အဓိပ္ပါယ်ဖွင့်ဆိုချက်
Vaginitis (မိန်းမကိုယ်ရောင်ရမ်းခြင်း) ကဘာလဲ။
မိန်းမကိုယ်ရောင်ရမ်းခြင်းဆိုသည်မှာ မိန်းမကိုယ်သည်ရောင်ရမ်းနာကျင်၍ ယားယံကာ အရည်များဆင်းခြင်းကို ဆိုလိုသည်။ ဖြစ်ရသော အကြောင်းအရင်းမှာ မိန်းကိုယ်အတွင်းရှိ ဘက်တီးရီးယား(သို့) အခြားသောပိုးများ မမျှတ၍ဖြစ်သည်။ သွေးဆုံးပြီးသောအခါအီစထရိုဂျင်ဟော်မုန်းပမာဏများသွေးထဲတွင် လျော့ကျလာခြင်းနှင့် အခြားသော အရေပြားရောဂါများသည် မိန်းမကိုယ်ရောင်ရမ်းခြင်းကို ဖြစ်စေတတ်သည်။