အဓိပ္ပါယ်ဖွင့်ဆိုချက်
Acquired Cystic Kidney (ကျောက်ကပ်အရည်အိတ်တည်ခြင်း) ကဘာလဲ။
- ကျောက်ကပ်အရည်အိတ်တည်ခြင်းဆိုတာ ကျောက်ကပ်ထဲမှာ အရည်တမျိုးနဲ့ ပြည့်နေတဲ့ အိတ်လေးတွေ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ ကျောက်ကပ်မျက်နှာပြင်ပေါ်မှာ ဖြစ်ဖြစ်၊ ကျောက်ကပ်ထဲမှာဖြစ်ဖြစ် ဖြစ်ပေါ်တတ်ပါတယ်။ ဒီပြသနာဟာ ကျောက်ကပ်လုပ်ငန်းတွေ ဆိုးရွားစွာ ထိခိုက်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ အများစုကတော့ ကင်ဆာမဟုတ်တဲ့ သာမန်အရည်အိတ်များ နောက်ဆက်တွဲ ပြသနာတွေကြုံရတာ ရှားပါတယ်။
- ကျောက်ကပ်နှစ်ဖက်စလုံးမှာ ဖြစ်တတ်ပြီး ကျောက်ကပ်ပျက်စီးခြင်း နောက်ဆုံးအဆင့်ကို ထင်ရှားသိသာစေတဲ့ အချက်ပဲ ဖြစ်ပါတယ်။
- စောစောပိုင်း အဆင့်တွေမှာတော့ ဘာလက္ခဏာမှ မပြပါဘူး။ ဝမ်းဗိုက်ပိုင်းကို ပုံရိပ်ဖော်စစ်ဆေးရာကနေ မမျှော်လင့်ဘဲ တွေ့မိတတ်တာမျိုး ဖြစ်ပါတယ်။
Acquired Cystic Kidney (ကျောက်ကပ်အရည်အိတ်တည်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ
ဒီပြသနာဟာ တွေ့ရများပါတယ်။ အမျိုးသမီးများထက် အမျိုးသားတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဘယ်အသက်အရွယ်မဆို ဖြစ်တတ်ပါတယ်။