backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Tinea Infection (ပွေးပေါက်ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 25/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Tinea Infection (ပွေးပေါက်ခြင်း)

Tinea Infection (ပွေးပေါက်ခြင်း) အကြောင်းလေး လေ့လာလိုက်နော်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Tinea Infection (ပွေးပေါက်ခြင်း) ကဘာလဲ။

ပွေးကူးစက်ခြင်းသည် ခန္ဓါကိုယ်အနှံ့ဖြစ်ပွားနိုင်သော အရေပြားတွင် မှိုကူးစက်ခြင်း ဖြစ်ပါ သည်။ ၎င်းသည် အရေပြား (tinea corporis), ဦးရေပြား (tinea capitis), ခြေထောက် (tinea pedis, ခြေထောက်တွင်ဖြစ်သောပွေး သို့မဟုတ် သဲဝဲ), ပေါက်ခြံနေရာ (tinea cruris or jock itch) နှင့် ခြေသည်းလက်သည်း (tinea unguium) တို့တွင် ဖြစ်ပွားပါသည်။

ပွေးကူးစက်ခြင်း သည် မပြင်းထန်သော်လည်း ကူးစက်နိုင်ပြီး သက်တောင့်သက်သာမရှိ ဖြစ်စေပါသည်။ ပတ်ဝန်း ကျင် ရှိလူများ မကူးစက်စေရန် ကုသမှုအမြန် ခံယူရန် လိုအပ်ပါသည်။

Tinea Infection (ပွေးပေါက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ပွေးကူးစက်ခြင်းသည် အဖြစ်များပါသည်။

  • ရေကူးကန်၊ အများသုံးအဝတ်လဲခန်းစသော ပူနွေးစွတ်စိုသော နေရာများတွင် နေထိုင် သူများ
  • မျက်နှာသုတ်ပုဝါ၊ အဝတ်အစား၊ အားကစားပစ္စည်းများ စသော တစ်ယောက်သုံး အသုံး အဆောင်များကို မျှဝေသုံးစွဲသူများ
  • တိရစ္ဆာန် သို့မဟုတ် တိရစ္ဆာန်အရေပြားရှိ မှိုများနှင့် ထိတွေ့သူများ

တွင် မကြာခဏဖြစ်ပွားတတ်ပါသည်။ သင့်တော်သော တစ်ကိုယ်ရည် သန့်ရှင်းမှုများ ပြုလုပ်ခြင်း ဖြင့် ကူးစက်ခံရခြင်းကို ကာကွယ်နိုင်ပါသည်။

လက္ခဏာများ

Tinea Infection (ပွေးပေါက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ပွေးကူးစက်ခြင်း၏ ရောဂါလက္ခဏာများသည် ဖြစ်ပွားသော နေရာပေါ် မူတည်ပါသည်။ အဖြစ်များဆုံး ရောဂါလက္ခဏာမှာ ပြင်းထန်စွာ ယားယံခြင်း ဖြစ်ပြီး အရေပြားကို ခြောက်သွေ့ ခြင်းနှင့် အလွှာလိုက်ကွာခြင်း ဖြစ်စေပါသည်။

ခန္ဓါကိုယ်ပေါ်တွင် ပွေးသည် အဝိုင်း သို့မဟုတ် ဘဲဥပုံ၊ အနီ သို့မဟုတ် အညိုရောင် အစုအဝေးများ အနေဖြင့် အရေပြားပေါ်တွင် စတင်ပေါ်ပေါက်လာကာ ယားယံ့ခြင်းကို ဖြစ်စေပါ သည်။ အရေပြားသည် အပေါ်ယံ အပြားလွှာများဖြစ်လာပါသည်။ အဖျားချွှန်သော အဖုအသေးများ ရှိသော အကြေးခွံထူများ ဖြစ်လာပါသည်။ အကြေးခွံထနေသော အရေပြားအချပ် များရှိနေချိန်တွင် ရောဂါသည် အခြားသူများသို့ ကူးစက်နိုင်ပါသည်။ ကုတ်ခြင်းခြစ်ခြင်း သည် ရောင်ခြင်း၊ ပြဲခြင်း နှင့် ပိုးကူးစက်ခြင်း တို့ကို ဖြစ်စေပါသည်။

အရေပြားမှိုရောဂါများသည် ခြေထောက်နှင့် ကိုယ်ထည် တို့တွင် မကြာခဏဖြစ်လေ့ရှိသည်။ အရေပြား မှိုရောဂါ အမျိုးအစား များစွာရှိသည်။

  • ပေါင် အရေပြား မှိုရောဂါ သည် ပေါင်၏အတွင်းပိုင်းတွင် ဖြစ်ပေါ်သော ပွေးတစ်မျိုး ဖြစ်သည်။ ပေါက်တွင်ပေါက်သောပွေး သည် ပြင်းထန်သော နာကျင်ခြင်း နှင့် ယားယံခြင်း ကို ဖြစ်စေသည်။ အနီကွက်များဖြစ်ခြင်း၊ ခန္ဓါကိုယ်တွင်း ပျံ့နှံ့သော မှိုပုံစံအကွက်များ ဖြင့် တွဲဖက် ဖြစ်ပေါ်တတ်သည်။ အရေပြားအကွက်များသည် ရောင်ရမ်းသော အကျိတ်ဖုတို့ကို ဖြစ်စေပြီး အရေပြားအရောင်သည် ပတ်ဝန်းကျင်အရေပြားအရောင်နှင့် ကွဲပြားနေပါသည်။
  • ခြေထောက်အရေပြားမှိုရောဂါ သည် ခြေချောင်းများနှင့် ခြေဖမိုး ကြားရှိ အရေပြားတွင် ဖြစ်ပွားသော မှိုရောဂါတစ်မျိုး ဖြစ်ပါသည်။ ယားယံခြင်း၊ အကွက်ဖြစ်ခြင်း၊ ကြေးခွံထခြင်း၊ အရေပြားသေခြင်း၊ မီးလောင်သကဲ့သို့ပူခြင်း၊ မှိုစော်နံခြင်း နှင့် သက်တောင့်သက်တာ မရှိခြင်း တို့ကို ဖြစ်စေပါသည်။ အရေပြားခြောက်သွေ့ခြင်းသည် အလွှာလိုက်ကွာခြင်း အက်ကွဲခြင်း တို့ကို ဖြစ်စေပါသည်။ ခြေချောင်းများကြားထဲတွင် ပြင်းထန်စွာ ယားယံခြင်း မကြာခဏ ဖြစ်တတ်ပါသည်။
  • ဦးရေပြားမှိုရောဂါ ။ အစလက္ခဏာများမှာ ဦးရေပြား ရောင်ခြင်း နီခြင်းတို့ဖြစ်ပြီး ဆံပင်ကျွတ်ခြင်း ဖြစ်ပါသည်။ ဆံပင်ဖီးရာတွင် လွယ်ကူစွာ ကျွတ်နိုင်ပါသည်။ proof honeycomb mushroom hair ဟုခေါ်သော ပြည်ဖုများ ပေါ်လာပါသည်။ အချို့လူများ တွင် ရောင်ရမ်း နာကျင်ယားယံသော အရေပြားများ ဖြစ်လာပါသည်။ ပြင်းထန်သော အရေပြားမှိုရောဂါ သည်အဖျားတက်ခြင်းနှင့် lymph node ကြီးခြင်း ကိုဖြစ်စေပါသည်။
  • ရောင်စုံ အရေပြားမှိုရောဂါ ။ ရောဂါလက္ခဏာ မပြပါ။ သို့သော် အချို့လူများတွင် အနည်းငယ် ယားယံကျိန်းစပ်ခြင်း နှင့် ချွေးပိုထွက်ခြင်းတို့ ဖြစ်စေပါသည်။ မှိုကူးစက်ခြင်း တွင် အရောင်များစွာ ရှိ၍ အဖြူရောင် အညိုနက်ရောင် ပန်းရောင် အကြေးခွံထသော ထူသော အချွန်များ ရှိပါသည်။ ရောဂါသည် လက်မောင်းအပေါ်ပိုင်း၊ ရင်အုပ်၊ ကျော၊ လည်ပင်းနှင့် တစ်ခါတစ်ရံ မျက်နှာ တွင် ဖြစ်ပွားတတ်ပါသည်။ ဖြူသောအရေပြားတွင် ဖျော့တော့သော သို့မဟုတ် နီညိုရောင် အစက်ပြောက်များ ပေါ်ပြီး မည်းသော အရေပြား တွင် အဖြူ သို့မဟုတ် အမည်းရောင် အစက်ပြောက်များ ပေါ်ပါသည်။ ကူးစက်ခံရသော အရေပြားသည် ခြောက်လာပါသည်။

အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များ လည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီ တွင် ရောဂါလက္ခဏာများနှင့် ပတ်သက်၍ မေးခွန်းများရှိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

နီရဲသော အကြေးခွံထသော အရေပြားကွက်များ ရှိပြီး နှစ်ပတ်ကြာသည်အထိ မသက် သာပါက ဆရာဝန်နှင့် သွားရောက်ပြသပါ။ ရောင်ရမ်းသော မီးလောင်ဖုများဖြင့် လည်း ဆက်စပ် မှုရှိပါသည်။

အရေပြားမှိုကူးစက်ခြင်း ပိုမိုဆိုးရွားလာပါက ဆရာဝန်နှင့်ဆက်သွယ်ပါ။ ရောဂါကူးစက်မှု ဆိုးရွား လာခြင်းကို သိနိုင်သော လက္ခဏာများမှာ

  • နာကျင်ခြင်း၊ ရောင်ခြင်း၊ နီရဲခြင်း နှင့် ပူစပ်ခြင်း တို့ ဆိုးလာခြင်း
  • နီရဲခြင်းသည် ကူးစက်သောနေရာမှပျံ့လာခြင်း
  • အညစ်အကြေးများထွက်မှုအခြေအနေ
  • အကြောင်းရင်းမသိရသော ၃၈ ဒီဂရီ စင်တီဂရိတ် နှင့် အထက် အဖျားတက်ခြင်း
  • ကုသပြီးသော်လည်း အဖုအပိမ့်များပျံ့နှံ့ခြင်း

သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါက သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင်၏အခြေအနေ ကောင်းမွန်ရန်အတွက် အကောင်းဆုံး ဖြစ်ပါသည်။

အကြောင်းရင်းများ

Tinea Infection (ပွေးပေါက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အရေပြားမှိုကူးစက်ခြင်းသည် ပိုးကောင်များကြောင့် မဟုတ်ပါ။ အဏုကြည့်မှန်ပြောင်း ဖြင့်သာ မြင်ရသော dermatophytes (tinea) ဟုစုပေါင်းခေါ်သော မှိုများကြောင့် ဖြစ်သည်။ Malassezia furfur မှိုသည် ပေါများပြီး trichophyton, microsporum နှင့် epidermophyton တို့လည်း ရှိပါသည်။

ပွေးဖြစ်စေသော မှိုသည် အလွန်သေးငယ်ပြီး အဏုကြည့်မှန်ပြောင်း အောက်တွင်သာ မြင်ရပါသည်။ ပူနွေးစိုစွတ်သော ပတ်ဝန်းကျင်တွင် ပေါက်ပါသည်။ ခန္ဓါကိုယ် တွင်း ဟော်မုန်းအပြောင်းအလဲရှိသူများတွင် ကိုယ်ခံအားစနစ် အားနည်းပြီး ပုံမှန် ထက် မှိုရောဂါ ကူးစက်နိုင်ပါသည်။

ပွေးရှိသူများနှင့် ထိတွေ့ခြင်းသည် ရောဂါရစေနိုင်ပါသည်။ အောက်ပါတို့မှ ရောဂါ ကူးစက်နိုင်ပါသည်။

  • အခြားလူနာများနှင့် မီးဖိုချောင်သုံးပစ္စည်းများ မျှဝေသုံးစွဲခြင်း
  • အခြားလူနာ၏ မှိုကူးစက်မှုကို ထိတွေ့ခြင်း

Risk factors

Tinea Infection (ပွေးပေါက်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

မှိုကူးစက်ခြင်း ဖြစ်ပွားနိုင်ချေ ကိုမြင့်စေသောအကြောင်းရင်းများ များစွာ ရှိပါသည်။ ဥပမာ အားဖြင့်-

  • ၁၅နှစ်အောက် ငယ်သော ကလေးများ
  • စိုထိုင်သော ပတ်ဝန်းကျင် သို့မဟုတ် လူထူသောနေရာများတွင် နေထိုင်ခြင်း
  • ရောဂါကူးစက်ခံရသော လူ သို့မဟုတ် တိရစ္ဆာန် နှင့် နီးကပ်စွာ ထိတွေ့ခြင်း
  • အရေပြားမှိုရောဂါရှိသူနှင့် အဝတ်အစား၊ အိပ်ယာ နှင့် မျက်နှာသုတ်ပုဝါ မျှဝေသုံးခြင်း
  • အရေပြားချင်းထိတွေ့ရသည်များ ပါဝင်သည့် အားကစားနည်းများ ကစားခြင်း
  • ကျပ်သော အဝတ်အစားများ ဝတ်ခြင်း
  • ကိုယ်ခံအားစနစ် အားနည်းခြင်း
  • အရင်က မှိုကူးစက်မှုရှိခြင်း သို့မဟုတ် မှိုကူးစက်မှု ခုခံကာကွယ်နိုင်စွမ်း နည်းခြင်း
  • ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Tinea Infection (ပွေးပေါက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

    ဆရာဝန်သည် အရေပြားစစ်ဆေးမှုများဖြင့် ရောဂါအဖြေရှာနိုင်ပါသည်။ ရောဂါအဖြေရှာခြင်း သည် ရလဒ်မရှင်းလင်းပါက အရေပြားစအနည်းငယ်ကိုယူပြီး မှိုကူးစက်မှုကို စစ်ဆေးနိုင်ပါသည်။ အရေပြားစကို အဏုကြည့်မှန်ပြောင်းအောက်တွင် ကြည့်၍စစ်ဆေးနိုင်ပါသည်။ စစ်ဆေးမှု ရလဒ် များသည် ရက်အနည်းငယ်အတွင်း ရနိုင်ပါသည်။

    Tinea Infection (ပွေးပေါက်ခြင်း) ကို ဘယ်လိုကုသပါသလဲ

    ပွေးကူးစက်ခြင်းအတွက် ကုသမှုရွေးချယ်ခြင်းသည် သင့်အခြေအနေ ဆိုးရွားမှု နှင့် ထိခိုက် သော နေရာ ပေါ်တွင် မူတည်ပါသည်။

    မပြင်းထန်သောကိစ္စများအတွက် ဆရာဝန်ညွှန်ကြားမထားသော ဆေးများ (ကရင်မ်၊ အရေပြား လိမ်းဆေး သို့မဟုတ် မှိုပျောက် အမှုန့်) တို့ကို အသုံးပြုနိုင်ပါသည်။

    သို့သော်လည်း လူနာ သည် ဆရာဝန် ညွှန်ကြားသော မှိုပျောက် ကရင်မ်ကိုသာ အသုံးပြုသင့်ပါသည်။ ထိခိုက်သော နေရာ ပျောက်ကင်းသွားပြီး ၇ရက်ကြာသည်အထိ ဆေးလိမ်းခြင်းကို ဆက်လက် ပြုလုပ်သင့်ပါသည်။

    ပိုဆိုးသောကိစ္စများတွင် ဆရာဝန်သည် ထိခိုက်သော နေရာပေါ်တွင် ပွတ်လိမ်းရသော မှိုပျောက်ကရင်မ် နှင့် မှိုပျောက်သော သောက်ဆေးများကို ညွှန်ကြားနိုင်ပါသည်။ ဆရာဝန်သည် ပြင်းထန်သော ကြာရှည်သော ကူးစက်မှု များအတွက် ဆေးပေးခြင်း (griseofulvin or terbinafine) အမျိုးအစားကို သတ်မှတ်နိုင်ပါသည်။ ထိုဆေးများသောက်ရာတွင် ဆရာဝန် ညွှန်ကြား သည့်အတိုင်း ပြီးပြည့်စုံအောင် သောက်သုံးရမည်။ မသောက်ပါက ပြန်ဖြစ်နိုင်သည်။

    အချို့ရှားပါးသောကိစ္စများတွင် ထိုဆေးများသည် အသည်းလုပ်ငန်းပြောင်းလဲမှုများ ဖြစ်စေ ပါသည်။ ထို့ကြောင့် ဆရာဝန်သည် သင်၏အသည်းပုံမှန် အလုပ်လုပ်မှု ရှိသလား သေချာအောင် ဓါတ်ခွဲစမ်းသပ်ချက် များလုပ်ခိုင်းလိမ့်မည်။ ဆရာဝန်သည် ကုသမှု ခံယူနေစဉ်အတွင်း ဆး ပမာဏ ကို စောင့်ကြည့်နေပါမည်။

    မှိုပေါက်ရာ နေရာပေါ်မူတည်၍ ကုသမှုအချိန်သည်လည်း ကွဲပြားပါသည်။ ပေါင်တွင် ဖြစ်သော ပွေးသည် ကုသမှု ၂-၈ပတ်အတွင်း သက်သာလာပြီး ခြေထောက်တွင် ဖြစ်သော ပွေးသည် သက်သာရန် ကုသမှု အချိန်ပို၍ ကြာပါသည်။ ရောင်စုံပွေး ကုသမှု သည် ၁-၂ ပတ်ကြာပြီး ၁လအထိ ကြာနိုင်ပါသည်။

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမသုံးကုထုံးတွေအသုံးပြုခြင်းက ပွေးကူးစက်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ပါ လူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးများသည် ပွေးကူးစက်မှု ကို ကုသရန် ကူညီနိုင် ပါသည်။

    • ညွှန်ကြားသည့်အတိုင်း ဆေးသောက်ပါ။
    • သန့်သန့်ရှင်းရှင်းနေပါ။ နေ့စဉ်ရေချိုးပါ။
    • မှိုဖြစ်သော အရေပြားကို သန့်ရှင်း ခြောက်သွေ့အောင်ထားပါ။
    • ကူးစက်ခံရသောနေရာကို မကုတ်ခြစ်ပါနှင့်၊ မပွတ်သတ်ပါနှင့်။
    • တစ်ကိုယ်ရည်သုံးပစ္စည်းများကို အခြားသူများဖြင့် မျှဝေမသုံးစွဲပါနှင့်။
    • အများသုံး ရေချိုးခန်းများကို အသုံးမပြုပါနှင့်။
    • သက်တောင့်သက်သာရှိသော အောက်ခံဘောင်းဘီကို ဝတ်ဆင်ပါ။ (ပေါင်တွင် ပွေးပေါက်ခြင်း ကို ကာကွယ်ရန်)
    • ခြေထောက်ကို ခြောက်သွေ့စေရန် ဝါဂွမ်း ခြေအိတ်နှင့် လေကောင်းကောင်း ဝင်စေသော အပေါက်သေးသေးများပါသော အားကစားစီးဖိနပ်များကို ဝတ်ဆင်ပါ။ (ခြေထောက်တွင် ပွေးပေါက်ခြင်း ကိုကာကွယ်ရန်)
    • သန့်ရှင်းခြောက်သွေ့အောင်ဝတ်ဆင်ပါ။ နိုင်လွန် အထည်များ ဝတ်ဆင်ခြင်းကို ရှောင်ပါ။ ဝါဂွမ်းအထည်များနှင့် ချွေးမြန်မြန်စုပ်သော အထည်များကို ဝတ်ဆင်ပါ။

    အကယ်၍သင့်မှာ မေးခွန်းတွေရှိပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 25/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement