လိင်ဆက်ဆံမှုမပြုဘဲ မိန်းမကိုယ်ပိုးဝင်နိုင်ပါသလား

    လိင်ဆက်ဆံမှုမပြုဘဲ မိန်းမကိုယ်ပိုးဝင်နိုင်ပါသလား

    လိင်ဆက်ဆံမှု မရှိရင် မိန်းမကိုယ်ကူးစက်ရောဂါ ဖြစ်ပွားခြင်း မဖြစ်နိုင်ဘူးလို့ လူအတော်များများက ယုံကြည်ကြပါတယ်။ ဒါဟာ မှန်ကန်ပါသလား။ ဒီဆောင်းပါးမှာတော့ လိင်မဆက်ဆံပဲ မိန်းမကိုယ်ကူးစက်ရောဂါဖြစ်ပွားနိုင်သလားဆိုတဲ့ အချက်အလက်တွေကို ဖေါ်ပြသွားမှာဖြစ်ပါတယ်။

    မိန်းမကိုယ်ကူးစက်ရောဂါ ဖြစ်ပွားခြင်း ကို ဘယ်လိုသိရှိမလဲ။

    မိန်းမကိုယ်ကူးစက်ရောဂါ ဖြစ်ပွားခြင်းရဲ့ လက္ခဏာ အများစုကတော့ မိန်းမကိုယ် တစ်ဝိုက်မှာ ယားယံခြင်း၊ ပူလောင်ခြင်း၊ နာကျင်ခြင်းနဲ့ ပုံမှန်မဟုတ်တဲ့ အရည်ဆင်းခြင်း တွေပဲ ဖြစ်ပါတယ်။ သင်ဟာ လိင်ဆက်ဆံမှုများပြီး မကြာသေးမီက လူတစ်ယောက်ယောက်နဲ့ လိင်ဆက်ဆံခဲ့ပြီး အထက်ဖေါ်ပြပါ လက္ခဏာတွေကို ကြုံတွေ့နေရပြီဆိုရင် သင့်မှာ လိင်မှ တစ်ဆင့် ကူးစက်ရောဂါဖြစ်ပွားနေဖို့ များပါတယ်။

    မိန်းမကိုယ်ကူးစက်ရောဂါ ဖြစ်ပွားခြင်းဟာ လိင်မှုဆိုင်ရာ ပတ်သက်မှု များသူတွေမှာ မက လိင်မဆက်ဆံတဲ့သူတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ အထက်ဖေါ်ပြပါ လက္ခဏာတွေ ရှိနေပြီဆိုရင် မိန်းမကိုယ်ကူးစက်ရောဂါ ဖြစ်ပွားခြင်း၊ လိင်မှတစ်ဆင့်ကူးစက်ရောဂါ ဖြစ်ပွားခြင်းတွေ ဖြစ်ဖို့ ရာခိုင်နှုန်း အလွန်များပါတယ်။ ဒါကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်ခင် ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။

    မိန်းမကိုယ်ကူးစက်ရောဂါ အမျိုးအစားများ

    Bacterial vaginosis ဟာ မိန်းမကိုယ်အတွင်း ဘက်တီးရီးယားတစ်မျိုး အပွားလွန်မှုကြောင့် ဖြစ်ပွားပါတယ်။ လက္ခဏာတွေကတော့ မိန်းမကိုယ်အတွင်း ငါးညှီနံ့နံခြင်း၊ ပုံမှန်ထက်ပိုပြီး မိန်းမကိုယ်အတွင်း အရည်များခြင်းနဲ့ မိန်းမကိုယ် ပတ်လည်တွင် ယားယံခြင်းတို့ပဲဖြစ်ပါတယ်။ ဒီရောဂါဟာ လိင်ဆက်ဆံတဲ့သူတွေမှာရော၊ လိင်မဆက်ဆံတဲ့သူတွေမှာပါ ဖြစ်ပွားနိုင်ပါတယ်။

    မှိုရောဂါပိုး – သူဟာမှိုတစ်မျိုး မိန်းမကိုယ်အတွင်းမှာ အပွားလွန်ခြင်းကြောင့် ဖြစ်ပွားတာဖြစ်ပါတယ်။ လက္ခဏာတွေကတော့ မိန်းမကိုယ် (သို့) vulva တစ်ပတ်လည်မှာ ပူလောင်၊ နီရဲ၊ ရောင်ရမ်းခြင်း၊ လိင်ဆက်ဆံစဉ် (သို့) ဆီးသွားစဉ် နာကျင်ခြင်း၊ မိန်းမကိုယ်မှ ပုံမှန်မဟုတ်တဲ့ အရည်ဆင်းခြင်း၊ အနီရောင်အကွက် မိန်းမကိုယ်အပြင်မှာ တွေ့ရခြင်းတို့ပဲဖြစ်ပါတယ်။

    မိန်းမကိုယ်ကူးစက်ရောဂါ ဖြစ်ပွားခြင်းကို ဘယ်လို လျှော့ချမလဲ။

    • မိန်းမကိုယ်နဲ့ လိင်အင်္ဂါတွေကို သန့်ရှင်းစွာ ထားသင့်ပါတယ်။ မိန်းမကိုယ်အပြင်ဝနဲ့ ကိုယ်ခန္ဓါအောက်ပိုင်းကို အထူးပြုလုပ်ထားတဲ့ ဆပ်ပြာကိုအသုံးပြုပြီး ဆေးဝါးကျွမ်းကျင်သူ ညွှန်ကြားချက်အတိုင်း နေ့စဉ် မှန်ကန်စွာ အသုံးပြုကာ ဆေးကြောသင့်ပါတယ်။ အိမ်သာသွားတိုင်းမှာ ကိုယ်ခန္ဓါ အရှေ့ကအနောက်ကိုသာ သုတ်ပေးသင့်ပြီး ပြောင်းပြန် မလုပ်သင့်ပါဘူး။
    • မိန်းမကိုယ်ကို အေးမြစွာ၊ သက်တောင့်သက်သာရှိအောင် ထားသင့်ပါတယ်။ အပူချိန်မြင့်လေလေ ဘက်တီးရီးယားပိုး များလေလေပဲ ဖြစ်ပါတယ်။ တကယ်တော့ စိုထိုင်းပူလောင်တဲ့ ရာသီဥတုဟာ ဘက်တီးရီးယားပိုတွေကို ကြီးထွားလာစေပါတယ်။ သက်တောင့်သက်သာမရှိတဲ့ အဝတ်အစားတွေဖြစ်တဲ့ rayon, polyester တွေနဲ့ ပြုလုပ်ထားတဲ့ အတွင်းခံတွေကို ရှောင်ကျဉ်သင့်ပါတယ်။ သူတို့ဟာ ပေါင်ကြားမှာ အပူကို လှောင်ထားပေးပါတယ်။ ဒါကြောင့် ချည်နဲ့ လုပ်ထားတဲ့ အတွင်းခံတွေကသာ အကောင်းဆုံးဖြစ်ပါတယ်။
    • စိုနေတဲ့ အတွင်းခံတွေကို မဝတ်သင့်ပါဘူး။ ဘက်တီးရီးယားတွေဟာ ပူလောင်တဲ့ပတ်ဝန်းကျင် ကိုသာမက စိုစွတ်တဲ့နေရာတွေကိုလည်းကြိုက်နှစ်သက် တတ်ပါတယ်။ ဒါကြောင့် ရေထဲမှာ အချိန်အနည်းငယ်ကြာပြီး ခြောက်သွေ့တဲ့ အဝတ်တွေနဲ့ လဲလှယ်သင့်ပါတယ်။
    • ရေလုံလောက်စွာ သောက်ပါ။
    • နေ့စဉ် အတွင်းခံ လဲပါ (အလွန်အရေးကြီးပါတယ်)။

    သင့်မှာ မိန်းမကိုယ်ကူးစက်ရောဂါ ဖြစ်ပွားခြင်းရှိနေပြီလို့ထင်ရင် ဆရာဝန်ကို ချက်ချင်း ပြသသင့်ပြီး ထပ်မံစစ်ဆေးမှုတွေ ကုသမှုတွေ ယူသင့်ပါတယ်။ အချိန်ပိုကြာကြာစောင့်လေလေ မိန်းမကိုယ်ကူးစက်ရောဂါ ဖြစ်ပွားခြင်းဟာ ပိုဆိုးလေလေ ဖြစ်လာမှာပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    Vaginal infections https://www.girlshealth.gov/body/reproductive/infections.html
    Accessed December 18, 2016

    Vaginal yeast infection https://www.womenshealth.gov/publications/our-publications/fact- sheet/vaginal-yeast-infections.html Accessed December 18, 2016

     

     

    စာရေးသူ ဓာတ်ပုံ
    Dr . Phyu Mon Latt မှ ရေးသားသည်။ 28/01/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. K Zin Thwe မှ ကျွမ်းကျင်စွာ စစ်ဆေးထားပါသည်။