Hello ဆရာဝန် ၏ ကိုယ်ရေးအချက်အလက်လျှို့ဝှက်ထိန်းသိမ်းခြင်းမူဝါဒ

Hello ဆရာဝန်သည် ၎င်းကိုအသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်များကို လုံခြုံစွာလျှို့ဝှက်ထိန်းသိမ်းခြင်းအား မည်မျှအရေးကြီးကြောင်း နားလည်ပါသည်။ ဤကိုယ်ရေးအချက်အလက်လျှို့ဝှက်ထိန်းသိမ်းခြင်း မူဝါဒသည် Hello ဆရာဝန် က သင်နှင့်ပတ်သက်၍ မည်သည့်သတင်းအချက်အလက်များကို ကောက်ယူထားသည်၊ သင်၏ Hello ဆရာဝန် ဝန်ဆောင်မှုများကို အသုံးပြုမှုနဲ့ ပတ်သက်၍ ဖော်ပြပေးသွားပါမည်။ ထို့အပြင် သင်၏ကိုယ်ရေးအချက်အလက်များကို အသုံးပြုမည့်ကိစ္စနဲ့ပတ်သက်၍ သင်၏ရွေးချယ်ခွင့်များ၊ ကျွန်ုပ်တို့က သင်၏ကိုယ်ရေးအချက်အလက်များကို မည်ကဲ့သို့ ကာကွယ်ပေးသွားမည်နဲ့ပတ်သက်၍လည်း ရှင်းလင်းသွားမည်ဖြစ်ပါသည်။ ဤကိုယ်ရေးအချက်အလက် လျှို့ဝှက်ထိန်းသိမ်းခြင်း မူဝါဒကို သေချာစွာ ဖတ်ရှုရန် ကျွန်ုပ်တို့က အလေးအနက်တိုက်တွန်းပါသည်။

ဤမူဝါဒသည် ပရော်ဖက်ရှင်နယ်မဟုတ်သူများ၊ စီးပွားဖြစ်လုပ်ငန်းမလုပ်ကိုင်နေသူများ၊ Hello ဆရာဝန် ၏ သတင်းအချက်အလက်များနှင့်ဝန်ဆောင်မှုများကို ရယူနိုင်သော ရွှေ့ပြောင်းနေထိုင်သူများအပါဝင် မိသားစု သို့မဟုတ် အိမ်ထောင်စုများ အသုံးပြုရန် ရည်ရွယ်ထားသော Hello ဆရာဝန်က တရားဝင်ပိုင်ဆိုင်ပြီး အမှန်တကယ်လည်ပတ်နေသော ဝဘ်ဆိုက်များအားလုံးအတွက် အကျုံးဝင်သည်။

ဤမူဝါဒသည် Hello ဆရာဝန်၏ဝန်ဆောင်မှုများကို အသုံးပြုနေသူများနဲ့ ပတ်သက်ဆက်စပ်နေရသူများနဲ့လည်း သက်ဆိုင်သည်။ သို့သော် သင်သည် Hello ဆရာဝန် ဝက်ဘ်ဆိုက်မှ သင်၏ကျန်းမာရေးဆိုင်ရာမှတ်တမ်းများကို လက်လှမ်းမီစောင့်ကြည့်ခွင့် ရရှိထားသော  ဝန်ထမ်း သို့မဟုတ် ကျန်းမာရေးစီမံကိန်းရေးဆွဲရေးဆိုင်ရာအဖွဲ့ဝင် ဖြစ်ပါက သင်၏ သတင်းအချက်အလက်များကို အသုံးပြုသောအလုပ်ရှင် သို့မဟုတ် ကျန်းမာရေးစီမံကိန်းနှင့်သက်ဆိုင်သော ဝဘ်ဆိုက်၏လျှို့ဝှက်ထိန်းသိမ်းခြင်း မူဝါဒသည် Hello ဆရာဝန် ဝဘ်ဆိုက်ရှိ  လျှို့ဝှက်ထိန်းသိမ်းခြင်း မူဝါဒအတိုင်းသာ ဖြစ်သည်။ အကယ်၍ သင့်အလုပ်ရှင် သို့မဟုတ် သင်ပါဝင်နေသော ကျန်းမာရေး စီမံကိန်းက သင်၏ဝန်ထမ်းဖြစ်တည်မှုဖြင့် အသုံးပြုနေသော အကောင့်ကို အသုံးပြုခွင့် ရပ်ဆိုင်းခဲ့လျှင် သင်သည် သင်၏သုံးစွဲနေကျ အသုံးပြုသူနာမည် နဲ့ လျှို့ဝှက်ကုဒ်အတိုင်း Hello ဆရာဝန် ဝဘ်ဆိုက်တွင် သင်၏ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို ကိုယ်ရေးအချက်အလက်များလျှို့ဝှက်ထိန်းသိမ်းခြင်းဆိုင်ရာ မူဝါဒနဲ့အညီ လက်လှမ်းမီခွင့် ဆက်လက်ရရှိမည်ဖြစ်သည်။

Hello ဆရာဝန် ဝဘ်ဆိုက်နဲ့သက်ဆိုင်သော ဤမူဝါဒသည် Hello ကျန်းမာရေးလုပ်ငန်းစုနဲ့ဆက်နွယ်သော တခြားသောလုပ်ငန်းစုများအတွက်လည်း အထူးအခြေအနေများမှအပ အကျုံးဝင်သည်။ သင်သည် ဤမူဝါဒတွင် ဖော်ပြပါရှိသည့်အတိုင်း သင်နှင့် သင်၏ဝန်ဆောင်မှုရယူခြင်း နဲ့ ပတ်သက်သော အချက်အလက်များကို ကျွန်ုပ်တို့အား စုဆောင်းရန်၊ အသုံးပြုရန် နှင့် ဖော်ထုတ်ရေးသားရန် မလိုလားပါက သင်သည် ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကို မရယူသင့်ပါ။ သင်သည် ကျွန်ုပ်တို့၏ဝန်ဆောင်မှုကို အသုံးပြုသည့်အခါ ကျွန်ုပ်တို့နှင့် ဝန်ဆောင်မှုရယူသူကြား သဘောတူညီထားသော သုံးစွဲခြင်းဆိုင်ရာ သတ်မှတ်ပြဌာန်းချက်များကို လက်ခံရမည်။ Hello ဆရာဝန် ၏ သုံးစွဲခြင်းဆိုင်ရာ သတ်မှတ်ပြဌာန်းချက်များကို သဘောတူလက်ခံသည်နှင့်တပြိုင်နက် သင်သည် ဤမူဝါဒနှင့် Hello ဆရာဝန် Cookie Policy ကို  ဖတ်ရှုနားလည်ပြီးဖြစ်သည်ဟု ညွှန်းဆိုသည်။ ထို့အပြင် မလေးရှားနိုင်ငံ သို့မဟုတ် ကျွန်ုပ်တို့တည်ရှိရာ အခွင့်အာဏာပိုင်‌နေရာ တိုင်းတွင်သင်  ၏အချက်အလက်များကို သိမ်းဆည်းခွင့်၊ အသုံးပြုခွင့်၊ လိုအပ်သလို ဆန်းစစ်ခွင့် ပေးပြီးဖြစ်သည်ဟု ယူဆနိုင်သည်။

ကျွန်ုပ်တို့ဟူသော စကားရပ်သည် Hello ဆရာဝန် LLC ၏ ကွပ်ကဲမှုအောက်တွင်ရှိသော ကုမ္ပဏီများပါဝင်သော Hello ဆရာဝန် LLC ကုမ္ပဏီစုကို ရည်ညွှန်းသည်။( ဥပမာ အားဖြင့် Hello ဆရာဝန် LLC ပိုင်ဆိုင်သော အကျိုးတူ ကုမ္ပဏီတစ်ခု)။ Hello ဆရာဝန် သည် သူ၏အကျိုးတူလုပ်ငန်းစုများနဲ့ ဝက်ဘ်ဆိုက်တွင် သတင်းအချက်အလက်များ မျှဝေမည်ဖြစ်သော်လည်း ဤမူဝါဒနဲ့အညီ စုဆောင်းထားသော အချက်အလက်များသည် ဤမူဝါဒ၏ ပြဌာန်းချက်များနဲ့အညီ အမြဲကာကွယ်မှု ရရှိမည်ဖြစ်သည်။ ဤမူဝါဒတွင် ပါရှိသည့် အထူးအခြေအနေများမှ အပ Hello ဆရာဝန် LLC သည်သာ ဤမူဝါဒတွင် ဖော်ပြပါရှိသည့်အတိုင်း သင်၏ကိုယ်ရေး အချက်အလက်များကို ဆန်းစစ်အသုံးပြုခွင့် ရရှိမည်ဖြစ်သည်။ 

(၁) သင့်အကြောင်း စုဆောင်းထားသော အချက်အလက်များ

ဉာဏ်စမ်းမေးခွန်းများ သို့မဟုတ် ကျန်းမာရေးသုံးကိရိယာများ ကဲ့သို့သော ကျွန်ုပ်တို့၏ အချို့သော ဝန်ဆောင်မှုများသည် သင်၏ကိုယ်ရေးအချက်အလက်များကို သိမ်းဆည်းထားမည်မဟုတ်သော်လည်း Hello ဆရာဝန် Lab Testing၊  Ovulation/ Pregnancy CalendarHello ဆရာဝန် အက်ပလီကေးရှင်းထဲရှိ Healthy Target ProgramHello ဆရာဝန် BabyHello ဆရာဝန် PregnancyHello ဆရာဝန် Allergy ကဲ့သို့သော မှတ်ပုံတင်ထားသူများသာ အသုံးပြုနိုင်သော အက်ပလီကေးရှင်းတို့သည် သင်၏သတင်းအချက်အလက်များကို ဤမူဝါဒအတိုင်း သိမ်းဆည်းမည်ဖြစ်သည်။ သင်သည် Hello ဆရာဝန် တွင် မှတ်ပုံတင်ခြင်း၊ကိုယ်ရေးအချက်အလက် များကို မျှဝေခြင်း မပြုသည့်တိုင် သင်၏ Hello ဆရာဝန် ဝဘ်ဆိုက်များ၊ အက်ပလီကေးရှင်းများ နှင့် ဝန်ဆောင်မှုများကို အသုံးပြုခြင်းနဲ့ ပတ်သက်သော အချက်အလက်များကို ကျွန်ုပ်တို့ သိမ်းဆည်းမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် သုံးစွဲသူများ၏အချက်အလက်များကို တခြားသော ပြင်ပအရင်းအမြစ်များမှလည်း ရယူကောင်းရယူမည်။ 

သင်သည် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို ရယူသုံးစွဲသည့်အခါ အောက်ပါအချက်အလက်များကို ကျွန်ုပ်တို့ရယူစုဆောင်းမည်။

မှတ်ပုံတင်ခြင်း

သင်သည် အများစုသော ဝန်ဆောင်မှုများကို မှတ်ပုံတင်ခြင်းမပြုဘဲ အသုံးပြုနိုင်သော်လည်း တချို့သောဝန်ဆောင်မှုများသည် Hello ဆရာဝန် တွင် မှတ်ပုံတင်မှသာ ကောင်းမွန်စွာ သုံးစွဲနိုင်မည်ဖြစ်သည်။ မှတ်ပုံတင်လိုသည်ဖြစ်စေ၊ Hello ဆရာဝန် အကောင့်ကို ပြုပြင်မွမ်းမံလိုသည်ဖြစ်စေ၊ တချို့သောဝန်ဆောင်မှုများကို လက်လှမ်းမီစေရန်ဖြစ်စေ သင်၏ Hello ဆရာဝန် အကောင့်ကို အသုံးပြုခွင့်အတွက် သ့်၏နာမည်၊ လိပ်စာ၊ တယ်လီဖုန်း နံပါတ်၊ ကျားမ၊ အီးမေးလိပ်စာ၊ သင်၏မွေးနေ့၊ သုံးစွဲသူနာမည် နဲ့ လျှို့ဝှက်ကုဒ်တို့ကို ဝန်ဆောင်မှုများသည် အပြန်အလှန်သဘော‌အသွင်ဆောင်ပြီး သင်၏ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များတောင်းဆိုမှုနဲ့အတူ သင်၏အသက် နှင့် လိင်စိတ်တိမ်းညွှတ်မှုကဲ့သို့သော ကိုယ်ရေးအချက်အလက်များကို တောင်းဆိုမည်ဖြစ်သည်။ Hello ဆရာဝန် Symptom Checker ကို အသုံးပြုရန်အတွက် Hello ဆရာဝန် ကို မှတ်ပုံတင်ရန် မလိုပါ။ အကယ်၍ သင်သည် Hello ဆရာဝန်ကို မှတ်ပုံတင်ထားပါကလည်း Symptom Checker တွင် သင်တင်သွင်းသော အချက်အလက်များနဲ့ မှတ်ပုံတင်စဉ်က အသုံးပြုခဲ့သော အချက်အလက်များကို တိုက်ဆိုင်စစ်ဆေးမည် မဟုတ်ပါ။

ပြန်လှန် ဝန်ဆောင်မှုများ

Hello ဆရာဝန် Symptom Checker ကဲ့သို့သော အချို့ ဝန်ဆောင်မှုများသည် အပြန်အလှန်သဘော‌အသွင်ဆောင်ပြီး သင်၏ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များတောင်းဆိုမှုနဲ့အတူ သင်၏အသက် နှင့် လိင်စိတ်တိမ်းညွှတ်မှုကဲ့သို့သော ကိုယ်ရေးအချက်အလက်များကို တောင်းဆိုမည်ဖြစ်သည်။ Hello ဆရာဝန် Symptom Checker ကို အသုံးပြုရန်အတွက် Hello ဆရာဝန် ကို မှတ်ပုံတင်ရန် မလိုပါ အကယ်၍ သင်သည် Hello ဆရာဝန်ကို မှတ်ပုံတင်ထားပါကလည်း Symptom Checker တွင် သင်တင်သွင်းသော အချက်အလက်များနဲ့ မှတ်ပုံတင်စဉ်က အသုံးပြုခဲ့သော အချက်အလက်များကို တိုက်ဆိုင်စစ်ဆေးမည် မဟုတ်ပါ။

အီးမေးလ် အသစ်ပေးပို့ခြင်းများ

Hello ဆရာဝန် ဝဘ်ဆိုက်တွင် ဝင်ရောက်အသုံးပြုချိန်များတွင်ဖြစ်စေ၊ မှတ်ပုံတင်ခြင်းလုပ်ဆောင်ချိန်တွင်ဖြစ်စေ Hello ဆရာဝန် သိူ့မဟုတ် အကျိုးတူပူးပေါင်းထားသူ လုပ်ငန်းစုတစ်ခု၏ အီးမေးလ်မှတဆင့် ကျန်းမာရေးအခြေအနေတစ်ခုခုနဲ့ စပ်လျဉ်း၍ စာပို့ပေးခြင်း ကဲ့သို့သော သတင်းအချက်အလက်ဆိုင်ရာ သို့မဟုတ် ပရိုမိုရှင်းအတွက် စာပို့ပေးနိုင်ရန် သင်၏ကိုယ်ရေးအချက်အလက်များ ကျွန်ုပ်တို့ထံ ပေး‌ပို့နိုင်ကြောင်း သိရှိစေမည်ဖြစ်သည်။ Hello ဆရာဝန် သည် သုံးစွဲသူများကို အကျိုးတူပူးပေါင်းထားသူလုပ်ငန်းစုတခုခု၏ ဝက်ဘ်ဆိုက်ဒ်မှတဆင့် အီးမေးလ်သစ်များ ရယူနိုင်မည့် အခွင့်ကို အချိန်နှင့်အမျှ ပေးစွမ်းပါမည်။ သင်သည်  ကျွန်ုပ်တို့နှင့် အကျိုးတူပူးပေါင်းထားသူလုပ်ငန်းစု၏ ဝဘ်ဆိုက်တွင် အီးအီးမေးလ်သစ်များရယူခွင့်ကို ရယူထားသူဖြစ်ပါက ထိုလုပ်ငန်းစုမှ လုပ်ငန်းလည်ပတ်သူသည် သင် ရယူခွင့်ကို တောင်းဆိုစဉ်က သင်ဖြည့်သွင်းခဲ့သော သင်၏ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့ကို သိရှိစေမည်ဖြစ်ပြီး ထိုအချက်အလက်များကိုလည်း ဤမူဝါဒအတိုင်းသာ အသုံးပြုမည်ဖြစ်သည်။ Hello ဆရာဝန် Message Boards တွင် သင်သည် သင်ဖန်တီးသော သို့မဟုတ် သင်ပါ‌ဝင်‌ ဆွေး‌ နွေးခဲ့‌ သော ပို့စ်များအတွက် email notification ကို ဖွင့်ထားထားခဲ့ပါက သင်ပါဝင်ပတ်ထားသောပို့စ်ရှိသည့်အချိန်တိုင်း သက်ဆိုင်ရာ အီးမေးလ်တစ်စောင်ကို သင်လက်ခံရရှိမည်ဖြစ်သည်။ သင်သည် ထိုကဲ့သို့ အီးမေးလ်အသစ်များကို ဆက်လက်ရယူလိုခြင်းမရှိသည့်အခါ Message Boards settings ရှိ Email Alert section တွင် ပြန်လည်ထိန်းညှိပြုပြင်နိုင်ပါသည်။ 

Email a Friendသင်သည် Hello ဆရာဝန်ဆိုက်မှ ဝန်ဆောင်မှုတစ်ခုခု‌အကြောင်း သင်၏သူငယ်ချင်းကို ပြောပြနိုင်ရန် Email a Friend ဝန်ဆောင်မှုကို အသုံးပြုပါက ကျွန်ုပ်တို့သည် သင်၏ နာမည်၊ သင်၏ အီးမေးလ်လိပ်စာ နှင့် သင့်သူငယ်ချင်း၏ အီးမေးလ်လိပ်စာ တို့ကို တောင်းဆိုရယူမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် သင်၏နာမည်နှင့် from ဟူသော အီးမေးလ်လိပ်စာကို အသုံးပြု၍ သင့်သူငယ်ချင်းက ကျွန်ုပ်တို့၏ ဝဘ်ဆိုက်ကို လာရောက်လေ့လာလာနိုင်ရန် တစ်ကြိမ်သုံးအီးမေးလ် ကို ပေးပို့ဖိတ်ခေါ်မည်ဖြစ်သည်။ Hello ဆရာဝန်သည် သင့်သူငယ်ချင်း၏ အီးမေးလ်အချက်အလက်များကို တခြားသောရည်ရွယ်ချက်များအတွက် အသုံးပြုမည်မဟုတ်ပါ။ ကျွန်ုပ်တို့သည် သင်ပို့ပေးသောအချက်အလက်များကို သင့်သူငယ်ချင်းအားဖိတ်ခေါ်သော အီးမေးလ်ပို့ပေးရန်အတွက်သာ အသုံးပြုမည်ဖြစ်သည်။ သင်သည်သင့်သူငယ်ချင်း၏ အီးမေးလ်လိပ်စာကို ကျွန်ုပ်တို့ထံ မပေးပို့မီ သင့်သူငယ်ချင်းထံမှ ခွင့်ပြုချက်ရယူပြီးဖြစ်ရပါမည်။ ကျွန်ုပ်တို့သည် အီးမေးလ်များကို အင်တာနက်အသုံးပြုသူမြောက်များစွာထံသို့ တာဝန်မဲ့စွာ ပေးပို့ခြင်းပြုလုပ်မည် မဟုတ်သကဲ့သို့ သင့်သူငယ်ချင်းထံပေးပို့သော ဖိတ်ခေါ်အီးမေးလ် အတွက်လည်း တာဝန်ယူ၊တာဝန်ခံနိုင်လိမ့်မည် မဟုတ်ပေ။

အကယ်၍ သင့်သူငယ်ချင်းတစ်ဦးဦးက သင်၏ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့ထံပေးပို့ထားသည်ဟု သင်သိရှိခဲ့ချိန်တွင် သင်သည် သင်၏ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့၏ အချက်အလက်ပေါင်းစုရုံ မှ ပယ်ဖျက်ပေးစေလိုလျှင် Hello ဆရာဝန် ဝဘ်ဆိုက်များ၏အောက်ခြေ‌တွင် ပါရှိသည့် Contact Us လင့်ကို အသုံးပြုနိုင်ပါသည်။

ဈေးကွက်ဆိုင်ရာ သုတေသန

Hello ဆရာဝန် သည် အွန်လိုင်းသုတေသန ဆန်းစစ်ချက်များကို အီးမေးလ်မှသော်လည်းကောင်း၊ ဆန်းစစ်ချက်စစ်တမ်းပုံစံမျိုးဖြင့်သော်လည်းကောင်း၊ အွန်လိုင်းရှိ ရည်ရွယ်ရာအစုအဖွဲ့ များထံမှသော်လည်း အချိန်နဲ့အမျှ လုပ်‌ဆောင်သွားမည်ဖြစ်သည်။ ဆန်းစစ်ချက် စစ်တမ်းတွင် ဝင်ရောက်ဖြေသည့်အခါ ကျွန်ုပ်တို့က သင်၏ တည်နေရာနှင့် အသက်တို့ကို ပေးပို့စေမည်ဖြစ်ပြီး၊ အကယ်၍ ဈေးကွက်ဆိုင်ရာသုတေသန ဆန်းစစ်ချက်များနဲ့အတူ ဆုမဲများ စီစဉ်ဆောင်ရွက်ခဲ့လျှင် ဆုမဲများရရှိခဲ့ပါက အဆင်ပြေနိုင်စေရန် သင်၏နာမည်နှင့် သင့်အားဆက်သွယ်ရမည့် အချက်အလက်များကို ရယူသွားမည်ဖြစ်သည်။ ဆန်းစစ်ချက်စစ်တမ်းတွင် သင်ဖြည့်သွင်းလိုက်သော အချက်အလက်များကို Hello ဆရာဝန် သည် ကြေညာသို့မဟုတ် အစီအစဉ် တစ်ခု၏ အကျိုးဖြစ်ထွန်းမှုအပါအဝင် အောက်ဖော်ပြပါ သုတေသနနှင့် တိုင်းတာဆန်းစစ်ခြင်းများအတွက် အသုံးပြုမည်ဖြစ်သည်။ ဆုမဲ‌ပေးအပ်ခြင်း အစီအစဉ်တွင် သင်ပေးပို့သော အချက်အလက်များကို ဆုမဲများပေးအပ်နိုင်ရေးအတွက်သက်သက်သာ ဥပဒေနည်းလမ်းကျစွာ အသုံးပြုမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် အသက်တစ်ဆယ့်သုံးနှစ်အောက် မည်သူမဆိုကို ကျွန်ုပ်တို့၏ ဈေးကွက်ဆိုင်ရာ သုတေသနဆန်းစစ်ချက်တွင် ပါ‌ဝင်စေမည်မဟုတ်ပါ။ Hello ဆရာဝန် ကဖြစ်စေ၊ ကိုယ်စားပြုဆောင်ရွက်ပေးသော အဖွဲ့တစ်ခုခုကဖြစ်စေ ပြုလုပ်သော ဈေးကွက်ဆိုင်ရာ သုတေသနဆန်းစစ်ချက်တွင် ဤမူဝါဒအကြောင်း လင့်ကို ထည့်သွင်းထားမည်ဖြစ်သည်။

သုံးစွဲသူတို့၏ ဝေဖန်အကြံပြုချက်များ၊ Hello ဆရာဝန် Message Boards နှင့် တခြားသော အများဆိုင်ရာ ဖိုရမ်များ

Physician Directory ကိုအသုံးပြုရာတွင် သုံးစွဲသူတို့သည် ဝန်ဆောင်မှုပေးသူများအပေါ် ဝေဖန်အကြံပြုချက်များ ရေးသားပေးပို့နိုင်သည်။ Hello ဆရာဝန် သည် သုံးစွဲသူများက ဝေဖန်အကြံပြုချက်များရေးသားခြင်း၊ သတင်းအချက်အလက်မျှဝေပေးခြင်း၊ သုံးစွဲသူအချင်းချင်းအားပေးကူညီခြင်း၊ သုံးစွဲသူများမှ ကျွမ်းကျင်ပညာရှင်များဖြေကြားနိုင်ရန် မေးခွန်းမေးခြင်း တို့ ပြုလုပ်နိုင်မည့် အမျိုးမျိုးသော စာစောင်ပေးပို့နိုင်မည့် နေရာ နှင့် တခြားသော အများဆိုင်ရာ ဖိုရမ်များ စီစဉ်ဆောင်ပေးထားပါမည်။ ကျွန်ုပ်တို့သည် ကျန်းမာရေးဆိုင်ရာ ပညာရှင်များက ဦးဆောင်ဆွေးနွေးသော အွန်လိုင်းဆွေးနွေးပွဲများကိုလည်း ပြုလုပ်ပေးသွားပါမည်။ ဝေဖန်အကြံပြုချက်များသည် /Physician Directory ထဲတွင် တွေ့ရှိနိုင်မည်ဖြစ်ပြီး စာစောင်ပေးပို့နိုင်မည့် နေရာများသည်လည်း အများကြည့်ရှုနိုင်ရန်စီစဉ်ထားမည်ဖြစ်ပြီး လျှို့ဝှက်ထိန်းသိမ်းထားမည်ဟု မမှတ်ယူထားသင့်ပါ။

မည်သည့် ဝေဖန်အကြံပြုရာနေရာတွင်ဖြစ်စေ၊ အွန်လိုင်း စာစောင်ပေးပို့နိုင်မည့်နေရာတွင်ဖြစ်စေ၊ သို့မဟုတ် တခြားသော အများဆိုင်ရာ ဖိုရမ်တစ်ခုခုတွင်ဖြစ်စေ သင်မျှဝေ‌ထားသော ကိုယ်ရေးအချက်အလက်အပါအဝင်အချက်အလက်အားလုံးတို့သည် အများပြည်သူသိရှိနိုင်မည့်ပုံစံသာဖြစ်ပြီး လျှို့ဝှက်ထိန်းသိမ်းထားမည့်ပုံစံ ဖြစ်မည်မဟုတ်ပါ။ သင်သည် အများဆိုင်ရာ ဖိုရမ်တစ်ခုခုတွင် ကိုယ်ရေးအချက်အလက်များ မျှဝေခြင်းမပြုမီ သေချာစွာ စဉ်းစားသင့်ပါသည်။ သင်မျှဝေသောအချက်အလက်များကို အကျိုးတူလုပ်ငန်းစု တစ်ခုခုက သိမြင်နိုင်ခွင့်၊ ဖွင့်ချဖော်ထုတ်နိုင်ခွင့်၊ သိမ်းဆည်းစုဆောင်းခွင့် ရှိမည်ဖြစ်သကဲ့သို့ အခြားသော ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုကလည်း အခွင့်အာဏာမရှိသောရည်ရွယ်ချက်များအတွက် သင့်ကိုဆက်သွယ်ခြင်းအပါအဝင် ကျွန်ုပ်တို့ မထိန်းချုပ်နိုင်၊ မခန့်မှန်းနိုင်သည့်ပုံစံမျိုးဖြင့် အသုံးပြုကောင်းပြုနိုင်ပါသည်။ မည့်သည့်ဝဘ်ဆိုက်ရှိ အများဆိုင်ရာ ဖိုရမ်နေရာတစ်ခုခုမှာကဲ့သို့ သင်မျှဝေသော သတင်းအချက်အလက်သည် အကျိုးတူလုပ်ငန်းစုများ၏ ရှာဖွေလေ့လာရေးပြုနိုင်သည့်နေရာ များတွင်လည်း တွေ့ရှိနိုင်မည်ဖြစ်သည်။

အကယ်၍သင်သည် သင်၏ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့၏ စာစောင်ပေးနိုင်မည့်ရာတွင် မှားယွင်းစွာ ပေးပို့မိပြီးချိန်တွင် ထိုပေးပို့အချက်အလက်များကို ပယ်ဖျက်လိုပါက သင်သည် ကျွန်ုပ်တို့က Contact Us လင့်ကိုအသုံးပြုပြီး ပယ်ဖျက်ပေးနိုင်ရန် အီးမေးလ်ပေးပို့ တောင်းဆိုနိုင်ပါသည်။ တချို့သော အခြေအနေများတွင် ကျွန်ုပ်တို့သည် သင်၏ကိုယ်ရေးအချက်အလက်များကို ပယ်ဖျက်ခြင်းမပြုပေးနိုင်သည်မျိုး ရှိနိုင်ပါသည်။ 

Hello ဆရာဝန် သို့ သင်ပေးပို့သော အီးမေးလ်များ

ဤမူဝါဒသည် Hello ဆရာဝန် သို့ အီးမေးလ်ဖြင့်သင်ပေးပို့သော သင်၏ သတင်းအချက်အလက်၊ အကြောင်းအရာ၊ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်၊ စိတ်ကူးဉာဏ်များ၊ သဘောတရားများ သို့မဟုတ် တီထွင်ဖန်တီးမှုများအပေါ်တွင် သက်ရောက်မှုမရှိပါ။ သင်သည် အကြောင်းအရာတစ်ခုခု သို့မဟုတ် စီးပွားရေး သတင်းအချက်အလက်ကိုဖြစ်စေ၊ စိတ်ကူးဉာဏ်များကိုဖြစ်စေ၊ သဘောတရားများ သို့မဟုတ် တီထွင်ဖန်တီးမှုများကို ဖြစ်စေ လျှို့ဝှက်ခြင်း သို့မဟုတ် ပိုင်ဆိုင်ခွင့် ကို ထိန်းသိမ်းလိုပါက Hello ဆရာဝန် သို့ အီးမေးလ်မပေးပို့သင့်ပါ။

ဝန်ဆောင်မှုများနှင့် စက်ယန္တရားဆိုင်ရာ အချက်အလက်များ

သင်သည် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို အသုံးပြုသည့်အခါ Hello ဆရာဝန်သည် သင်၏ IP လိပ်စာ သို့မဟုတ် တစ်ကိုယ်ရေသုံး ယန္တရားအမှတ်အသား ကဲ့သို့သော သင်၏ မိုဘိုင်းယန္တရားများမှလည်းကောင်း သို့မဟုတ် သင်၏ရှာဖွေမှု မှတ်တမ်းမှလည်းကောင်း အချက်အလက်များ၊ ရည်ညွှန်း URL အပါအဝင် ရှာဖွေမှု မှတ်တမ်း အချက်အလက်များ၊ သင်၏ကြိုက်နှစ်သက်မှုများ၊ ဆက်တင်များ၊ cookies များ၊ သင်ရှာဖွေမေးမြန်းထားမှု၊ ကြေညာကြည့်ရှူမှုများ၊ ကလစ်များနှင့် ဆက်စပ်သော ရက်စွဲ၊ အချိန်ကဲ့‌သို့သော သင်၏လုပ်ဆောင်ချက်များ နှင့် သင်ကြည့်ရှုခဲ့သော အကြောင်းများကဲ့သို့သော အချက်အလက်များကို ဆာဗာလော့ဂ်တွင် စုဆောင်းသိမ်းဆည်းထားမည်ဖြစ်သည်။ Hello ဆရာဝန် သည် သင့်စက်ယန္တရား၏ ဆက်စပ်အချက်အလက်များဖြစ်သည့် စက်ယန္တရားမော်ဒယ်အပါအဝင် စတင်အသုံးပြုချိန်၊ လုပ်ငန်းလည်ပတ်စနစ်ဆိုင်ရာ အချက်အလက်များ၊ အက်ပလီကေးရှင်း၏ ဗားရှင်း၊ သုံးစွဲမှု အချက်အလက်နှင့် တကိုယ်ရည်သဘောဆောင်ပြီး သုံးစွဲသူက ပြန်လည်ချိန်ညှိနိုင်သော ကြေညာနှင့်ပတ်သက်သည့် ID များကိုလည်း သိမ်းဆည်းထားမည်ဖြစ်သည်။ သင်၏ မိုဘိုင်းစက်ယန္တရားတည်နေရာကိုလည်း သင်၏ခွင့်ပြုချက်ဖြင့် သိမ်းဆည်းမည်ဖြစ်ပြီး သင်သည်သင်၏ခွင့်ပြုချက်ကို သင့်စက်ယန္တရား၏ဆက်တင်မှတဆင့် ပြန်လည်ပြင်ဆင်နိုင်ပါသည်။ 

Cookies များနဲ့ တခြားသော ထောက်လှမ်းရေး နည်းပညာများ

ကျွန်ုပ်တို့နှင့် မိတ်ဖက်ဆောင်ရွက်သူတို့သည် သင်၏ဝန်ဆောင်မှုအသုံးပြုခြင်းနဲ့သက်ဆိုင်သော အချက်အလက်များကို စုဆောင်းထားကြသည်။ Cookies များသည် သင်က Hello ဆရာဝန် ဝဘ်ဆိုက်ကို ဝင်ရောက်လေ့လာသည့်အခါ သင်၏ရှာဖွေမှုမှတ်တမ်းကို မှတ်မိနိုင်စေရန်နှင့် သင်၏ ဝန်ဆောင်မှုသုံးစွဲခြင်းဆိုင်ရာ အချက်အလက်များကို သိမ်းဆည်းထားနိုင်ရန် ရည်ရွယ်ဖန်တီးထားသော ဒေတာဖိုင်အသေးစားများသာဖြစ်သည်။ Cookies အပြင် ကျွန်ုပ်တို့နှင့် မိတ်ဖက်ဆောင်ရွက်သူတို့သည် မူရင်းဝဘ်ဆိုက်၊ ကွန်ယက်ကြေညာရေးတစ်ခု သို့မဟုတ် တခြားသော အကျိုးတူလုပ်ငန်းစုတခုက ပိုင်ဆိုင်သော မူရင်းဆာဗာထံသို့ သက်ဆိုင်သော အချက်အလက်များ ပို့ပေးခြင်း နှင့် သင်၏လုပ်ဆောင်ချက်များကို အစဉ်မပြတ်လေ့လာစောင့်ကြည့်သော ဝဘ်ဆိုက် သို့မဟုတ် အီးမေးလ်ထဲရှိ ရှင်းလင်းသော GIFs သို့မဟုတ် web pixels ဟုလည်းခေါ်ဆိုကြသော သေးငယ်သည့် ဂရပ်ဖစ်ဖိုင်များဖြစ်သည့် web beacons နှင့် ယန္တရားအမှတ်အသားပြုချက်များ အပါအဝင် သင်၏ဝန်ဆောင်မှုသုံးစွဲခြင်းနဲ့သက်ဆိုင်သော အချက်အလက်များကို သိမ်းဆည့်နိုင်သည့် အခြားသော နည်းပညာများကိုလည်း အသုံးပြုပါမည်။ ထိုနည်းပညာများဖြင့် စုဆောင်းရရှိသော အချက်အလက်များကို ကျွန်ုပ်တို့၏မိတ်ဖက်ဆောင်ရွက်သူများထံမှ ရရှိသော သင်၏နာမည်၊ အီးမေးလ်လိပ်စာ၊ နေရပ်လိပ်စာ စသည်တို့နဲ့ ပေါင်းစပ်ပြီး သင့်ထံသို့ သင်စိတ်ဝင်စားမည့် အကြောင်းအရာများကို အီလက်ထရောနစ်နည်းအရ သို့မဟုတ် တိုက်ရိုက်မေးလ် ဖြစ်စေ ပေးပို့ပေးမည်ဖြစ်သည်။ 

ကျွန်ုပ်တို့နဲ့မိတ်ဖက် ကြေညာဝန်ဆောင်မှုပေးသူများကလည်း သင်ကြည့်ရှုသော အကြောင်းအရာများအပါအဝင် သင်၏ Hello ဆရာဝန် ဆိုက် အသုံးပြုမှုအချက်အလက်များကို သိမ်းဆည်းရန် cookies နှင့်တခြားသော ထောက်လှမ်းရေးနည်းပညာများကို အသုံးပြုပါလိ့မ်မည်။ ထို အကျိုးတူလုပ်ငန်းစုများသည် ရရှိလာသော အချက်အလက်များကို Hello ဆရာဝန် ဆိုက်တွင် ကြေညာများထည့်သွင်းနိုင်ရာတွင် ကူညီနိုင်ရန် အသုံးပြုမည်ဖြစ်သကဲ့သို့ Hello ဆရာဝန်ဆိုက်မှ သင်၏ရှာဖွေမှုမှတ်တမ်းများပေါ် အခြေခံ၍ တခြားသောအကျိုးတူလုပ်ငန်းစုများ၏ ဝဘ်ဆိုက်တွင် ကြောညာများထည့်သွင်းနိုင်ရန်လည်း  အသုံးပြုမည်ဖြစ်သည်။ Hello ဆရာဝန် သည် Hello ဆရာဝန်ဆိုက်နှင့် အကျိုးတူလုပ်ငန်းစုများထံမှ ရရှိသော အချက်အလက်များအပေါ် အခြေခံ၍သာ Hello ဆရာဝန်ဆိုက်တွက် ကြေညာများထည့်သွင်းသွားမည်ဖြစ်သည်။ Hello ဆရာဝန် နှင့် အကျိုးတူလုပ်ငန်းစု နှစ်ခုမှာ Facebook နှင့် Google တို့ ဖြစ်ပါသည်။ Hello ဆရာဝန် က ဝန်ဆောင်မှုများ ပေးစွမ်းနိုင်ရန် အချက်အလက်များကို သိမ်းဆည်း အသုံးပြုသကဲ့သို့ Google ကလည်း အလားတူသတင်းအချက်အလက်များကို သူ၏လျှို့ဝှက်ထိန်းသိမ်းခြင်းဆိုင်ရာ မူဝါဒ အတိုင်း အသုံးပြုမည်ဖြစ်သည်။ Hello ဆရာဝန် ဆိုက်ရှိ Google service များကို အသုံးပြုရာတွင် လက်ခံရှိသော သတင်းအချက်အလက်မျကို Google ကမည်သို့သုံးစွဲနေသည်နှင့်စပ်လျဉ်း၍ သိရှိလိုပါက https://www.google.com/policies/privacy/partners တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ Facebook က မည်သည့်ကိုယ်ရေးအချက်အလက်ကိုမျှ Hello ဆရာဝန် သို့ မျှဝေပေးခြင်းမပြုသော်လည်း Facebook သည် သင်နဲ့ပတ်သက်၍ စုဆောင်းရရှိထားသော အချက်အလက်များကို Hello ဆရာဝန် အတွက် ဝန်ဆောင်မှုများ ဆောင်ရွက်ရာတွင်  https://www.facebook.com/about/privacy တွင်ဖော်ပြထားသော လျှို့ဝှက်ထိန်းသိမ်းခြင်းဆိုင်ရာ မူဝါဒများအတိုင်း အသုံးပြုမည်ဖြစ်သည်။ 

ကျွန်ုပ်တို့သည် Hello ဆရာဝန်ဝဘ်ဆိုက်နှင့် အကျိုးတူလုပ်ငန်းများ၏ ဝဘ်ဆိုက်တွင် ကြေညာများထည့်သွင်းဖော်ပြနိုင်ရန် ကြေညာဆိုရင်ရာအကျိုးတူလုပ်ငန်းစုကွန်ယက်များနဲ့လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ ကြေညာဆိုင်ရာ အကျိုးတူလုပ်ငန်းစုများသည် Hello ဆရာဝန် အပလီကေးရှင်းနှင့် Hello ဆရာဝန် ဝဘ်ဆိုက်တွင် သင်လုပ်ဆောင်ပါဝင်ထားသည့်အချက်အလက်များကို စုဆောင်းရန် နည်းပညာများအသုံးပြုမည်ဖြစ်ပြီး ရရှိလသောအချက်အလက်များကို cookie အခြေပြုကြေညာများဖြင့် Hello ဆရာဝန်ဆိုက်နှင့် အကျိုးတူလုပ်ငန်းစုများ၏ ဝဘ်ဆိုက်တွင် ပံ့ပိုးပေးမည်ဖြစ်သည်။ 

ကျွန်ုပ်တို့ အနေဖြင့် cookies နှင့် အခြားသော ထောက်လှမ်းရေးနည်းပညာများကို ဝန်ဆောင်မှုများနဲ့မည်သို့ချိတ်ဆက် အသုံးပြုနေသည်နဲ့ပတ်သက်၍ ထပ်မံသိရှိလိုသည်များရှိပါက ကျွန်ုပ်တို့၏ Cookie Policy တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ 

သင်သည် သင်၏စက်ယန္တရားတစ်ခုခုတွင် ကျွန်ုပ်တို့၏ အက်ပလီကေးရှင်းတစ်ခုခုကို ဒေါင်းလုတ်ပြုလုပ်လိုက်သည့်အခါ ကျွန်ုပ်တို့က သင်၏အက်ပလီကေးရှင်းစတင်အသုံးပြုမှုကို ကြုံရာနံပါတ်တခု သတ်မှတ်ပေးမည်ဖြစ်သည်။ ထိုနံပါတ်သည် သင့်အားပုဂ္ဂိုလ်ရေးအရ မှတ်သားချက်ပြုနိုင်ရန် အသုံးမပြုနိုင်သကဲ့သို့ ကျွန်ုပ်တို့၏ အက်ပလီကေးရှင်းတခုခုတွင် မှတ်ပုံတင်ခြင်းမရှိသရွေ့ သင့်အားပုဂ္ဂိုလ်ရေးအရ မှတ်သားချက်ပြုနိုင်မည်မဟုတ်ပါ။ ကျွန်ုပ်တို့သည် ထိုနံပါတ်ကို ဤမူဝါဒနဲ့ cookie policy တွင်  cookie များကို မည်ကဲ့သို့ အသုံးပြုသည်ဟုဖော်ပြထားသည့်အတိုင်း အသုံးပြုပါသည်။ Cookie နဲ့မတူသည့်အချက်မှာ ထိုနံပါတ်သည် သင်အသုံး‌ပြုသော အက်ပလီကေးရှင်းတွင်သာ အသုံးပြုခြင်းဖြစ်ပြီး cookie သည် သင်၏ရှာဖွေမှုမှတ်တမ်း Browser မှတဆင့် အလုပ်လုပ်ခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် ပေးထားသော နံပါတ်အား ဆက်တင်မှတဆင့် ဖယ်ရှားနိုင်မည်မဟုတ်ပေ။ ကြုံရာနံပါတ်တခုသုံးစွဲခြင်းကို ကြိက်နှစ်သက်ခြင်းမရှိပါက အက်ပလီကေးရှင်းကို အသုံးမပြုသင့်ပါ။ သင့်စက်ယန္တရားတွင် cookie နှင့် အခြားသော ထောက်လှမ်းရေး နည်းပညာ များအသုံးပြုခြင်းသည် Hello ဆရာဝန် အက်ပလီကေးရှင်းတွင်ဖြစ်စေ၊ ဒက်စတော့ဆိုဒ်တွင် ဖြစ်စေ ပုံစံတူပင်ဖြစ်သည်။ Cookie များကို ငြင်းဆန်လိုပါက Hello ဆရာဝန်အက်ပလီကေးရှင်းနှင့် မိုဘိုင်းဆိုက်တွင်ရှိသော Your Choices and Rights အပိုင်းတွင် ဖော်ပြထားသော Network Advertising Initiative နှင့် opt-out လုပ်ငန်းစဉ်တို့ကို အသုံးပြုနိုင်ပါသည်။

သင်နဲ့ပတ်သက်သော အချက်အလက်များကို အသုံးပြုပုံ

သင်၏ဝန်ဆောင်မှုများရယူခြင်းနဲ့ပတ်သက်၍ အချက်အလက်များကို အောက်ပါရည်ရွယ်ချက်များအတွက် အသုံးပြုပါမည်။ 

  • အသစ်သောဝန်ဆောင်မှုများကို ပေးစွမ်းရန်၊ တိုးမြှင့်ရန်၊ ဖန်တီးရန်
  • သင်၏မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးရန်နှင့် Hello ဆရာဝန် ဆိုဒ်နှင့်ဝန်ဆောင်မှုများအကြောင်း သင့်အားဆက်သွယ်ပြောဆိုရန်
  • Hello ဆရာဝန်ဆိုဒ်နှင့် ဝန်ဆောင်မှုများနဲ့ပတ်သက်၍ သင်၏ဝေဖန်အကြံပြုချက်များရယူရန်
  • Hello ဆရာဝန် မှ အခွင့်အလမ်းများ၊ သတိပေးချက်များ၊ ကြေညာစာများ၊ သတင်းများအပါအဝင်သင်၏ ဝန်ဆောင်မှုရယူသုံးစွဲမှုမှ ဖော်ပြနေသော သင်၏စိတ်ဝင်စားမှုများအပေါ်အခြေခံ၍ လုံခြုံသော အီလစ်ထရောနစ်စာစောင်များနှင့် အီးမေးလ်များပေးပို့နိုင်ရန်
  • Hello ဆရာဝန်ဆိုဒ်တွင် အကြိမ်ရေမည်မျှဝင်ရောက်လေ့လာသည်၊ ဝန်ဆောင်မှုများကို မည်ကဲ့သို့ အသုံးပြုသည် နှင့် အီးမေးလ်မည်မျှကိုလက်ခံသည်၊ ဖွင့်ဖတ်သည်တို့ကဲ့သို့သော သုံးစွဲသူတို့၏ လုပ်ဆောင်ချက်များ၊ အပြုအမူများကို စာရင်းအင်းနည်းအရ ဆန်းစစ်သုံးသပ်ရန်
  • သင်နှင့် သင်ကဲ့သို့ စိတ်ဝင်စားမှု တူညီသူများထံသို့ ဆီလျော်သော ကြေညာများကို Hello ဆရာဝန်ဆိုက်နှင့် အက်ပလီကေးရှင်းတို့မှ ဖြစ်စေ ၊ တခြားတနေရာရာမှ ဖြစ်စေ ပို့ပေးနိုင်ရန်
  • သုံးစွဲသူတို့အလိုကျ ဝန်ဆောင်မှုများ ပေးစွမ်းနိုင်ရန်
  • သုံးစွဲသူများနှင့် ဝန်ဆောင်မှုများကို လိမ်လည်မှုများနှင့် အခြားသောအန္တရာယ်တို့မှ ခုခံကာကွယ်ပေးနိုင်ရန်
  • ဝန်ဆောင်မှုနဲ့ပတ်သက်၍ပြဿနာများရှိပါက သိရှိနိုင်ရန်
  • သုတေသနာနှင့် အောက်ဖော်ပြပါ တိုင်းတာမှုလုပ်ငန်းစဉ်များဆောင်ရွက်ရန်
  • သင့်အကောင့်ကို စီမံပေးနိုင်ရန်

ထို့အပြင် Hello ဆရာဝန် သည် သင်၏ကိုယ်ရေးအချက်အလက်များကို သင့်ထံမှ အချက်အလက်များ ရယူစဉ်က သဘောတူညီချက်ယူထားသည့်အတိုင်း အခြားသော ရည်ရွယ်ချက်များအတွက်လည်း အသုံးပြုမည်ဖြစ်သည်။

သင့်အချက်အလက်များအား ဝေမျှခြင်း

Hello ဆရာဝန်၏ လက်အောက်ခံကုမ္ပဏီများနှင့် တွဲဖက်ကုမ္ပဏီများ

သင့်အချက်အလက်များကို ကျွန်ုပ်တို့၏ လက်အောက်ခံကုမ္ပဏီများ၊ တွဲဖက်ကုမ္ပဏီများနှင့် ကျွန်ုပ်တို့က ဝယ်ယူထားသော သို့မဟုတ် ပူးပေါင်းထားသော ကုမ္ပဏီများသို့ မျှဝေနိုင်သည်။ Hello ဆရာဝန်သည် ကုမ္ပဏီ ရောင်းချခြင်း သို့မဟုတ် အခြားကုမ္ပဏီတစ်ခုနှင့်ပူးပေါင်းခြင်း သို့မဟုတ် ကုမ္ပဏီ၏ပိုင်ဆိုင်မှုများ ရောင်းချခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းပြုပါက သင့်အချက်အလက်များကို Hello ဆရာဝန်အား ဝယ်ယူလိုက်သော သို့မဟုတ် ထိန်းချုပ်နိုင်သောသူသို့ လွှဲပြောင်းမည်ဖြစ်သည်။ ထိုကဲ့သို့အပြောင်းအလဲမျိုးတွင်အချက်အလက် စောင့်ထိန်းခြင်း ဆိုင်ရာမူဝါဒအား ပြင်ဆင်ခြင်းဟူသောအပိုဒ်၏ ပြဌာန်းချက်များအတိုင်း ပြင်ဆင်ပြောင်းလဲခြင်း မပြုပါက သင့်အချက်အလက်များကို မူဝါဒနှင့်အညီ လက်ခံသူက ဆက်လက် ထိန်းသိမ်းထားမည်ဖြစ်သည်။

Hello ဆရာဝန်နှင့် အလုပ်လုပ်သည့် ကုမ္ပဏီများနှင့် ကန်ထရိုက်တာများ

Hello ဆရာဝန်သည် နည်းပညာ၊ အချက်အလက်များ ခွဲခြမ်းစိတ်ဖြာခြင်း၊ သုတေသနပြုခြင်း၊ email များ စီမံခြင်းနှင့် အသုံးချခြင်း၊ ကံစမ်းမဲအစီအစဉ်များ၊ ပြိုင်ပွဲများပြုလုပ်ခြင်း၊ ကြော်ငြာခြင်းနှင့် အရောင်းမြှင့်တင်ခြင်းစေသာ ဝဘ်ဆိုက်/App ဆောင်ရွက်မှုနှင့် ဝန်ဆောင်မှုများကို လုပ်ဆောင်နိုင်ရန် Third Parties ကုမ္ပဏီများ၊  ကန်ထရိုက်တာများနှင့် ပူးပေါင်းဆောင်ရွက်ပါသည်။ တခါတရံ Hello ဆရာဝန်၏ ကန်ထရိုက်တာများသည် ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို Hello ဆရာဝန်သို့ ပံ့ပိုးပေးနိုင်ရန် သင့်၏အချက်အလက်များကို လိုအပ်သည့် အတိုင်းအတာအထိ ရယူပါသည်။ သို့သော် ကန်ထရိုက်တာများသည် Hello ဆရာဝန်ကို ဝန်ဆောင်မှု သို့မဟုတ် လုပ်ဆောင်ချက်များ ပံ့ပိုးခြင်းအတွက်မှလွဲ၍ သင့်အချက်အလက်များကို အခြားရည်ရွယ်ချက်များဖြင့် အသုံးမပြုရန် သို့မဟုတ် ဖွင့်ဆိုခြင်းမပြုရန် သဘောတူစာချုပ်များချုပ်ဆိုထားပါသည်။

Third party ကြော်ငြာရှင်နှင့် Third party ဝဘ်ဆိုက်များ

Cookie ပေါ်လစီတွင် ဖော်ပြထားသည့်အတိုင်း Hello ဆရာဝန် နှင့် Third party ဝဘ်ဆိုက်များတွင် ကြော်ငြာရန်အတွက် Third party ကြော်ငြာရှင်သည် ကျွန်ုပ်တို့ကိုယ်စား သင်နဲ့ ပတ်သက်သည့်အချက်အလက်များ (ဥပမာ cookie ID သို့မဟုတ် IP address)ကို အသုံးပြုနိုင်ရန် မျှဝေပေးပါမည်။ 

Hello ဆရာဝန် ဝဘ်ဆိုက်တွင် ဖော်ပြာထးသော တချို့ဆောင်းပါးများ၊ ဝန်ဆောင်မှုများ၊ ကြော်ငြာများသည် Hello ဆရာဝန် အပြင် တခြားသော ဝဘ်ဆိုက်များ (Third party ဝဘ်ဆိုက်များ)သို့  ရောက်ရှိသွားမည်ဖြစ်ပါသည်။ Hello ဆရာဝန်သည် သင့်ကိုယ်ရေးအချက်အလက်များကို သင့်ခွင့်ပြုချက်မရှိဘဲ ၄င်း Third party ဝဘ်ဆိုက်များသို့ မျှဝေမည် မဟုတ်ပါ။ သို့သော် Third party ဝဘ်ဆိုက်များကို အသုံးပြုသည့်အခါ ၄င်းတို့ကို သင်ခွင့်ပြုထားသည့်အချက်များရှိပါက ၄င်းသည် ယခုကိုယ်ရေးအချက်အလက်မူဝါဒနှင့် သက်ဆိုင်ခြင်းမရှိသည်ကို သိစေလိုပါသည်။ Hello ဆရာဝန်သည် Third party ဝဘ်ဆိုက်များ၏ ကိုယ်ရေးအချက်အလက်မူဝါဒများနှင့် သက်ဆိုင်ခြင်း မရှိပါ။ Third party ဝဘ်ဆိုက်များသည် သင့်ကိုယ်ရေးအချက်အလက်များကို မည်သို့စုစည်းပြီး ပြန်လည်အသုံးပြုသည်ကို နားလည်စေရန် ၄င်းတို့၏ ကိုယ်ရေးအချက်အလက်မူဝါဒကို သေချာစွာ ဖတ်ရှုပါ။ ဤအချက်ကို သိသာစေရန်အတွက် Hello ဆရာဝန် ဝဘ်ဆိုက်မှထွက်၍ Third party ဝဘ်ဆိုက်များကို ဝင်သည့်အခါ လင့်တစ်ခုကို နှိပ်စေ၍ဖြစ်စေ၊ သတိပေး၍ဖြစ်စေ အကြောင်းကြားမည်ဖြစ်ပါသည်။ ဒါ့ပြင်အားဖြည့်ထားသည်။သို့မဟုတ်အတူတကွဆောင်ရွက်သည်စသည့်စာသားများကို တွေ့ပြီး နောက်တွင် Hello ဆရာဝန် မဟုတ်သည့် ကုမ္ပဏီနာမည်တစ်ခုခုပါနေလျှင် သင်သည် Hello ဆရာဝန် မဟုတ်သည့် တခြားဝဘ်ဆိုက်သို့ ရောက်ရှိနေသည်ဖြစ်ကြောင်း သတိပြုပါ။ ထိုကဲ့သို့ ပူးတွဲလုပ်ဆောင်သည့် ဝန်ဆောင်မှုများကို အသုံးပြုပါက (Hello ဆရာဝန်နှင့် မိတ်ဖက်ဝန်ဆောင်မှု) သို့မဟုတ် စာရင်းသွင်းပါက သို့မဟုတ် အချက်အလက်များ တင်သွင်းထားပါက လိုအပ်လာလျှင် ထိုအခက်အလက်များကို မိတ်ဖက်ကုမ္ပဏီသို့ မျှဝေမည်ဖြစ်ပါသည်။ ၄င်းတွင် Third party ဝန်ဆောင်မှုများ ပါဝင်မည်ဖြစ်ပြီး ထိုဝန်ဆောင်မှုများကိုဝန်ဆောင်မှုများတွင် ထည့်သွင်းထားမည် ဖြစ်ပါသည်။ 

Hello ဆရာဝန် တွင် အခြားဆိုရှယ်မီဒီယာဝန်ဆောင်မှုများကို တုံ့ပြန်နိုင်ရန် (ဥပမာ ဆောင်းပါးမျှဝေရန်) ဆိုရှယ်widgetsများ ရှိပါသည်။ Widgetsကို Third party ဝဘ်ဆိုက်များမှ ပေးထားသည်ဆိုပါက ၄င်းတို့မှတဆင့် ရှာဖွေမှု အချက်အလက်များကို စုဆောင်းပြီး Third party ဝဘ်ဆိုက်များမှ ထိန်းချုပ်ထားမည် ဖြစ်ပါသည်။ သင့်ကိုယ်ရေးအချက်အလက်များအသုံးပြုမှုနှင့် ပတ်သက်ပြီး ဆိုရှယ်ကွန်ယက်ပလက်ဖောင်းနှင့် တိုက်ရိုက်ပြုပြင်နိုင်ပါသည်။ 

ဥပဒေ၊ ထိန်းချုပ်မှုများနှင့် ဥပဒေအရ တောင်းဆိုမှုများကို လိုက်နာခြင်း

အစိုးရနှင့် ဥပဒေပညာရှင်များ၏ တိုက်တွန်းချက်၊ ပြင်ပအဖွဲ့အစည်းများ၏ ဥပဒေပြုချက်များနှင့် အညီ Third partyများသို့ ကိုယ်ရေးအချက်အလက်များ မျှဝေမည်ဖြစ်ပါသည်။ (ဥပဒေလိုအပ်ချက်များ (ဥပမာ ဥပဒေ၊ ထိန်းချုပ်မှုများ၊ ရှာဖွေဝရမ်း၊ တရားရုံးဆင့်ခေါ်စာ)များနှင့် အညီ ကိုက်ညီရန် () အချက်အလက်များကို မျှဝေခြင်းသည် ကျွန်ုပ်တို့၏ အခွင့်အရေးကို ကာကွယ်ရန်၊ သင်နှင့် အခြားသူများ၏ လုံခြုံမှုကို ကာကွယ်ရန်၊ လိမ်လည်မှုများကို စစ်ဆေးရန်နှင့် အစိုးရ၏ တောင်းဆိုချက်အရ မျှဝေသင့်သည်ဟု ယူဆတဲ့အခါ  သို့မဟုတ် () အထူးကိစ္စရပ်များ (ဥပမာ သင်နှင့် အခြားသူများကို ခြိမ်းခြောက်မှုများမှ ကာကွယ်ရန်၊ ဥပဒေအရ အကာအကွယ်ပေးနိုင်ရန်၊ ခုခံနိုင်ရန်။ ဒါ့ပြင် ကိုယ်ရေးအချက်အလက်များကို အောက်ပါ အခြေအနေများတွင်လည်း မျှဝေနိုင်ပါသည်။ 

သင့်ကိုယ်ရေးအချက်အလက်များကို မည်သို့ လုံခြုံစွာ သိမ်းဆည်းထားသနည်း။

ကျွန်ုပ်တို့တွင် သင့်ကိုယ်ရေးအချက်အလက်များကို အကာအကွယ်ပေးရန် သင့်တော်သော လုံခြုံရေးစနစ်ရှိပါသည်။ Hello ဆရာဝန် အနေနှင့် သင့်ကိုယ်ရေးအချက်အလက်များကို ကာကွယ်ပေးရန် ကြိုးစားထားသော်လည်း ခွင့်ပြုချက်မရှိသည့် Third party တစ်ခုခုမှ ကျွန်ုပ်တို့၏ လုံခြုံရေးစနစ်များကို ချိုးဖောက်ပြီး သင့်ကိုယ်ရေးအချက်အလက်များကို မျှဝေလိုက်နိုင်သည့် အန္တရာယ်လည်း ရှိနိုင်ပါသည်။

သင့်ကိုယ်ရေးအချက်အလက်များ၏ လုံခြုံမှုသည် ကျွန်ုပ်တို့အတွက် အရေးကြီးပါသည်။ သင့်ကိုယ်ရေးအချက်အလက်များကို ဖြည့်စွက်သည့်အခါ (ဝန်ဆောင်မှုများစွာမှ ကိုယ်ပိုင်ကျန်းမာရေးအချက်အလက်များ အပါအဝင်) ထိုအချက်အလက်များကို ထိန်းချုပ်ထားခြင်း သို့မဟုတ် SSL connections (Secure Socket Layer) technology ကို သုံး၍ ကာကွယ်ပေးထားပါသည်။ 

သင့်ကိုယ်ရေးအချက်အလက်များကို သင့်အကောင့်ကို အသုံးပြုနေသရွေ့ သို့မဟုတ် ဝန်ဆောင်မှုများကို ပေးနေသရွေ့ ထိန်းသိမ်းထားမည် ဖြစ်ပါသည်။ သင့်အနေနှင့် အချိန်မရွေး ကိုယ်ရေးအချက်အလက်များကို ဖယ်ရှားခြင်း သို့မဟုတ် ကျွန်ုပ်တို့ကို ဖယ်ရှားစေခြင်းတို့ ပြုလုပ်နိုင်ပါတယ်။ သို့သော် နည်းပညာအရ သင့်ရဲ့ အချက်အလက်များအားလုံးကို ကျွန်ုပ်တို့၏ Hello ဆရာဝန် ဆာဗာမှ ဖယ်ရှားရန် မဖြစ်နိုင်ဆိုတာကို သိစေလိုပါတယ်။ အောက်တွင် ဖော်ပြထားသောသင့်ရွေးချယ်မှုနှင့် အခွင့်အရေးများတွင် သင့်ကိုယ်ရေးအချက်အလက်များကို မည်သို့ ပြင်ဆင် သို့မဟုတ် ဖယ်ရှားနိုင်သည်ကို လေ့လာနိုင်ပါသည်။  အငြင်းပွားမှုများ ကင်းပြီး ကျွန်ုပ်တို့၏ သဘောတူညီချက်များနှင့် ကိုက်ညီရန် ဥပဒေနှင့်အညီ သင့်ကိုယ်ရေးအချက်အလက်များကို ထိန်းသိမ်းထားမည် ဖြစ်ပါသည်။ 

သင့်ရွေးချယ်မှုနှင့် အခွင့်အရေးများ

ကိုယ်ရေးအချက်အလက်များအား ပြင်ဆင်/ဖယ်ရှားခြင်း

ဤကိုယ်ရေးအချက်အလက်မူဝါဒတွေ ဖော်ပြထားသည့်အတိုင်း သင့်ကိုယ်ရေးအချက်အလက်များကို Hello ဆရာဝန် မှ အသုံးပြုသည်ကို မနှစ်သက်ပါလျှင် Hello ဆရာဝန် ဝဘ်ဆိုက်၊ အပလီကေးရှင်းနှင့် ဝန်ဆောင်မှုများကို အသုံးမပြုဘဲ နေသင့်ပါသည်။ သင်ဖြည့်သွင်းထားသော ကိုယ်ရေးအချက်အလက်များကို ပြင်ဆင်ရန်၊ ပြုပြင်ရန်၊ ပြန်လည်ကြည့်ရှုရန်အတွက်ဝန်ဆောင်မှုများထဲကို ပြန်ဝင်ပြီး လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ပါသည်။ အောက်တွင်ဖော်ပြထားသော ဆက်သွယ်ရန်နည်းလမ်းများ သို့မဟုတ် Hello ဆရာဝန် ဝဘ်ဆိုက်အောက်ဆုံးတွင် ဖော်ပြထားသောဆက်သွယ်ရန်မှတဆင့် သင်ပြုပြင်လိုသော ကိုယ်ရေးအချက်အလက်များကို ပြန်လည်ပြင်ဆင်နိုင်ပါသည်။ 

အကယ်၍ သင့်အနေနှင့် ကျွန်ုပ်တို့၏စနစ်များမှတဆင့် စာရင်းသွင်းထားပြီး ထိုစာရင်းသွင်း အချက်အလက်များကို ဖျက်ချင်သည်ဆိုပါက အောက်တွင်ဖော်ပြထားသော ‘Hello ဆရာဝန်အား ဆက်သွယ်ရန်၊ သင့်ကိုယ်ရေးအချက်အလက် သို့မဟုတ် လွတ်လပ်ခွင့်သို့မဟုတ် Hello ဆရာဝန် ဝဘ်ဆိုက်အောက်ဆုံးတွင် ဖော်ပြထားသောဆက်သွယ်ရန်မှတဆင့် ဆက်သွယ်နိုင်ပါသည်။ သင့်တောင်းဆိုချက်ကို လက်ခံရရှိပြီးသည်နှင့် ကျွန်ုပ်တို့၏ active databasesနှင့် ဖြစ်နိုင်ပါက back-up mediaများတွင် သိမ်းဆည်းထားသော သင့်ကိုယ်ရေးအချက်အလက်များကို ဖျက်ပေးမည် ဖြစ်ပါသည်။ သို့သော် နည်းပညာအရ သင့်ရဲ့ အချက်အလက်များအားလုံးကို ကျွန်ုပ်တို့၏ Hello ဆရာဝန် ဆာဗာမှ ဖယ်ရှားရန် မဖြစ်နိုင်ဆိုတာကို သိစေလိုပါတယ်။

ကျွန်ုပ်တို့၏ အီးမေးလ်သတင်းလွှာ အပါအဝင် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး သတင်းစကားရယူရန် စာရင်းသွင်းထားပါက Hello ဆရာဝန်၊ ကြော်ငြာရှင်များနှင့် စပွန်ဆာများမှ  သတင်းလွှာများ၊ အီးမေးလ်ဆက်သွယ်မှုများကို ရပ်တန့်ရန် အောက်ပါတို့ကို ပြုလုပ်နိုင်ပါသည်။ 

အီးမေးလ်သတင်းလွှာရယူမှုကို ရပ်တန့်ရန်

  • သတင်းလွှာ၏ အောက်ဆုံးတွင် ဖော်ပြထားသော ညွှန်ကြားချက်များအတိုင်း အီးမေးလ်တွင် တွေ့ရသောရယူမှုကို ရပ်မည်လင့်ကို နှိပ်နိုင်ပါသည်။
  • Hello ဆရာဝန် ဆိုက်ကို ဝင်ပြီးကျွန်ုပ်အချက်အလက်များတွင် သတင်းလွှာတွင် အမှန်ခြစ်ဖြုတ်ပါ။ 
  • Hello ဆရာဝန်အား အီးမေးလ်ဖြင့် ဆက်သွယ်ပါ။ 

Hello ဆရာဝန် Health Manager toolမှ အီးမေးလ်များ၊ မက်ဆေ့များကို လက်ခံလိုခြင်း မရှိပါက Health Manager ပင်မစာမျက်နှာရှိ ဝန်ဆောင်မှုရှိ “Opt-out” ကို နှိပ်ပြီး အီးမေးလ်လက်ခံသည့်ပုံစံကို ပြောင်းလဲခြင်း သို့မဟုတ် အီးမေးလ်တစ်ခုစီရှိရယူမှုကို ရပ်မည်မှ ညွှန်ကြားချက်အတိုင်း လိုက်နာနိုင်ပါသည်။ 

Hello ဆရာဝန်မှ ပေးပို့သော အရောင်းမြှင့်တင်ရေး အီးမေးလ်များသည် Hello ဆရာဝန် သို့မဟုတ် Hello ဆရာဝန်မှ စပွန်ဆာများအစားပေးပို့သည်ဖြစ်ရာ သင့်အနေနှင့် ၄င်းတို့အားလုံးကို ရယူမှုမှ ရပ်တန့်နိုင်ပါသည်။ သင့်အနေနှင့် ပြန်လည်ရယူလိုမှသာ ပြန်လည်ပေးပို့ပေးမည် ဖြစ်ပါသည်။ 

Cookies 

ဘရောက်ဆာဆော့ဝဲလ်အများစုကို Cookies များ ပယ်ဖျက်ရန် ပြုလုပ်နိုင်ပါသည်။ ဘရောက်ဆာအများစုတွင် Cookies များ မည်သို့ ပယ်ဖျက်ရမည်ဆိုတာကို ဘရောက်ဆာ toolbarရှိကူညီရန်သို့မဟုတ်ဆက်တင်သို့မဟုတ်နှစ်သက်ရာ ပြောင်းနိုင်ရန်တို့တွင် ဖော်ပြထားလေ့ရှိပါသည်။  ကျွန်ုပ်တို့၏ Cookiesများ ပိုမိုသိရှိလိုပါက Cookie Policy တွင် လေ့လာနိုင်ပါသည်။ 

အင်တာနက်အခြေခံ ကြော်ငြာများအား ရွေးချယ်ခြင်း

သင်ရွေးချယ်မှု လွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး ပိုမိုထိန်းချုပ်နိုင်စေရန် အင်တာနက်အခြေခံ ကြော်ငြာများအား ရွေးချယ်ခြင်းအတွက်  DAA (Digital Advertising Alliance)ကို ပြုလုပ်ထားပါသည်။ Hello ဆရာဝန်ဝဘ်ဆိုက် စာမျက်နှာ အောက်ခြေတွင် AdChoices လိုဂို ကို တွေ့နိုင်မည် ဖြစ်ပါသည်။ ဒါ့ပြင် Hello ဆရာဝန်ဝဘ်ဆိုက်၏ဆက်တင်စာမျက်နှာတွင်လည်း AdChoicesရွေးချယ်မှုကို တွေ့နိုင်ပါသည်။ Hello ဆရာဝန်မှ သတ်မှတ်ထားသော ကြော်ငြာများကို ရပ်တန့်လိုပါလျှင် ၄င်း AdChoices မှတဆင့် ပြုပြင်နိုင်ပါသည်။ သတိပြုရန်မှာ အင်တာနက်အခြေခံ ကြော်ငြာများအား ရွေးချယ်ခြင်းကို ပြုလုပ်ပြီးသော်လည်း ဝန်ဆောင်မှုများမှ မူရင်းကြော်ငြာများကို ဆက်လက်ရရှိနေမည် ဖြစ်ပါသည်။ ဒါ့ပြင် ကြော်ငြာများ ရပ်တန့်ခြင်းသည် ဘရောက်ဆာ သို့မဟုတ် ဖုန်းအပေါ်တွင် မူတည်နေသည်ဖြစ်ရာ ကွန်ပျူတာ သို့မဟုတ် မိုဘိုင်းဖုန်းတစ်ခုတွင် ရွေးချယ်ထားပြီး တခြားဘရောက်ဆာ သို့မဟုတ် မိုဘိုင်းဖုန်းများနှင့် ဆက်အသုံးပြုနေလျှင် ၄င်းတို့တွင်ပါ ပြန်လည်ရွေးချယ်ပေးရန် လိုပါသည်။ Windowရှိ ကြော်ငြာနာမည်ဘေးတွင်  + သင်္ကေတကို နှိပ်ခြင်းဖြင့် ကြော်ငြာများကို ရွေးချယ်ရန် မည်သည့်နေရာတွင် မည်သို့ပြုလုပ်နိုင်မည်ဆိုတာကို သိရှိနိုင်ပါသည်။ Hello ဆရာဝန်ဝဘ်ဆိုက်သည် ဘရောက်ဆာများ၏ခြေရာခံမည်မဟုတ်ကို တုံ့ပြန်မည် မဟုတ်ပါ။ 

ဈေးကွ့က်မြှင့်တင်ရေးအတွက် သတင်းစကား ပါးခြင်း 

သင့်လက်ကိုင်ဖုန်းအား စိတ်ဝင်စားမှုကို အခြေခံသည့် ကြော်ငြာများ ပေးပို့ခြင်းကို ထိန်းချုပ်ရန် သင့်၏ iOS စနစ် လက်ကိုင်ဖုန်း Settings တွင် “Limit Ad Tracking” ကိုလည်းကောင်း၊ Android စနစ် လက်ကိုင်ဖုန်း၏ Settings တွင် “Opt out of Ads Personalization”ကိုလည်းကောင်း Enable ပြုလုပ်နိုင်သည်။ ထိုသို့လုပ်ခြင်းသည် ကြော်ငြာများမြင်ရခြင်းကို တားဆီးနိုင်မည်မဟုတ်သော်လည်း သင့်စိတ်ဝင်စားမှုအား လက်ကိုင်ဖုန်းမှတဆင့် မှတ်သားနေခြင်းကို ကန့်သတ်လိုက်မည်ဖြစ်သည်။  အကယ်၍ သင်၏လက်ကိုင်ဖုန်းမှ Cookies ကိုဖယ်ရှားခြင်းနှင့် ပတ်သက်၍ သိလိုသည်များရှိသေးပါက ထိုလက်ကိုင်ဖုန်းကို ထုတ်လုပ်သည့် ကုမ္ပဏီများထံ မေးမြန်းလေ့လာပါ။ 

ကလေးသူငယ်

ကျွန်ုပ်တို့သည် ကလေးသူငယ်များ၏ ကိုယ်ရေးကိစ္စများကို ကာကွယ်ပေးရန် ကတိကဝတ်ပြုထားပါသည်။ Hello ဆရာဝန်ဝဘ်ဆိုက်အား အသက် (၁၈)နှစ်အောက် ကလေးငယ်များအား သုံးစွဲခြင်းပြုလာစေရန် ရည်ရွယ် ရေးဆွဲထားခြင်း မဟုတ်ပါ။ Hello ဆရာဝန်ဝဘ်ဆိုက်သည် အသက် (၁၈) နှစ်အောက်ဟု သိသောသူများ၏ ကိုယ်ရေးအချက်အလက်များကို စုဆောင်းခြင်းမပြုပါ။

မိဘအုပ်ထိန်းသူများရဲ့ ခွင့်ပြု တောင်းဆိုမှုဖြင့်သာ ကလေးများ၏ သတင်းအချက်အလက်များ ကျန်းမာရေး မှတ်တမ်းများ Hello ဆရာဝန်က မှတ်တမ်းပြုစု သိမ်းဆည်းထားမည်ဖြစ်သည်။ ကလေးငယ်များနှင့် ပတ်သက်ပြီး ဝဘ်ဆိုက် အသုံးပြုမှုအတွက် မှတ်တမ်းသိမ်းဆည်းထားရန် ပေးပို့သည့် သတင်းအချက်အလက်များ ပေးပို့မှုနှင့် အချက်အလက် တိကျမှုများအတွက် မိဘများတွင်သာ တာဝန် အပြည့်အဝ ရှိမည် ဖြစ်သည်။ ကလေးငယ်များအတွက် Helloဆရာဝန်မှ ကျန်းမာရေးစောင့်ရှောက်ပေးသူများမှ ပေးပို့သည့် ကျန်းမာရေးဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်များ သတင်းအချက်အလက် များကို အသုံးပြုမှုအတွက်လည်း မိဘများတွင်သာ တာဝန် အပြည့်အဝ ရှိမည် ဖြစ်သည်။

မြန်မာနိုင်ငံ ပြင်ပမှ Helloဆရာဝန် အသုံးပြုသူများအတွက်

ကျွန်ုပ်တို့၏ နည်းပညာရပ်ပိုင်းဆိုင်ရာ တည်ဆောက်မှုများသည် ဗီယက်နမ်နိုင်ငံတွင် ရှိသည်။ ကျွန်ုပ်တို့ထံ သင်ပေးလိုက်သော ကိုယ်ရေးအချက်အလက်များကိုမူ စင်္ကာပူနိုင်ငံတွင် သိမ်းဆည်းထားပါသည်။ အကယ်၍ သင်က အခြားနိုင်ငံတစ်ခုတွင် နေထိုင်သူဖြစ်ပါက သင့်၏ အချက်အလက်များကို ယခုမူဝါဒဖြင့် သိမ်းဆည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ခြင်းများပြုလုပ်သော စင်္ကာပူနိုင်ငံသို့ လွှဲပြောင်းပေးရမည်ကို သိရှိထားရပါမည်။ သင့်အချက်အလက်များကို အခြားနိုင်ငံများတွင် လုပ်ငန်း ဆောင်ရွက်နေသော ဝန်ဆောင်မှုပံ့ပိုးသူများကိုလည်း လွှဲပြောင်းခြင်းမျိုးလည်း ဖြစ်နိုင်ပါသည်။ 

ကျွန်ုပ်တို့ ဝန်ဆောင်မှုကိုသုံးစွဲရာ၌ စင်္ကာပူနိုင်ငံနှင့် Hello Health Group စီရင်ပိုင်ခွင့်ရှိသောနေရာများတွင် ထိုသို့စုဆောင်းခြင်း၊ သိမ်းဆည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ခြင်းကို သင် သဘောတူခွင့်ပြုရပါမည်။ အချို့သော စီရင်ခွင့်ရှိသော နေရာများသည် အချက်အလက်များ ကာကွယ်ပေးခြင်းနှင့်ပတ်သက်၍ သင့်နိုင်ငံကဲ့သို့ လုံလောက်သောအားထုတ်မှု ရှိနိုင်မည်မဟုတ်ပါ။ ထိုသို့သော အခြေအနေမျိုးတွင် သင့်နိုင်ငံ၏ ဥပဒေနှင့်ဖြစ်စေ၊ စင်္ကာပူနိုင်ငံ၏ ကိုယ်ရေးအချက်အလက်များ ကာကွယ်ပေးခြင်းအက်ဥပဒေနှင့်ဖြစ်စေ ပို၍တင်းကြပ်သောဥပဒေ၏ အကာအကွယ်ရနိုင်ရန် ကျွန်ုပ်တို့ တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်သည်။ သင့်၏ အချက်အလက်များကို မြန်မာနိုင်ငံ၏ အစိုးရ သို့မဟုတ် မြန်မာနိုင်ငံ၏ ဥပဒေလုပ်ငန်းများကို ဆောင်ရွက်နေသောအဖွဲ့အစည်းက ရယူနိုင်မည်ကို သိနားလည်ရပါမည်။ 

သင့်ကိုယ်ရေးအချက်အလက် (သို့) ကိုယ်ရေးကိစ္စနှင့်ပတ်သက်၍ Hello ဆရာဝန်သို့ဆက်သွယ်ဆောင်ရွက်ခြင်း

ကျွန်ုပ်တို့ ထိန်းသိမ်းထားသော သင့်ကိုယ်ရေးအချက်အလက် သို့မဟုတ် အချက်အလက်စောင့်ထိန်းခြင်းဆိုင်ရာမူဝါဒ နှင့်ပတ်သက်၍ သိလိုသည်များရှိပါက ဝဘ်ဆိုက်စာမျက်နှာတိုင်း၏ အောက်ခြေတွင် ဖော်ပြထားသော “Contact Us” သို့ email ပေးပို့နိုင်သည်။ ကျွန်ုပ်တို့သည် သင့်လျော်သည့်အချိန်အတွင်း သင့်တောင်းဆိုချက်များကို တုံ့ပြန်ဖြေဆို ပါမည်။ 

ဟယ်လိုဟက်သ်ဂရုကိုလည်း အောက်ပါလိပ်စာသို့ ဆက်သွယ်နိုင်သည်။

တိုင်ကြားချက်များအား [email protected] သို့ပေးပို့နိုင်သည်။ ကိုယ်ရေးကိစ္စဆိုင်ရာ အရာရှိက တိုင်ကြားချက်ကို လက်ခံရရှိကြောင်း အတည်ပြုပါလိမ့်မည်။ ထို့နောက် ဖြစ်ပွားနိုင်ချေရှိသော ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးပါမည်။ Hello ဆရာဝန်သည် မည်သည့်တိုင်ကြားချက်ကိုမဆို လက်ခံရရှိပြီး ရက်ပေါင်း (၆၀) အတွင်း ဖြေရှင်းနိုင်ရန် ကြိုးပမ်းအားထုတ်ပါမည်။ ပြည့်စုံမှန်ကန်သော ဖြေရှင်းမှုများပြုနိုင်ရန် လိုအပ်သော အချက်အလက်များ ရှိပါကလည်း မေးမြန်းရယူမည်ဖြစ်သည်။

မူဝါဒအား ပြောင်းလဲခြင်း

ကျွန်ုပ်တို့သည် ယခုမူဝါဒအား ပြောင်းလဲခြင်း သို့မဟုတ် ပြင်ဆင်ခြင်းများပြုနိုင်သည့် အခွင့်အာဏာရှိသည်။ ထို့အပြင် ကျွန်ုပ်တို့၏ မည်သည့်ဝန်ဆောင်မှုကိုမဆို အချိန်မရွေး ပြောင်းလဲနိုင်ပြီး ထိုပြောင်းလဲမှုများသည် ဖော်ပြထားသည့်အချိန်မှစ၍ အသက်ဝင်ပါသည်။ ကျွန်ုပ်တို့သည် မူဝါဒဆိုင်ရာ အပြောင်းအလဲများ ပြုလုပ်ပါက Hello ဆရာဝန်ဝဘ်ဆိုက်တွင် အကြောင်းကြားစာတင်ခြင်းနှင့်/သို့မဟုတ် ကျွန်ုပ်တို့၏ စာရင်းသွင်းသုံးစွဲသူများထံ (စာရင်းသွင်းစဉ်ကဖြည့်သည့် email လိပ်စာသို့) email ပို့ခြင်းဖြင့် ကြိုတင်အသိပေးပါမည်။ မူဝါဒပြောင်းလဲပြီးနောက် ဝဘ်ဆိုက်ကို ဆက်လက်သုံးစွဲခြင်းသည် ထိုပြောင်းလဲခြင်းအား သဘောတူသည်ဟု မှတ်ယူပါမည်။ ကိုယ်ရေးအချက်အလက်စောင့်ထိန်းခြင်း လုပ်ထုံးလုပ်နည်းများ၏ နောက်ဆုံးအပြောင်းအလဲကို သိနိုင်ရန် မကြာခဏ ဝင်ရောက်ဖတ်ရှုရန် တိုက်တွန်းလိုပါသည်။ အကယ်၍ သင်သည် ထိုမူဝါဒပါ စည်းမျဉ်းများအား လက်မခံနိုင်ပါက စာရင်းပေးသွင်းခြင်းနှင့် ဝဘ်ဆိုက်အား အသုံးပြုခြင်း မပြုရန် တောင်းဆိုပါသည်။ ထိုသို့ လိုက်နာနိုင်ခြင်းမရှိပါက ကျေးဇူးပြု၍ Hello ဆရာဝန်ဝဘ်ဆိုက်မှ အမြန်ဆုံး ထွက်ခွာသင့်ပါသည်။ 

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း