အသားအရေ ကျန်းမာစေတယ် အာလူးက ဗီတာမင် C နဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်း ကြွယ်ဝတာက အသားအရေကို ကျန်းမာစေပြီး ဝက်ခြံ နဲ့ ဝက်ခြံ အမာရွတ်တွေကို သက်သာစေနိုင်ပါတယ်။
- အမည်းစက်တွေကို သက်သာစေတယ်
မျက်ကွင်းညိုတာ နဲ့ မျက်နှာပေါ်က အမည်းစက်တွေကို သက်သာစေဖို့လည်း အာလူးခွံကို အသုံးပြုပေးလို့ ရပါတယ်။
သတိထားရမယ့် အချက်များ
အာလူးခွံက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် မဖြစ်မနေ စားရမယ်လို့တော့ မဟုတ်ပါဘူး။ အထူးသဖြင့် စိမ်းနေတဲ့ အာလူးခွံတွေ၊ အညှောင့်ထွက်နေတဲ့ အာလူးခွံတွေ၊ ပိုးပေါက်ပါနေတာတွေဆို မစားသုံးသင့်ပါဘူး။ အာလူးကို အခွံပါ ထည့်ချက်မယ်ဆိုရင်လည်း ရေစင်အောင် ဆေးပြီး သေချာကျက်အောင် ချက်စားဖို့ လိုပါတယ်။ ချက်ပြီးတာတောင် ခါးနေသေးတယ်ဆိုရင်လည်း မစားသင့်ပါဘူး။
အရေပြားမှာ အသုံးပြုမယ်ဆိုရင်လည်း အစေးမလောင်အောင် သတိထားပါ။ ဓာတ်မတည့်ဖြစ်တတ်သူတွေ၊ ထိခိုက်မခံတဲ့ အသားအရေရှိသူတွေကတော့ အသုံးမပြုတာ ပိုကောင်းပါတယ်။
အာလူးခွံက အကျိုးကျေးဇူးတွေ ရှိတယ်ဆိုပေမယ့် သတိထားပြီး အသုံးပြုတာ အကောင်းဆုံးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။