home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

မိန်းမကိုယ်နံနေတယ်ဆိုတာ ချစ်သူကို စိတ်မထိခိုက်စေဘဲ ဘယ်လိုပြောပြသင့်လဲ။

မိန်းမကိုယ်နံနေတယ်ဆိုတာ ချစ်သူကို စိတ်မထိခိုက်စေဘဲ ဘယ်လိုပြောပြသင့်လဲ။

ဒီကိစ္စက အမျိုးသားတွေ တော်တော်များများ ဖွင့်ပြောဖို့ လက်ရှောင်တတ်ကြတဲ့ ကိစ္စပါ။ လိင်ပိုင်းဆိုင်ရာနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ ကိစ္စဖြစ်တာကြောင့်ရော၊ ကိုယ်က သဘောရိုးနဲ့ ပြောလိုက်ပေမဲ့ ကိုယ့်ချစ်သူမှာ စိတ်မလုံခြုံတာ၊ စိတ်ထိခိုက်သွားတာ၊ ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှုနည်းပြီး ရှက်သွားနိုင်တာပေါ့။ ဒါဆိုရင် ကိုယ့်ချစ်သူရဲ့ မိန်းမကိုယ်က နံနေတာ ဘယ်လိုဖွင့်ပြောလို့ ရမလဲဆိုတဲ့ နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။

မိန်းမကိုယ်မှာ အနံ့အသက်ရှိတာ သဘာဝပါ။

လူတော်တော်များများ ထင်ထားသလို မိန်းမကိုယ်က နှင်းဆီရနံ့လေး သင်းနေတာမျိုးတော့ မဟုတ်ပါဘူး။ ကိုယ်ခန္ဓာအစိတ်အပိုင်း တစ်ခုလည်း ဖြစ်ပြီး ထိခိုက်လွယ်တဲ့၊ အလွန်နူးညံ့ပြီး ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားဖို့ လွယ်ကူတဲ့ နေရာဖြစ်လို့ သူ့အနံ့နဲ့သူတော့ ရှိနိုင်ပါတယ်။ တော်တော်လေးကို စိတ်ကသိကအောက်ဖြစ်စရာ အနံ့မျိုး ထွက်လာပြီဆိုရင်တော့ အနည်းငယ် စိတ်ပူစရာ ဖြစ်လာနိုင်ပါတယ်။

မိန်းမကိုယ်ကို အရင်ဆုံး သေချာစစ်ဆေးကြည့်ပါ။

ဒီလိုကိစ္စမျိုးကို တိုက်ရိုက်ဖွင့်မပြောခင် ဘယ်နေရာက နံနေတာလဲ၊ ဘယ်လိုအနံ့အသက်မျိုး ရှိတာလဲဆိုတာ အရင်စစ်ဆေးဖို့ လိုပါတယ်။

၁။ မိန်းမကိုယ် နှုတ်ခမ်းသားတစ်ဝိုက်က အနံ့ထွက်နေတာဆိုရင် တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းတာကြောင့် ဖြစ်နိုင်ပါတယ်။ မအင်္ဂါစေ့ အောက်နားလေးမှာ အဖြူရောင် အရိအချွဲတွေ ကပ်ငြိနေတာရင် အနံ့ထွက်ပြီး ဘက်တီးရီးယားပိုးတွေအောင်းဖို့ ပိုလွယ်ကူနိုင်ပါတယ်။

၂။ မိန်းမကိုယ်အတွင်းက အနံ့ထွက်တာဆိုရင် မှိုရောဂါ ဒါမှမဟုတ် အမျိုးသမီးကျန်းမာရေးနဲ့ ဆိုင်တဲ့ ရောဂါတစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။ဖြစ်နေတဲ့ ကျန်းမာရေးပြဿနာပေါ် မူတည်ပြီး အနံ့အမျိုးမျိုး ရှိနိုင်ပါတယ်။

မိန်းမကိုယ် အနံ့ဆိုးထွက်နေတာကို ပြောဖို့လိုအပ်လား။

လုံးဝမပြောဘဲ နေတာမျိုးတော့ မလုပ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ တစ်ကိုယ်ရေသန့်ရှင်းမှုဆိုတာ လိင်မှုကိစ္စအတွက်သာမက ကျန်းမာရေးနဲ့ပါ အမြဲ ဆက်စပ်မှု ရှိနေတဲ့အရာဖြစ်လို့ပါပဲ။ ဒီလိုမျိုး ကိုယ့်ဘက်က ဖွင့်မပြောပြဘူးဆိုရင် မိန်းကလေးတွေလည်း သေချာဂရုစိုက်ဖို့ မေ့လျော့သွားတာမျိုး ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေအတွက်တော့ ဒီကိစ္စဟာ တော်တော်လေးကို ဂရုစိုက်သင့်တဲ့ အခြေအနေဖြစ်နေတာကြောင့်လည်း ပါတာပေါ့။ ဒီတော့ ကိုယ့်ဘက်က အမျိုးသမီးတွေရဲ့ စိတ်ခံစားချက်ကို မထိခိုက်စေဘဲ အကောင်းဆုံးနည်းလမ်းနဲ့ သေချာဖွင့်ပြောဖို့ လိုအပ်ပါတယ်။

ဖွင့်ပြောဖို့အတွက် အချိန်အခါ၊ အခြေအနေတစ်ခုကို စောင့်ပါ။

၁။ ကိုယ့်ချစ်သူ၊ ဇနီးနဲ့ စကားပြောရင်း လိင်ပိုင်းဆိုင်ရာ၊ လိင်အင်္ဂါအကြောင်း ဒါမှမဟုတ် တစ်ကိုယ်ရေသန့်ရှင်းမှုအကြောင်း ပြောနေတဲ့အချိန်မှာ စကားစပြီး ပြောကြည့်ပါ။ မိန်းမကိုယ်နံနေပါတယ်ဆိုပြီး တိုက်ရိုက် စကားလမ်းကြောင်း စတာမျိုးထက် သူ့ကို ချစ်တဲ့အကြောင်း၊ သူ့ရဲ့ ကျန်းမာရေးအတွက်ကို အလေးထားကြောင်းကနေ စဖွင့်ပါ။

၂။ ပြီးတော့မှ “ကိုယ်အခုပြောမယ့် အကြောင်းအရာက သူ့အတွက်ရော၊ ကိုယ့်အတွက်ပါ နည်းနည်း ဖွင့်ပြောဖို့ ခက်တဲ့ ကိစ္စမျိုးဖြစ်နေတယ်၊ မပြောလို့လည်း မဖြစ်ဘူး၊ စိတ်ထိခိုက်စေတဲ့ သဘောထားနဲ့ ဒီအကြောင်းကို ပြောတာမဟုတ်ပါဘူး” ဆိုပြီး ပြောပြပါ။

၃။ “အရင်တစ်ခေါက်က လိင်ဆက်ဆံနေရင်းနဲ့ သတိထားမိတာလေး တစ်ခုရှိတယ်၊ ဘယ်နေရာကတော့ ဘယ်လိုအနံ့လေး ထွက်နေတယ်၊ ဒါကြောင့်မို့ ကျန်းမာရေးနဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှုအတွက်ကို စိတ်ပူတယ်၊ အဆင်ပြေရဲ့လား၊ ကိုယ့်ဘက်က ဘာတွေ ကူညီပေးလို့ ရမလဲ” ဆိုပြီး မေးကြည့်ပါ။

အနည်းဆုံးတော့ တိုက်ရိုက်ကြီး ဖွင့်ပြောချလိုက်တာထက် ဒီလိုမျိုး ကိုယ်ပြောချင်တဲ့ အကြောင်းအရာဘက်ကို ဦးတည်အောင် စကားလမ်းကြောင်း ပြောင်းရင်းနဲ့မှ ကိုယ်ချစ်တဲ့သူအပေါ်မှာ ထားတဲ့ ကိုယ့်ရဲ့ မေတ္တာ၊ ဂရုဏာ၊ စိုးရိမ်ပူပန်မှုတွေကို သိအောင် ဖွင့်ပြဖို့ အရေးကြီးပါတယ်။

မိန်းမကိုယ်သန့်စင်ဆေးရည်ကိုသေချာဂရုစိုက်ပြီး ဝယ်ပေးပါ။

အမျိုးသားတော်တော်များများက ကိုယ်တိုင်ဝယ်ယူဖို့ အင်မတန်လက်တွန့်ကြပါတယ်။ ရှက်တာကြောင့်ရော၊ လူတွေတစ်မျိုး မြင်မှာ ကြောက်တာကြောင့်ရော အကြောင်းရင်းတွေကတော့ အမျိုးမျိုးပါပဲ။ တစ်ကယ်တော့ ဒါက ရှက်စရာကိစ္စမဟုတ်ပါဘူး။ ကိုယ့်ချစ်သူ၊ ဇနီးကို တန်ဖိုးထားတဲ့ အိမ်ထောင်ရှင်အမျိုးသားကောင်းတိုင်း ဒီကိစ္စက ပေါ့ဆလို့ မရပါဘူး။

မိန်းမကိုယ်ဟာ အလွန်နူးညံ့ပြီး ထိခိုက်ယားယံလွယ်တယ်၊ ဘက်တီးရီးယားတော်တော်များများ ခိုအောင်းဖို့ လွယ်ကူတဲ့အတွက် ကိုယ်တိုက်ဆပ်ပြာထက်စာရင် သူတို့အတွက် အသင့်တော်ဆုံးဖြစ်မယ့် မိန်းမကိုယ်သန့်စင်ဆေးရည်ကိုပဲ ရွေးချယ်တာ အကောင်းဆုံးပါပဲ။ မိန်းမကိုယ်သန့်စင်ဆေးရည်က မိန်းမကိုယ်မှာ ရှိဖို့လိုအပ်တဲ့ pH ပမာဏကို ထိန်းညှိပေးနိုင်တဲ့အတွက် ခြောက်သွေ့ခြင်း ကင်းဝေးပြီး အစိုဓာတ်ထိန်းပေးနိုင်တယ်။ မကောင်းတဲ့ ဘက်တီးရီးယားပိုးမွှားတွေကို သန့်စင်ပေးလို့ အနံ့အသက်ဆိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မွှေးရနံ့လေးလည်း ရှိတော့ အမျိုးသမီးတွေ သဘောကျမှာ အသေအချာပါပဲ။

ပျိုမေလေးတွေ အနံ့အသက်ကင်းပြီး ကျန်းမာလှပတဲ့ ဘဝမျိုးပိုင်ဆိုင်ရဖို့ ချစ်သူအမျိုးသားတွေဘက်မှာလည်း တာဝန်ရှိတယ်နော်။ အနံ့ဆိုးထွက်နေတာကို ဘာမှမပြောဘဲ နေတာထက် ဒီနည်းလမ်းတွေနဲ့ ကိုယ့်ရဲ့ ချစ်သူကို သေချာဖွင့်ပြောပြဖို့ အကြံပေးလိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
စာရေးသူ ဓာတ်ပုံbadge
Ye Myo Myat မှ ရေးသားသည်။ 27/10/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။