အဓိပ္ပါယ်ဖွင့်ဆိုချက်
Premature Ovarian Failure (အချိန်မတိုင်ခင် သားဥအိမ် ပျက်စီးခြင်း) ကဘာလဲ။
အချိန်မတိုင်ခင် သားဥအိမ်ပျက်စီးခြင်း ဆိုတာဟာ အသက် ၄၀ မပြည့်ခင်ကတည်းက သားဥအိမ်ရဲ့ ပုံမှန်လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေ ပျက်စီးသွားတာ၊ မလုပ်ဆောင်နိုင်တော့တာ ကိုဆိုလိုပါတယ်။ သားဥအိမ်တွေပျက်စီးသွားတဲ့အခါ ပုံမှန်အတိုင်း အီစထရိုဂျင် ဟော်မုန်း မထုတ်နိုင်တော့တဲ့ အပြင် သားဥလေးတွေကို လည်း ပုံမှန်မထုတ်ပေးနိုင်တော့ ပါဘူး။ အဲဒီအတွက်ကြောင့် မျိုးမအောင်ခြင်း ဆိုတာ ဖြစ်လာရပါတယ်။