ဟိမဝန္တာတောင်တန်းဒေသမှာ သဘာဝအတိုင်းဖြစ်လာတဲ့ ပန်းရောင်ဆားဟာ ကျန်းမာရေးအတွက်ကောင်းတယ်လို့ပြောကြပါတယ်။ အရိုးတွေသန်မာစေတယ်၊ သွေးတိုးတောင်ကျစေတယ်လို့သူ့ရဲ့အစွမ်းအာနိသင်အကြောင်းလည်း လူပြောများကြတာစုံလို့ပါပဲ။ သိပ္ပံပညာအရ အတည်ပြုနိုင်တဲ့တွေ့ရှိမှုနည်းသေးပေမယ့် Spaတွေမှာက ပန်းရောင်ဆားကို အသုံးပြုနေတာ ဒီအကြောင်းရင်းတွေကြောင့်ဆိုတာပြောပြချင်လို့ပါ။ အလှအပရေးရာအတွက် ပန်းရောင်ဆားက ဘယ်လိုအကျိုးကျေးဇူးတွေပေးနိုင်လဲလေ့လာကြည့်ရအောင် –