backup og meta

သင်သိသင့်တဲ့ recovery drip infusion ရဲ့ ကောင်းကျိုးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr . Phyu Mon Latt မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင်သိသင့်တဲ့ recovery drip infusion ရဲ့ ကောင်းကျိုးများ

    ဗီတာမင်တွေဟာ ဆေးပြားပုံစံလာပေမယ့် ဒါဟာ သူတို့ရဲ့ အာနိသင်အနည်းဆုံးပုံစံပဲဖြစ်ပါတယ်။ ဆေးတွေမှာ ပါဝင်တဲ့ ဗီတာမင် သတ္တုဓါတ်တွေကို အကြောင်းကို သေချာစိတ်ဖြာထားခြင်းမရှိပဲ သက်တမ်းကြာတာနဲ့ အမျှ ပြောင်းလဲနိုင်တာမို့ သင်ဘယ်လောက်ရတယ်ဆိုတာ မသိနိုင်ပါဘူး။ ဒါ့ပြင် သင် ကောင်းကျိုးတွေမရခင်မှာ အစာခြေလမ်းကြောင်းကို ဖြတ်သန်းရမှာဖြစ်ပါတယ်။ ဒါကြောင့် recovery drip infusion လို့ခေါ်တဲ့ ထိုးဆေးကို အသုံးပြုသင့်ပါတယ်။

    လူတွေဟာ ဗီတာမင် ထိုးဆေးတွေကို အကြောင်းရင်းမျိုးစုံကြောင့် အသုံးပြုကြပါတယ်။ အချို့က နာကျင်မှုနဲ့နာတာရှည် ရောင်ရမ်းမှုတွေကို သက်သာစေဖို့ အသုံးပြုကြပါတယ်။ အချို့ကတော့ ပိုအားရှိလိုလို့ အသုံးပြုကြပါတယ်။ အချို့က အားကစား စွမ်းဆောင်ရည်မြင့်မားစေဖို့ အသုံးပြုကြပါတယ်။

    အောက်ဖေါ်ပြပါ အချက်တွေကတော့ recovery drip infusion ရဲ့ ကောင်းကျိုးတွေပဲဖြစ်ပါတယ်။

    ၁။ လက္ခဏာတွေကို လျင်မြန်စွာ သက်သာစေပါတယ်။

    ဗီတာမင်နဲ့ electrolytes တွေဟာ သွေးတွင်းကို သွေးပြန်ကြောမှတစ်ဆင့်သွားပြီး အမြန်အာနိသင် ပြနိုင်ပါတယ်။ ဒီလိုထိုးဆေးတွေ အသုံးပြုတဲ့လူနာတွေဟာ ထိုးအပြီးမှာ အားအင်တိုးလာခြင်း၊ ခေါင်းကြည်ခြင်းရှိတယ်လို့ ဆိုကြပါတယ်။

    ၂။ ဗီတာမင် စုပ်ယူမှုကို တိုးမြှင့်ပေးခြင်း

    ဗီတာမင်တွေဟာ ကိုယ်ခန္ဓါ လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။ သူတို့ကို သွေးပြန်ကြောမှတစ်ဆင့်အသုံးပြုခြင်းဟာ အစာအိမ်နဲ့ အူတွေကို ဖြတ်သန်းစရာ မလိုတော့ပါဘူး။ ဒီနည်းဟာ သောက်ဆေးတွေထက် စုပ်ယူမှုအား ပိုကောင်းစေပါတယ်။

    ၃။ ရေဓါတ်ဖြည့်တင်းပေးခြင်း

    လူအများစုဟာ ရေဓါတ်လျော့နည်းနေမှန်း သတိမထားမိတတ်ကြပဲ ဒါဟာ ပူတဲ့ရာသီဥတုမှာ အဖြစ်များပါတယ်။ ဒီလိုထိုးဆေးထိုးခြင်းဟာ ပုံမှန်ရေဓါတ်ပမာဏကို လျင်မြန်စွာ ပြန်ရောက်ရှိနိုင်ပါတယ်။

    ၄။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်လာခြင်း

    ဗီတာမင်တွေနဲ့ Glutathione ဟာ အသားအရည် ရင့်ရော်မှုကို လျော့ကျစေဖို့အတွက် အသုံးဝင်ပါတယ်။ ဒါ့ပြင် ရေဓါတ်ဖြည့်တင်းပေးခြင်းဟာ အရေပြားကို ပြန်လည်ပြည့်တင်းစေပြီး အရေးအကြောင်းပေါ်ခြင်းကို သက်သာစေပါတယ်။ အကောင်းဆုံးအချက်ကတော့ မျက်လုံးအဖြူရောင်နေရာတွေ တောက်ပလာပြီး နှုတ်ခမ်းခြောက်ခြင်းလည်း ရှိတော့မှာ မဟုတ်ပါဘူး။

    ၅။ အပန်းပြေခြင်း၊ နေကောင်းခြင်း

    Vitamin B complex ဟာ စိတ်ဖိစီးမှုကို သက်သာစေပါတယ်။ ဆေးသွင်းတဲ့အချိန်မှာ သင့်ကို ထိုင်နေစေမှာဖြစ်ပါတယ်။ တကယ်လို့ လူနာတွေဟာ laptop အသုံးပြုချင်ရင်တောင်မှ ဆေးသွင်းနေစဉ်မှာ အနားယူခြင်း၊ အိပ်ခြင်းတွေတောင် ပြုလုပ်နိုင်ပါတယ်။

    ၆။ ကိုယ်ခံအားကောင်းခြင်း

    တကယ်လို့ သင်ခရီးသွားတယ်ဆိုရင် ထိုးဆေးတွေဟာ လေယာဉ်မစီးခင် ကြိုတင်လုပ်သွားသင့်တာတွေ ဖြစ်ပါတယ်။ Vitamin C ဟာ ကိုယ်ခံအားကိုမြှင့်တင်ပေးပြီး ခြောက်သွေ့တဲ့ လေယာဉ်ပေါ်မှာ ရေဓါတ်ပြည့်တင်းနေပါလိမ့်မယ်။

    ၇။ သွေးလွန်တုတ်ကွေး ပြန်ကောင်းလာခြင်း

    တကယ်လို့ ဆေးရုံမှာထက် အိမ်ကနေ ပြန်ကောင်းလာချင်တာမို့ အနားယူနေတယ်ဆိုရင် ဒီထိုးဆေးဟာ နာလန်ထဖြစ်စဉ်အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းကနေ ပါဝင်ပါတယ်။

    လူအများစုဟာ ကုသမှုစတင်ပြီးတာနဲ့ တစ်ပြိုင်နက် အာနိသင် ရရှိကြပါတယ်။ အလှအပ၊ ကျန်းမာရေး အစရှိတာတွေကို တိုးတက်စေတဲ့ drip သွင်းခြင်းဟာ အစားလျှော့စားခြင်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းကို ပိုမိုထိရောက်စေပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement