backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ရင်သားကျန်းမာလှပဖို့ စားပေးသင့်တဲ့ အစားအစာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Eaindray Kha မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ရင်သားကျန်းမာလှပဖို့ စားပေးသင့်တဲ့ အစားအစာများ

ရင်သားကျန်းမာလှပဖို့ စားပေးသင့်တဲ့ အစားအစာများ

ရင်သားလေး လှပပြီး ကျန်းမာရေးကောင်းမွန်တယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုစေမှာပါ။ ရင်သား ကျန်းမာရေး ကောင်းမွန်စေဖို့နဲ့ ကြီးထွားဖွံ့ဖြိုးဖို့အတွက် အစားအစာတွေက ကူညီပေးနိုင်ပါတယ်။ အစားအစာတွေက ခန္ဓါကိုယ် အားအင်ရှိဖို့ အထောက်အကူပြုသလို ရင်သားက ကြွက်သားတွေ သန်မာဖို့အတွက်လည်း ထောက်ပံ့ပေးပါတယ်။ ဘာတွေ စားရမလဲဆိုတာ ဖတ်ကြည့်ဦးနော်။

အဆီပါတဲ့ငါး

အဆီပါဝင်တဲ့ ငါးတွေမှာ ရင်သားကျန်းမာရေးကို ကောင်းမွန်စေတဲ့ အိုမီဂါ (၃) နဲ့ ဗီတာမင် ဒီတွေ ပါဝင်ပါတယ်။ ဗီတာမင် ဒီ လုံလုံလောက်လောက် ပါဝင်တာက ရင်သားကင်ဆာ ဖြစ်ပွားခြင်းကိုလည်း လျှော့ကျစေပါတယ်။ မာကျူရီ အများကြီး ပါတဲ့ ပင်လယ်စာတွေကိုတော့ ရှောင်စားရမှာပါနော်။

မုန်လာဥ

မုန်လာဥကတော့ ရင်သားပတ်လည်မှာ ရှိတဲ့ တစ်ရှူးတွေဆီ သွေးစီးဆင်းမှု အားကောင်းစေဖို့ စွမ်းဆောင်ပေးနိုင်ပါတယ်။ သွေးလည်ပတ်မှု ကောင်းတာကြောင့် မုန်လာဥကို ပုံမှန်လေး စားပေးမယ်ဆိုရင် ရင်သားအရွယ်အစား ကြီးထွားလာစေပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးမှာ ပါဝင်တဲ့ မဂ္ဂနီစီယမ်နဲ့ ပိုတက်စီယမ်တွေဟာ ကြွက်သားတွေကို တင်းမာစေပါတယ်။ ငှက်ပျောသီးမှာ ပါဝင်တဲ့ အာဟာရဓါတ်တွေနဲ့ သတ္တုဓါတ်တွေဟာ ရင်သားကို ကြီးထွားဖွံ့ဖြိုးစေပါတယ်။ စိမ်းတဲ့ငှက်ပျောသီးထက် မှည့်တဲ့ ငှက်ပျောသီးကို ပိုစားပေးပါ။

နွားနို့နဲ့ နို့ထွက်ပစ္စည်းများ

နို့ထွက်ပစ္စည်းမှာ ပါဝင်တဲ့ အဆီဓါတ်ဟာ ရင်သားတွေကို ကြီးထွားစေတဲ့အပြင် ကျန်းမာရေးလည်း ကောင်းစေပါတယ်။ နွားနို့၊ ချိစ်၊ ဒိန်ချဉ်လေးတွေ စားပေးပါ။

ဟင်းသီးဟင်းရွက်

ဟင်းနုနွယ်ရွက်၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီမှာ ပါဝင်တဲ့ Lignans ဟာ ရင်သားကျန်းမာရေးကို ကောင်းစေတဲ့အပြင် ရင်သားကိုပါ ဖွံ့ဖြိုးစေပါတယ်။ ဒါ့အပြင် ဓါတ်တိုးဆန့်ကျင်မှုနဲ့ ဗီတာမင်တွေ ပါဝင်တာကြောင့် ရင်သားအတွက် ကောင်းမွန်တဲ့ တစ်ရှူးတွေကို ဖြစ်စေပြီး free radicals တွေကို ကာကွယ်ပေးတာကြောင့် ဖွံ့ဖြိုးတဲ့အပြင် ရင်သားတဝိုက်မှာ အသားအရေ မညီညာတာတွေ မဖြစ်စေတော့ပါဘူး။

မြေပဲ

မြေပဲမှာ ရင်သားကြီးထွားစေဖို့အတွက် လိုအပ်တဲ့ Estrogen လိုမျိုး ပရိုတင်း၊ အဆီတွေ ပါဝင်ပါတယ်။ ဒီအရင်းအမြစ်တွေကို မြေပဲကနေ ရရှိစေနိုင်ပါတယ်။

မိန်းကလေးတို့ရေ ကိုယ်နေတိုင်းစားသုံးမယ့် အစားအစာထဲမှာ ဖော်ပြခဲ့တဲ့ အစားအစာလေးတွေ စားသုံးပေးမယ်ဆိုရင် ကျန်းမာမှာ ဖြစ်သလို ရင်သားလည်း ကြီးထွားဖွံ့ဖြိုးလာမှာ သေချာပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Eaindray Kha မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement