မင်းဂွတ်သီးက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာကြောင့် အရေပြားပေါ်က ကျန်းမာတဲ့ဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးသလို အရေပြားဆဲလ်တွေဆီကို သွေးနဲ့ အာဟာရဓာတ်တွေ စီးဆင်းရောက်ရှိမှု ကောင်းမွန်စေဖို့ လုပ်ဆောင်ပေးပါတယ်။
အရေပြားကို ဘက်တီးရီးယားတွေကြောင့် ထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို အရွယ်တင်ပြီး ကျန်းမာလှပနေစေမှာပါ။
အရသာရှိလှတဲ့ မင်းဂွတ်သီးက အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အဆာခံနိုင်စေပြီး ခဏခဏ စားမိတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးသလို အင်ဆူလင် တုံ့ပြန်မှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး အစားစားပြီးချိန်မှာရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။
ဆီးချိုလက္ခဏာတွေကို ထိထိရောက်ရောက် ထိန်းညှိပေးနိုင်ပါတယ်။
မင်းဂွတ်သီးမှာ ဗီတာမင် C၊ ဗီတာမင် B အုပ်စု နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့် အရေပြားကို ကျန်းမာစေပြီး အရေပြားဆဲလ်တွေကို လိုအပ်တဲ့ အာဟာရတွေ ပြည့်ပြည့်ဝဝ ရရှိစေဖို့ ထောက်ကူပေးပါတယ်။ သွေးစီးဆင်းမှု ကောင်းစေပြီး အရေပြားကို နေရောင်ကြောင့် မပျက်စီးအောင် ကာကွယ်ပေးပါတယ်။ ဝက်ခြံ၊ အမာရွတ်၊ အရေးအကြောင်းတွေကို သက်သာစေပြီး အသားအရေကို ကြည်လင် လှပစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
မင်းဂွတ်သီးမှာ အပင်ကနေရတဲ့ bioactive componentတွေ ပါဝင်နေတာကြောင့် ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးသလို ကင်ဆာမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အသည်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အူ နဲ့ ပန်ကရိယကင်ဆာတွေ မဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ မင်းဂွတ်သီး စားပေးလို့ ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။