အဓိပ္ပါယ်ဖွင့်ဆိုချက်
Prolapsed bladder (ဆီးအိမ်ကျွံခြင်း ) ကဘာလဲ။
ဆီးအိမ်ဆိုတာ ဆီးများသိုလှောင်သော ခန္ဓါကိုယ် ဝမ်းဗိုက်အောက်ပိုင်းရှိ အိတ်ပုံစံ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ထိုထဲတွင် ဆီးများပြည့်လာပါက ဆီသွားလိုခြင်းဆန္ဒကို ဖြစ်စေပါတယ်။ ဆီးဟာ ဆီးအိမ်မှ အပြင်ဘက်သို့ ဆီးလမ်းကြောင်းကို ဖြတ်၍ စွန့်ပစ်ပါတယ်။ အမျိုးသမီးများတွင် မိန်းမကိုယ် အရှေ့ဘက်နံရံသည် ဆီးအိမ်ကို ခိုင်ခံ့စေပါတယ်။ အသက်ကြီးလာခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ မီးဖွားခြင်း၊ သားအိမ်ထုတ်ခြင်း၊ စသည်တို့ဟာ ဆီးအိမ်နံရံကို လျော့လျဲစေလာပါတယ်။ ထိုသို့ လျော့လျဲလာပါက ဆီးအိမ် သည်မိန်းမကိုယ်ထဲသို့ ကျွံခြင်း ဖြစ်ရပါတယ်။ ထိုအခါ ဆီးသွားရခက်ခြင်း၊ နာကျင်ခြင်း၊ နှာချေ/ချောင်းဆိုး/ညှစ်ခြင်း များပြုလုပ်ပါက ဆီးထွက်ကျခြင်း တို့ကို ဖြစ်စေပါတယ်။ ထို့နောက် သားအိမ်၊အူ၊ ဝမ်းအိမ် တို့ပါ လိုက်၍ကျွံလာနိုင်ပါတယ်။ ဆီးအိမ်ကျွံခြင်းကို အဆင့် လေးဆင့်ခွဲပါတယ်။