ညဂျူတီ အလုပ်လုပ်တဲ့အမျိုးသမီးတွေ သွေးဆုံးချိန်စောနိုင်တယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ညဂျူတီဆင်းရတဲ့အလုပ်ဟာ အိပ်ရေးပျက်ရုံတင်မကဘဲ အမျိုးသမီးကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တယ်ဆိုတာ သတင်းဆိုးတစ်ခုပါပဲနော်။ သူနာပြု၊ ဆရာဝန် တို့လို ကျန်းမာရေးဝန်ထမ်းတွေနဲ့ လုံခြုံရေးဝန်ထမ်းတွေဆိုရင် ညဂျူတီနဲ့မကင်းနိုင်သလို ညဘက်အလုပ်လုပ်တတ်တဲ့ အလုပ်များသူလေဒီတို့အတွက်လည်း မကြာခဏအိပ်ရေးပျက်ရတာပါပဲ။

ဒီလိုညဘက်အလုပ်လုပ်တဲ့ အမျိုးသမီးတွေဟာ ပုံမှန်ထက် သွေးဆုံးချိန်စောနိုင်တဲ့အပြင် နှလုံးသွေးကြောကျဉ်းရောဂါ၊ အရိုးပွရောဂါနဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ သုတေသနအသစ်ကဖော်ပြလာပါတယ်။

Human Reproductionဂျာနယ်မှာဖော်ပြထားတဲ့ ဒီသုတေသနအရ တစ်ခါတလေမှ ညဆိုင်းအလုပ်လုပ်သူ အမျိုးသမီးတွေမှာတောင်စောစီးစွာသွေးဆုံးနိုင်ခြေပိုများတယ်လို့ ဆိုပါတယ်။ ဒီလိုဖြစ်မယ်ဆိုရင်နှလုံးသွေးကြောကျဉ်းရောဂါ၊ အရိုးပွရောဂါနဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်ပါတယ်။

အသက် ၄၅ နှစ်မတိုင်ခင်သွေးဆုံးခဲ့တဲ့ အမျိုးသမီးတွေမှာ အလုပ်လုပ်ချိန်က အရေးပါတဲ့အကြောင်းရင်းတစ်ခုဖြစ်ခဲ့နိုင်တယ်လို့ ကနေဒါနိုင်ငံUniversity of Dalhousie မှ ဦးဆောင်သုတေသီDavid Stock ကပြောပါတယ်။ ဒီလိုအလုပ်လုပ်ခြင်းကြောင့် ကိုယ်တွင်းဇီဝနာရီ ကို ကမောက်ကမဖြစ်စေတာတွေ၊ စိတ်ဖိစီးမှုတွေနဲ့ ပင်ပန်းစရာတွေရရှိစေနိုင်တယ်။

ညဘက်အချိန်မှာ အလုပ်လုပ်တဲ့ဖိစီးမှုကသွေးဆုံးချိန်ပိုစောစေနိုင်တဲ့အကြောင်းရင်းတွေထဲပါဝင်နေတာပါ။ စိတ်ဖိစီးမှုဟော်မုန်းတွေကလည်း အက်စထရိုဂျင်လို မဟော်မုန်းတွေကို အနှောင့်အယှက်ပေးတာကြောင့်သွေးဆုံးချိန်စောစေနိုင်ပါတယ်။ ညဘက်အလုပ်လုပ်ခြင်းကြောင့် သင့်ခန္ဓါကိုယ်ကို ထိခိုက်စေနိုင်တဲ့အရာတွေကို ဆက်ကြည့်ရအောင် –

ကိုယ်တွင်းက အိပ်စက်မှုစက်ဝန်းကို အနှောင့်အယှက်ဖြစ်စေနိုင်တယ်

ညဘက် အိပ်ရမယ့်အချိန်မအိပ်ဘဲ အလုပ်လုပ်ခြင်းက သင့်ခန္ဓါကိုယ်ကို သူ့သဘာဝအတိုင်းလည်ပတ်နေတဲ့ နရီစည်းချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်စေဖို့ ဖိအားပေးနေတာဖြစ်ပါတယ်။ လူတစ်ယောက်အိပ်စက်နေတဲ့အခါ ခန္ဓါကိုယ်ထဲမှာ အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးမယ်၊ ထိခိုက်မှုတွေကိုပြန်ကုစားတယ်၊ စိတ်ဖိစီးမှုကိုလျော့ကျစေတယ်။ ဒါပေမယ့် မအိပ်လိုက်တဲ့အခါ ဒီဖြစ်စဉ်ကို ကြားဖြတ်နှောင့်ယှက်မိတဲ့အတွက် ကျန်းမာရေးထိခိုက်မှုက တစ်ခုတည်းမကတော့ပါဘူး။

နှလုံးရုတ်တရက်ရပ်ဆိုင်းနိုင်ခြေ ပိုများတယ်

British Medical Journalဂျာနယ်မှာဖော်ပြခဲ့တဲ့ သုတေသနအရ ညဆိုင်းအလုပ်လုပ်ခြင်းက နှလုံးရုတ်တရက်ရပ်ဆိုင်းနိုင်ခြေ ၇ ရာခိုင်နှုန်းပိုများစေနိုင်တယ်လို့ သိရပါတယ်။

စိတ်ကျရောဂါ ဝင်စေနိုင်တယ်

Occupational and Environmental Medicineဂျာနယ်မှာဖော်ပြခဲ့တဲ့ သုတေသနအရ ညဆိုင်းအလုပ်လုပ်တာက အဝလွန်ခြင်း၊ စိတ်ပူပန်ခြင်းနဲ့ စိတ်ကျခြင်းတို့လို ကျန်းမာရေးနောက်ဆက်တွဲပြဿနာတွေနဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။ ညဘက်အလုပ်လုပ်သူတွေဟာ စိတ်ခံစားချက်ကို ထိန်းချုပ်တဲ့နေရာမှာ အဓိကအရေးပါတဲ့ ဦးနှောက်တွင်း serotonin ပမာဏကိုလျော့နည်းစေနိုင်တယ်လို့တွေ့ရှိရပါတယ်။ ဒါ့ကြောင့် ညဘက်အလုပ်လုပ်တာများတဲ့သူတွေမှာ စိတ်ကျဝေဒနာ ပိုဖြစ်လွယ်နိုင်ပါတယ်။

အဝလွန်စေနိုင်တယ်

Obesity Reviewsမှာဖော်ပြခဲ့တဲ့ သုတေသနအရ ညဘက်အလုပ်လုပ်သူတွေဟာ အဝလွန်နိုင်ခြေ ၂၉ ရာခိုင်နှုန်းပိုများတယ်လို့ သိရပါတယ်။ တစ်ခါတလေ ညဘက်အလုပ်လုပ်တာ၊ ညဆိုင်းဆင်းတာထက် ညဆိုင်းချည်းပဲဆင်းသူတွေမှာ အန္တရာယ်ပိုများတယ်လို့ဆိုပါတယ်။ ကျန်းမာရေးအတွက်မကောင်းတဲ့ အစားအသောက်တွေရယ်၊ လှုပ်ရှားမှုနည်းတာရယ်အပြင်ဟော်မုန်းပမာဏမညီမျှတာတွေနဲ့ ဆက်စပ်နေနိုင်ပါတယ်။ အစာစားချင်စိတ်ကို ထိန်းချုပ်တဲ့leptinဟော်မုန်းပမာဏဟာ ညဆိုင်းသမားတွေဆီမှာလျော့နည်းနေနိုင်ပါတယ်။ ဒါ့ကြောင့် နေ့ဘက်အလုပ်လုပ်သူတွေနဲ့ယှဉ်ရင် ညဘက်အလုပ်လုပ်ရင်း အစားတွေပိုစားမိကြသလို ပိုပြီးဆာလောင်လွယ်စေတယ်လို့ ဆိုပါတယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဘီလူးစီးတာကို ဘယ်သူတွေ အများဆုံး ခံရသလဲ

တစ်ယောက်ယောက်က တက်ဖိထားသလိုမျိုး ခြေတွေ၊ လက်တွေလည်း လှုပ်မရ၊ အော်လို့လည်းမရ၊ ဘာမှ လုပ်မရဘဲ အတော်ကို ကြောက်စရာကောင်းတဲ့ အခြေအနေမျိုး ကြုံဖူးကြလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

ဆေးဖက်ဝင်ကလျာဏီ (Sage) အကြောင်း

ကလျာဏီပင်ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ်သုံးစွဲသလို ဆေးဖက်ဝင်အပင်အဖြစ်လည်းသုံးပါတယ်။လတ်လတ်ဆတ်ဆတ်ဖြစ်စေ၊ အခြောက်ခံပြီးဖြစ်စေ၊ အဆီထုတ်ပြီးဖြစ်စေ သုံးလို့ရပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

အရိုးအဆစ်ရောင်ခြင်း၏ နောက်ဆက်တွဲပြဿနာများ

အရိုးအဆစ်ရောင်ခြင်းဆိုတာဟာ ခန္ဓာကိုယ်ရဲ့အရိုးတွေအဆုံး တခုနဲ့တခု အဆစ်အနေနဲ့စုဆုံရာမှာရှိတဲ့ အရိုးနုတွေ ပျက်စီးလာတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ဆေးဖက်ဝင်တယ်ဆိုတဲ့ ရှီးပဒီး အကြောင်း သိကောင်းစရာ

ရှီးပဒီး ကိုဆေးဖက်ဝင်တဲ့တန်ဖိုးကြီးပစ္စည်းအဖြစ်လူသိများပါတယ်။ သူက အပင်လား၊သက်ရှိလား၊ဘယ်လိုတွေဆေးဖက်ဝင်တာလဲ၊ဘေးကင်းရဲ့လားဆိုတဲ့သိကောင်းစရာတွေဖော်ပြထားပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon

သင့်အတွက် ရွေးချယ်ထားသည်

သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများ

သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 5, 2021 . 3 mins read
အမျိုးသမီး များ အသက်အရွယ်တိုင်းမှာ ကျန်းမာနေစေဖို့

အမျိုးသမီး များ အသက်အရွယ်တိုင်းမှာ ကျန်းမာနေစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 11, 2020 . 3 mins read
အမျိုးသမီးတိုင်းရဲ့ အဓိကသော့ချက် ရာသီရက်

အမျိုးသမီးတိုင်းရဲ့ အဓိကသော့ချက် ရာသီရက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 8, 2020 . 2 mins read
ဦးနှောက်ထိုင်းမှိုင်းသွားခြင်း (Brain Fog) ဖြစ်ပွားစေသော အကြောင်းများ

ဦးနှောက်ထိုင်းမှိုင်းသွားခြင်း (Brain Fog) ဖြစ်ပွားစေသော အကြောင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 1, 2020 . 2 mins read