နှလုံးကြီးနေသူတွေ အနေနဲ့ နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်တဲ့ အသီးတွေ ဖြစ်တဲ့ ဘယ်ရီသီးတွေကို စားပေးဖို့ လိုပါမယ်။ စတော်ဘယ်ရီသီးတွေ၊ ဘလူးဘယ်ရီသီးတွေ၊ ဘလက်ခ် ဘယ်ရီသီးတွေ၊ ရက်စ်ဘယ်ရီသီးတွေကို စားပေးဖို့ လိုပါမယ်။
ဘယ်ရီသီးတွေမှာ anthocyanins လိုမျိုး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့် ရောင်ရမ်းမှုတွေကို ကျဆင်းစေပြီး နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
ဆယ်လ်မွန်ငါးနဲ့ အဆီပါဝင်မှုများတဲ့ ပင်လယ်ငါးတွေ ဖြစ်ကြတဲ့ ဆာဒင်းငါး၊ မက်ကာရယ်ငါး စတာတွေမှာ အိုမီဂါသရီး ဖက်တီးအက်ဆစ် ပါဝင်နေတာကြောင့် နှလုံးစည်းချက် မမှန်တာကို သက်သာစေနိုင်သလို သွေးကြောတွေထဲက စုပုံနေတဲ့ အဆီတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ သွေးတွင်းအဆီ ကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ တစ်ပတ်ကို ၂ ကြိမ်လောက် စားပေးရင်ကို လုံလောက်ပါတယ်။
လေ့လာမှုတွေအရ အနက်ရောင် ချောကလက် ကိုကိုး 60 – 70 % လောက် ပါဝင်နေတဲ့ အနက်ရောင် ချောကလက်တွေက နှလုံးကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ အနက်ရောင် ချောကလက်မှာပါတဲ့ ဖလေဗာနွိုက်က သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို သွေးခဲတာမျိုး၊ ရောင်ရမ်းတာမျိုးတွေကို သက်သာ စေနိုင်ပါတယ်။
အချဉ်ဓာတ်ပါတဲ့ အသီးတွေမှာ ဖလေဗာနွိုက် ကြွယ်ဝစွာ ပါဝင်နေပြီး နှလုံးကြီးတာကို သက်သာစေနိုင်သလို နှလုံးရောဂါနဲ့ လေဖြတ်တာမျိုး ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
နေ့စဉ် စားသုံးမှုမှာ သံပုရာသီး နည်းနည်းလောက် ပါအောင် စားသုံးပေးပါ။
အာလူးမှာ ကစီဓာတ် ပါဝင်တယ်ဆိုပေမယ့် အာလူးကို ကြော်စားတာမျိုး မဟုတ်ဘူးဆိုရင် စားပေးသင့်ပါတယ်။ အာလူးမှာ နှလုံးကျန်းမာစေနိုင်တဲ့ ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေသလို သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကလည်း သွေးတွင်းအဆီကို ကျဆင်းစေပြီး နှလုံးကြီးသူတွေကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။