သစ်သီးဝလံကို မကြာခဏဆိုသလို စားသုံးလေ့ရှိသူတွေ၊ သစ်သီးဝလံကို နှစ်နှစ်ခြိုက်ခြိုက် စားသုံးလေ့ရှိသူတွေမှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကောင်းမွန်တဲ့ လက္ခဏာတွေ ပိုမိုတွေ့ရှိရသလို စိတ်ဓာတ်ကျမှုလည်း ကင်းကြပါတယ်။
လေ့လာမှုအတွင်း တွေ့ရှိခဲ့ရတာက နေ့စဉ် စားသုံးမှုမှာ သစ်သီးဝလံ ပါဝင်အောင် စားသုံးလေ့ရှိသူတွေဟာ သစ်သီးမစားတဲ့သူတွေထက် စိတ်ဓာတ်ကျနိုင်ခြေ နည်းပါတယ်။ လေ့လာမှုအတွင်း သုတေသီတွေ တွေ့ရှိခဲ့တာက အာလူးကြော်လိုမျိုး အာဟာရ ပါဝင်မှု နည်းပါးတဲ့ သွားရေစာတွေကို စားသုံးတာက စိတ်ပူပန်မှုကို တိုးစေနိုင်တယ်ဆိုတာပါ။
ဒီလေ့လာမှုအတွင်း အရွယ်ရောက်ပြီးသူ ၄၂၈ ဦးကို စောင့်ကြည့်လေ့လာခဲ့တာဖြစ်ပြီး သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အချိုကဲတဲ့ သရေစာတွေကို စားသုံးမှုနဲ့ ၎င်းတို့ရဲ့ စိတ်ကျန်းမာရေး အခြေအနေကြား ဆက်စပ်မှုကို လေ့လာခဲ့တာပါ။
ဒီလေ့လာမှုအတွင်း အသက်အရွယ် အပိုင်းအခြား၊ ကျန်းမာရေး အခြေအနေ၊ လေ့ကျင့်ခန်း လုပ်ဆောင်မှု အတိုင်းအတာတွေ အားလုံးကို ထည့်သွင်းလေ့လာခဲ့ပါတယ်။ လေ့လာမှုအတွင်း တွေ့ရှိခဲ့တာက အာဟာရ ကြွယ်ဝတဲ့ သစ်သီးတွေ များများစားသုံးသူတွေက အချိုကဲတဲ့ သရေစာတွေ စားသုံးတဲ့သူတွေထက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပိုကောင်းတာကို တွေ့ရှိခဲ့ရပါတယ်။
လေ့လာမှု ရလဒ်မှာ သစ်သီးဝလံ များများစားတဲ့သူတွေကအခြားသူတွေထက် စိတ်ဓာတ်ကျနိုင်ခြေ နည်းပြီး စိတ်ပိုင်းဆိုင်ရာ ပိုမိုကျန်းမာကြတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီလေ့လာမှုမှာ တစ်ပတ်တာအတွင်း စားတဲ့ပမာဏထက် စားတဲ့အကြိမ်ရေက စိတ်ကျန်းမာရေးအပေါ် ပိုပြီးသက်ရောက်မှုရှိတာကို တွေ့ရပါတယ်။ ဒီနေရာမှာ ဟင်းသီးဟင်းရွက်တွေကိုတော့ ထည့်မလေ့လာထားပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။