyceridesလု့ိခေါ ်တဲ့ ကျွန်တော်တို့သွေးထဲမှာစီးဆင်း

နေတဲ့ အဆီပုံစံတစ်မျိုးဖြစ်ပြီး ဒီ အဆီတွေများနေပါကလည်း နှလုံးရောဂါဖြစ်မှု နဲ့ဆက်စပ်မှုရှိပါတယ်။

အစားအသောက်ထဲက အဆီဓါတ်(cholesterol)အရင်းအမြစ်များ။

မကောင်းတဲ့အဆီများ (Trans fats)နှင့် ပြည့်ဝသောအဆီများ(saturated fats)

မကောင်းတဲ့အဆီများ(trans fats) က မကောင်းတဲ့အဆီ

ဓါတ်ဖြစ်တဲ့ LDL ကိုတက်စေပြီး ကောင်းတဲ့အဆီဖြစ်တဲ့

HDL ကို လျော့ကျစေပါတယ်။ ထို့ကြောင့် အာဟာရမရှိတဲ့

အစားအစာတွေမှာ မကောင်းတဲ့အဆီတွေပါတာကြောင့်

နှလုံးရောဂါ ဖြစ်နိုင်တဲ့အန္တရာယ် ပိုများပါတယ်။

အစားအသောက် ထဲမှာပါတဲ့ မကောင်းတဲ့အဆီများ (trans fats) ကို ပြ ုလုပ်ထားတဲ့အစားအသောက်ပုံစံများမှာ တွေ့

ရတတ်ပါတယ်။ မကောင်းတဲ့အဆီတွေကိုရှောင်နိုင်ဖို့အတွက်

အစားအသောက်တွေမှာ မကောင်းတဲ့အဆီပါတယ် လို့ တံဆိပ်တပ်ထားတွေကို ရှောင်နိုင်ပါတယ်။

ပြည့်ဝသောအဆီများထဲမှာမကောင်းတဲ့အဆီဖြစ်တဲ့ LDLအဆီဓါတ်တွေ တွေ့နိုင်ပြီး ၎င်းတို့ကို အနည်းငယ်သာ

စားသုံးသင့်ပါတယ်။ ပြည့်ဝသော အဆီများပါဝင်တဲ့ အရင်းအမြစ်တွေကတော့

-ချိုချဉ်များ

-ဖုတ်ထားသောမုန့်များ

-ကြော်ထားသောအစားအသောက်များ

-အနီရောင်ရှိသောအသား

-ပြ ုလုပ်ပြင်ဆင်ထားသောအသားများ

-အဆီပါသောအသားများ

-အုန်းဆီများ

-အဆီပါသောနို့ထွက်ပစ္စည်းများ

ဒီလိုအစားအသောက်တွေကို အများကြီးစားသောက်ခြင်း၊ အလွယ်တကူအမြန်ရတဲ့အစားအသောက်များ၊ပြင်ဆင်ပြ ုလုပ်ထားတဲ့အစားအသောက်များကိုစားခြင်းနဲ့ အဝလွန်ခြင်း

ဝိတ်တက်ခြင်းတို့ဖြစ်လာစေပြီး သင့်ကို နှလုံးရောဂါပိုဖြစ်စေ

ခြင်းနဲ့ တစ်ခြား ကျန်းမာရေးပြသနာတွေပိုဖြစ်ဖို့ အခွင့်အ

လမ်း များစေပါတယ်။

အဆီဓါတ်များတဲ့ ရောဂါလက္ခဏာများ။

သင့်မှာ အဆီဓါတ်များခြင်းဖြစ်ပါက များသောအားဖြင့် လက္ခဏာတွေမပြတတ်ပါဘူး။ လူတော်တော်များများကတော့

သူတို့မှာ အဆီဓါတ်တွေတအားများနေတာကို သိပ်သတိမ

ထားမိတတ်ကြပါဘူး။ သင့်ရဲ့အဆီဓါတ် ဘယ်လောက်တက်

နေတာလဲဆိုတာကို သိရတာနဲ့ ဒီအဆီဓါတ်တွေကို ဘယ်လို လျှော့ချရမလဲဆိုတဲ့နည်းလမ်းတွေကို ချက်ခြင်းရှာဖွေဆောင်ရွက်ရပါမယ်။

Hello Health Group မှ ဆေးပညာ အကြံပေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသမှုပေးခြင်းများ မပြ ုလုပ်ပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Sandy Kyaw မှ ရေးသားသည်။ · 22/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement