backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ဆီးသွားလျှင်နာကျင်ရသည့်အကြောင်းအရင်း

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Ye Pyae Hein မှ ရေးသားသည်။ · 31/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဆီးသွားလျှင်နာကျင်ရသည့်အကြောင်းအရင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်

ဆီးသွားလျှင်နာကျင်ခြင်း (သို့မဟုတ်) ဆီးအောင့်ခြင်း ၊ ဆီးကျင်ခြင်းသည် အဖြစ်များသော ရောဂါဖြစ်ပြီး လူနာများသည် ဆီးသွားသောအခါ မသက်မသာဖြစ်၍ နာကျင်ခြင်းကို ခံစားရသည်။

ခံစားရလေ့ရှိသူများ

ဆီးသွားလျှင်နာကျင်ခြင်းကိုမည်သူတို့ကခံစားရလေ့ရှိသနည်း

အမျိုးသားများနှင့်ယှဉ်လျှင် အမျိုးသမီးများက ပို၍ဖြစ်နိုင်ချေရှိသည်။ အမျိုးသားများ အနေဖြင့်လည်း အသက်ကြီးသူများက အသက်ငယ်သူများ ထက်ပို၍ အဖြစ်များသည်။ ကိုယ်ဝန်ဆောင်မိခင်များ ၊ ဆီးချိုဝေဒနာရှင်များနှင့် ဆီးအိမ်ရောဂါရှိသူများသည် ဆီးသွားလျှင် နာကျင်ခြင်းကို အခံစားရဆုံးသူများဖြစ်ကြသည်။

လက္ခဏာများ

ဆီးသွားလျှင်နာကျင်ခြင်း၏လက္ခဏာများ

ရောဂါဖြစ်သူ အမျိုးသားရော အမျိုးသမီးများပါ ဆီးသွားလျှင် ပူစပ်ပူလောင်ဖြစ်ခြင်း ၊ နာကျင်ခြင်း ၊ ယားယံခြင်းတို့ကို ခံစားရလေ့ရှိသည်။ အချို့သူများတွင် ဆီးစွန့်ရာထွက်ပေါက်မှ နာကျင်မှုမျိုးလည်း ရှိတတ်သည်။ အချို့တွင်မူ ခန္ဓါကိုယ် အတွင်းပိုင်းနှင့် ဆီးအိမ် ၊ ဆီးကျိတ်တို့ တည်ရှိရာ နေရာတွင် နာကျင်တတ်သည်။ ရောဂါဖြစ်ပွားစဉ် ကာလတွင် လူနာသည် ဆီးခဏခဏ သွားလိုခြင်းကိုပါ ခံစားရသည်။

ဖြစ်ပွားနိုင်ချေမြင့်မားစေသောအကြောင်းရင်းများ

ဆီးသွားလျှင်နာကျင်ရခြင်း၏အကြောင်းအရင်းများ

ဆီးကျင်ခြင်း ၊ ဆီးအောင့်ခြင်းသည် အချို့သော ရောဂါများနှင့် ဆီးလမ်းကြောင်း ပြင်ပမှ အကြောင်းအချက်များကြောင့် အောက်ပါအတိုင်း ဖြစ်ပွားရသည်။

  • ဆီးအိမ်တွင် ကျောက်တည်ခြင်း
  • ဆီးကိုကုန်အောင် မသွားနိုင်သောအခါ ဆီးအိမ်ထဲတွင် အနည်အမှုန်များ စုပုံပြီး ကျောက်တည် လာတတ်သည်။ ထိုကျောက်များက ဆီးလမ်းကြောင်းကို ပိတ်ဆို့၍ ဆီးကျင်ခြင်းကို ခံစားရသည်။
  • ဆီးအိမ်ရောင်ရမ်းခြင်း
  • ဆီးစွန့်ပြွန်မှတစ်ဆင့် ဘတ်တီးရီးယား ပိုးများဝင်ရောက်ပြီး ဆီးအိမ် ရောင်ရမ်းခြင်းကို ဖြစ်စေသည်။
  • ဆီးကျိတ်ရောင်ခြင်း
  • အမျိုးသားများတွင် ဆီးကျိတ်ကို ရောဂါပိုးဝင်၍ ရောင်ရမ်းခြင်း ဖြစ်ပွားပြီး နာကျင်ခြင်းနှင့် ဆီးပေါက်ရခက်ခြင်းကို ခံစားရသည်။
  • မိန်းမကိုယ်ရောင်ရမ်းခြင်း
  • သဘာဝအတိုင်း ညီမျှနေသော မိန်းမကိုယ်ရှိ အဏုဇီ၀ ပိုးလေးများတွင် အပြောင်းအလဲ ဖြစ်သောအခါ မိန်းမကိုယ်ရောင်ရမ်းပြီး အဖြူဆင်းခြင်း ၊ ယားယံခြင်း ၊ ဆီးအောင့်ခြင်းကို ခံစားရသည်။
  • ဆီးစွန့်ပြွန်ရောင်ခြင်း
  • ဆီးအိမ်မှ ခန္ဓါကိုယ်အပြင်သို့ ဆီးစွန့်သည့် ပြွန်လမ်းကြောင်း ရောင်ရမ်းခြင်း ဖြစ်သည်။
  • ကျေက်ကပ်ရောဂါပိုးဝင်ခြင်း
  • ဆီးလမ်းကြောင်းသို့ရောဂါပိုးဝင်ခြင်းတစ်မျိုးဖြစ်သည်။
  • ကျောက်ကပ်တွင် ကျောက်တည်ခြင်း – ကျောက်ကပ်အတွင်း ဆားအမှုန်အမွှားများနှင့် အနည်များ စုပုံပြီးမာကျောသည့် ကျောက်များ ဖြစ်ပေါ်လာသည်။ ထိုကျောက်များက ကျောက်ကပ်ကို ထိခိုက်စေပြီး ဆီးသွားလျှင် နာကျင်၍ ဆီးထဲတွင် သွေးပါခြင်းလည်း ဖြစ်တတ်သည်။
  • လိင်ဆက်ဆံရာမှ ကူးစက်သောရောဂါများ- ကလိုင်မိုင်ဒီးယားရောဂါ ၊ ဆီးပူညောင်းကျရောဂါနှင့် လိင်အင်္ဂါရေယုန်တို့ ဖြစ်ကြသည်။ လူနာသည် နာကျင်ခြင်း ၊ ယားယံခြင်း ၊ ဆီးပူခြင်းနှင့် လိင်အင်္ဂါ တစ်ဝိုက်အနာပေါက်ခြင်း ၊ အရေကြည်ဖုများ ထခြင်းနှင့် ပြည်ထွက်ခြင်းတို့ ခံစားရသည်။
  • ဆီးလမ်းကြောင်းတွင် သာမန်အဖုအကျိတ်များနှင့် ကင်ဆာအကျိတ်များ ဖြစ်ပေါ်ခြင်း။
  • ကင်ဆာကုထုံး၏ ဘေးထွက်ဆိုးကျိုးကို ခံစားရခြင်း
  • မိန်းမကိုယ်နှင့် ဓါတ်မတည့်ခြင်း
  • အချို့သော ရေချိုးဆပ်ပြာများ ၊ ရေချိုးအဆီများ ၊ သန့်စင်ခန်းသုံးစက္ကူ နှင့် ရေမြှုပ်များ ၊ ဖော့များ ၊ သန္ဓေတားဆေးများသည်လည်း ပါဝင်သည်။

မည်သည့်အခါတွင်ဆရာဝန်နှင့်ပြသရမည်လဲ

အောက်ပါလက္ခဏာများခံစားရလျှင်ဆရာဝန်နှင့်ပြသရမည်။

  • ဆီးကျင်ခြင်းကိုတစ်ရက်ထက်ပို၍ခံစားရခြင်း၊
  • ဆီးထဲတွင်သွေးပါခြင်း၊
  • ကိုယ်ဝန်ဆောင်စဉ်ဆီးအောင့်ခြင်း၊
  • ဆီးကျောက်များထွက်ကျခြင်း၊
  • မိန်းမကိုယ်နှင့်အမျိုးသားလိင်အင်္ဂါ (လိင်တံ) မှပြည်ထွက်ခြင်းတို့ဖြစ်သည်။

ကုသမှု

ဆီးအောင့်ခြင်းကိုရောဂါရှာခြင်းနှင့်ကုသပုံ

ဆီးအောင့်သော လူနာကို ဆရာဝန်ကရောဂါ ရာဇဝင်မေးခြင်း ၊ ယခင်ဖြစ်ဖူးသော ရောဂါလက္ခဏာများနှင့် လိင်ဆက်ဆံသည့် အမူအကျင့်တို့ကို မေးခြင်းတို့ပြုလုပ်ပြီး လိုအပ်ပါကဆီးကိုစစ်ဆေးခြင်း ၊ ဆီးအိမ်နှင့် ဆီးကျိတ်တို့ကို စစ်ဆေးခြင်းတို့ ပြုလုပ်ပေမည်။ ရောဂါဖြစ်ရသော အကြောင်းအရင်းကို လိုက်၍ လိုအပ်သော ကုသမှုပေးပါမည်။ အိမ်တွင် သင်ကိုယ်တိုင်က ရေများများ သောက်ခြင်းနှင့် အချို့သောဆေးဝါးများ မှီဝဲခြင်းဖြင့်လည်းယားယံခြင်း ၊ အနေရခက်ခြင်း ၊ ပူစပ်ပူလောင်ဖြစ်ခြင်းတို့ကို သက်သာ လျော့ပါးစေနိုင် ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Ye Pyae Hein မှ ရေးသားသည်။ · 31/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement