ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Chronic Kidney Disease (နာတာရှည်ကျောက်ကပ်ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ
သွေးတိုးရှိမရှိ
ကျောက်ကပ်လုပ်ငန်းကို ထိခိုက်စေမယ့်ဆေးတစ်ခုခု မှီဝဲနေခြင်းရှိမရှီ ၊ ဆီးသွားခြင်းအလေ့အထပြောင်းလဲမှုတွေဖြစ်ခြင်းရှိမရှီ ကျောက်ကပ်ရောဂါမိသားစုထဲမှာဖြစ်ဖူးခြင်းရှိမရီ မေးပါလိမ့မယ်။ ပြီးတာနဲ့ ကိုယ်ခန္ဓါစစ်ဆေးမှုတွေပြုလုပ်ပြီး နှလုံးသွေးကြောရောဂါ၊ အာရုံကြောဆိုင်ရာစမ်းသပ်မှုတွေ ပြုလုပ်ပါလိမ့်မယ်။
ကျောက်ကပ်ရောဂါအတည်ပြုဖို့အတွက် အောက်ပါစစ်ဆေးခြင်းတွေလိုနိုင်ပါတယ်။
သွေးစစ်ခြင်း- ကျောက်ကပ်လုပ်ဆောင်ရည်စစ်ဆေးခြင်းက သွေးတွင်းခရီယတ်တနင်း၊ ယူရီယာကဲ့သို့သော အညစ်အကြေးတွေစစ်ျေဆးခြင်းဖြစ်ပါတယ်။
ဆီးစစ်ခြင်း– ဆီးနမူနာကိုစစ်ဆေးခြင်းက နာတာရှည်ကျောက်ကပ်ရောဂါကိုရည်ညွှန်းတဲ့ ပုံမမှန်မှုများကိုဖော်ပြပြီး အကြောင်းရင်းကိုရှာနိုင်ပါတယ်။
ပုံရိပ်ဖော်စစ်ဆေးခြင်း– ကျောက်ကပ်ပုံစံနဲ့အရွယ်အစားကိုသိဖို့ ဓါတ်မှန်ရိုက်ခြင်းဖြစ်ပါတယ်။ အခြားပုံရိပ်ဖော်နည်းတွေလည်း သုံးနိုင်ပါတယ်။
ကျောက်ကပ်တစ်ရှူးနမူနာယူခြင်း– ဆရာဝန်က ကျောက်ကပ်တစ်ရှူးနမူနာယူပါလိမ့မယ်။ အရေပြားကိုဖောက်ပြီးကျောက်ကပ်ထဲကို အပ်သေးသေးရှည်ရှည်ကိုထည့်ပြီးတော့ ထုံဆေးပေးကာ ပြုလုပ်လေ့ရှိပါတယ်။ ကျောက်ကပ်ပြဿနာအကြောင်းရင်းကို သိဖို့အတွက် ဓါတ်ခွဲခန်းပို့ပါတယ်။
Chronic Kidney Disease (နာတာရှည်ကျောက်ကပ်ရောဂါ) ကို ဘယ်လိုကုသပါသလဲ
အကြောင်းရင်ေးပါ်မူတည်ပြီး အချို့အမျိုးအစားတွေက ကုသနိုင်ပါတယ်။ ကုသမှုတွေကတော့-
သွေးတိုးကျဆေးများ
Angiotensin-converting enzyme (ACE) inhibitors or angiotensin receptor blockers (ARBs) ပေးလေ့ရှိပါတယ်။ သွေးပေါင်ချိန်ကို 130/80 mm Hgအောက် ထိန်းထားနိုင်ဖို့ဖြစ်ပါတယ်။
ကိုလက်စထရောကျစေသည့်ဆေးများ
နှလုံးရောဂါဖြစ်နိုင်ချေကို ကာကွယ်ဖို့ ကိုလက်စထရောကျစေသည့် စတာတင်ကဲ့သို့သောဆေးတွေပေးပါလိမ့်မယ်။
သွေးအားနည်းရောဂါကိုကုသသည့်ဆေးများ
အချို့အခြေအနေတွေမှာ သံဓါတ်ဖြည့်ထားတဲ့ဟော်မုန်းဖြည့်စွက်စာတွေ ညွှန်းပါလိမ့်မယ်။
ဖောရောင်ခြင်းကိုသက်သာစေသည့်ဆေးများ
ဝေဒနာသည်တွေမှာ အရည်တွေပုံပြီး ခြေထောက်ဖောခြင်း၊ သွေးတိုးခြင်းတွေဖြစ်နိုင်ပါတယ်။ ဆီးသွားစေသည့်ဆေးတွေက ခန္ဓါကိုယ်အတွင်းအရည်ဟန်ချက်မျှအောင် ထိန်းပေးပါတယ်။
အရိုးကိုကာကွယ်ဖို့ဆေးများ
ကယ်ဆီယမ်၊ ဗီတာမင်ဒီ၊ နဲ့ဖော့စဖိတ်တွေ ညွှန်းပါလိမ့်မယ်။
သွေးတွင်း အညစ်အကြေးများကိုနည်းစေဖို့ ပရိုတိန်းနည်းသည့်အစားများစားခြင်း
ခန္ဓါကိုယ်က အစားအစာကပရိုတိန်းတွေကို ချေဖျက်ပေးပြီး အညစ်အကြေးတွေဖြစ်စေပြီး ကျောက်ကပ်ကနေ စစ်ထုတ်ပေးပါတယ်။ ကျောက်ကပ်ရဲ့အလုပ်ကိုလျှော့ချပေးဖို့ ဆရာဝန်တွေကပရိုတိန်းနည်းနည်းသာစားခိုင်းပါလိမ့်မယ်။ အာဟာရလည်းမျှတအောင် ပရိုတိန်းပမာဏလည်းနည်ေးအာင် နည်းလမ်းတွေသိဖို့ အာဟာရပညာရှင်ဆီ တွေ့ဆုံခိုင်းပါလိမ့မယ်။
နောက်ဆုံးအဆင့်မှာတော့ သွေးသန့်ခြင်းသွေးလှယ်ခြင်းကျောက်ကပ်အစားထိုးကုသခြင်းတွေ လိုအပ်ပါလိမ့်မယ်။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကChronic Kidney Disease (နာတာရှည်ကျောက်ကပ်ရောဂါ)ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့်Chronic Kidney Disease (နာတာရှည်ကျောက်ကပ်ရောဂါ) ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
- ဆားပါတဲ့အစားအစာတွေကိုရှောင်ပါ။
- အအေးခံထားတဲ့ညစာများ၊ စည်သွတ်ဘူးများ၊ အသင့်အစားအစာများ၊ အငံဓါတ်ပါတဲ့သရေစာများ၊ တာရှည်ခံအောင်လုပ်ထားတဲ့ဟင်းသီးဟင်းရွတ်များ၊ ပြုပြင်ဖန်တီးထားတဲ့အသားများ ထောပတ်များကိုရှောင်ပါ။
- ပိုတက်ဆီယမ်နည်းသည့်အစားများကိုရွေးပါ။ ပန်းသီး၊ ဂေါ်ဖီ၊ မုန်လာဥ၊ ပဲစိမ်း၊ စပျစ်သီးနဲ့ စတော်ဘယ်ရီသီတွေကိုရွေးပါ။
- ပရိုတိန်းပမာဏကိုကန့်သတ်ပါ။
- အဆီမပါသည့်အသားများ၊ ဥများ၊ နို့၊ ထောပတ်၊နဲ့ပဲတွေက ပရိုတိန်းကြွယ်ဝတဲံအစားတွေဖြစ်ပါတယ်။ ပရိုတိန်းနည်းတဲ့အစားတွေကတော့ ဟင်းသီးဟင်းရွက်များ၊အသီးအနှံများ၊ ပေါင်မုန့်နဲ့ ကောက်နှံတွေဖြစ်ပါတယ်။
- ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း- လေ့ကျင့်ခန်းမပြုလုပ်ခင်ဆရာဝန်နဲ့ ဆွေးနွေးပါ။
- ဆေးလိပ်မသောက်ပါနဲ့။
- ကိုယ်အလေးချိန်ကျန်းမာရေးနဲ့အညီထိန်းပါ။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။