backup og meta

ဝက်ခြံအနာကျက်ပြီးနောက်ကျန်ခဲ့သော အနီစက်များကို လျော့နည်းစေရန်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံအနာကျက်ပြီးနောက်ကျန်ခဲ့သော အနီစက်များကို လျော့နည်းစေရန်

    ဝက်ခြံပေါက်ခြင်းသည် ဖြစ်လေ့ဖြစ်ထရှိသော အရေပြားပြဿနာ တခုဖြစ်သော်လည်း ဆိုးရွားသော ကျန်းမာရေးပြသနာတခုမဟုတ်ပါ။ သို့သော် ဝက်ခြံပေါက်ပြီးလျှင်ကျန်ခဲ့သော အမာရွတ် အနီစက်များက သင့်ကိုယ်သင် ယုံကြည်မှုကျဆင်းစေပါသည်။

    လူအတော်များများသည် ထိုပြသနာနှင့် ကြုံဖူးကြသည် ဖြစ်ရာ အောက်ပါအချက်များကို အကြံပေးမျှဝေလိုက်ရပါသည်။

    ဆေးဖြင့်ကုသခြင်း

    ဝက်ခြံသည် ဆယ်ကျော်သက် အရွယ်တွင်ပေါက်လေ့ရှိသည်။ သို့သော် ဆယ်ကျော်သက်နောက်ပိုင်းတွင်လည်းပေါက်လေ့ရှိပါသည်။ ဝက်ခြံပေါက်လျှင် နီရဲ ရောင်ရမ်းခြင်း၊ နာကျင်ခြင်း၊ ပြည်ဖုကြီးဖြစ်ခြင်း၊ ဆားဝက်ခြံငယ်လေးများဖြစ်ခြင်း စသည်တို့ဖြစ်တတ်ကြသည်။

    အများစုကို ကုရလွယ်သော်လည်း အမာရွတ်နှင့် အနီစက်များသည် ဝက်ခြံပျောက်ပြီး ကြာရှည်စွာကျန်နေတတ်ကြသည်။ သင်သည် အရေပြားဆရာဝန်နှင့် သွားပြပြီး အချို့သောညွှန်ကြားမှုများကို လိုက်နာသင့်ပေသည်။

    အရေပြားဆရာဝန်က သင့်အရေပြားတွင်ရှိသော ဝက်ခြံဖြစ်စေသည့် ဘက်တီးရီးယားများကို သေစေရန် ပိုးသတ်ဆေးပေးလိမ့်မည်။ ဝက်ခြံနည်းလာလေလေ အနီစက်များလည်းတဖြေးဖြေးလျော့နည်းသွားမည်ဖြစ်သည်။

    တခါတရံတွင် ပိုးသတ်ဆေးများကို retinol , benzyl peroxide တို့နှင့်တွဲသုံးခြင်းဖြင့် အာနိသင်ပိုရှိစေပြီး ဆေးယဉ်ပါးမှုပြသနာကိုလည်း လျော့နည်းစေသည်။ သင်သည် ပိုးသတ်ဆေးတခုခုနှင့် ဓါတ်မတည့်ခြင်းရှိလျှင်ဖြစ်စေ ကိုယ်ဝန်ရှိလျှင်ဖြစ်စေ သင့်ဆရာဝန်အားပြောရန်လိုအပ်သည်။Acctane ကဲ့သို့သော ဆေးများကိုလည်း ဝက်ခြံကုရာတွင် အသုံးပြုကြသည်။

    ခွဲစိတ်ကုသခြင်း

    အချို့သောခွဲစိတ်မှုများဖြင့်လည်း ဝက်ခြံကြောင့် အရေပြားနီရဲမှုများကို လျှော့ချနိုင်သည်။

    မျက်နှာအရေပြားအပေါ်ယံလွှာကို ဖယ်ရှားခြင်း

    ၎င်းသည် မျက်နှာတွင်အရောင်မညီခြင်းနှင့် အမာရွတ်များရှိသူတို့တွင်အသုံးပြုသောခွဲစိတ်မှုဖြစ်သည်။ အရေပြားအပေါ်ယံလွှာကို ဖယ်ရှားရန် ဆရာဝန်က ဝိုင်ယာ သို့မဟုတ် စိန်သွားကို အသုံးပြုပါသည်။

    ၎င်းသည်သွေးအနည်းငယ်ထွက်မည်ဖြစ်ပြီး အရေပြားအလွှာအသစ်အတွက် ဆဲလ်များဖြစ်ရန် ၅ရက်မှ ရက်သတ္တပတ်အနည်းငယ်ကြာမြင့်သည်။ ၆ပတ်မှ ၁၂ပတ်အတွင်း သင့်အရေပြားအရောင်သည် နဂိုအရောင်ပြန်လည်ရရှိမည်ဖြစ်သည်။

    မျက်နှာအရေပြားအပေါ်ယံလွှာကို ဖယ်ရှားခြင်းပြီးလျှင် အောကါပါအချက်များကို ဂရုပြုလုပ်ဆောင်ရမည်။

  • သင့်အရေပြားကို နေ့စဉ်သန့်၇ှင်သောရေ ၊ သန့်စင်ဆေးရည်တို့ဖြင့် သန့်ရှင်းအောင်ထားမှ ရောဂါပိုးဝင်ခြင်းကို ကာကွယ်နိုင်ပေလိမ့်မည်။ ရောဂါပိုးဝင်လျှင် ဝက်ခြံအမာရွတ်များပိုဆိုးလာနိုင်သည်။
  • ခွဲစိတ်ထားသောအရေပြားပေါ်တွင် ပတ်ထားသည့် ပတ်တီးကိုမှန်မှန်လဲပေးပါ။ ၎င်းသည် သင့် အနာကိုသန့်ရှင်းစေပြီးရေဓါတ်ပြည့်ဝကာ အနာကျက်မြန်ေစေသည်။ အရေပြားခြောက်လျှင် အနာကျက်နှေးတတ်သည်။
  • နေလောင်ခြင်းနှင့် အရေပြားကင်ဆာတို့ကိုဖြစ်စေသော ခရမ်းလွန်ရောင်ခြည်ဒဏ်မှကာကွယ်ရန် နေရောင်ကာခရင်မ်များကို လိမ်းပါ။
  • လေဆာရောင်ခြည်ဖြင့်ကုသခြင်း

    ထိုနည်းလမ်းသည် အနီစက်များလျော့နည်းစေရန် အသုံးများသောနည်းလမ်းဖြစ်ပေသည်။ ဠင်းသည်လည်း အရေပြားအပေါ်ယံလွှာကို ဖယ်ရှားပေးသော နည်းတမျိုးဖြစ်ပြီး သင့်အသားရေကို ကျန်းမာသော နဂိုအသားရေအတိုင်းပြန်ရရှိစေပါသည်။

    ထိုကုသမှုသည် ၂ နာရီမျှကြာမြင့်မည်ဖြစ်ပြီး အနာကျက်ရန် ၁၀-၂၀ ရက်အထိကြာမည်ဖြစ်သည်။ အနာကျက်သွားပြီးနောက်တွင် အဆီမပါသော အောက်ခံမိတ်ကပ်များကို ရွေးချယ်လိမ်းပါ။ အနီစက်များသည် ၂-၃ လအကြာတွင် တဖြေးဖြေးပျောက်သွားမည်ဖြစ်သည်။

    ထိုကုသမှုမခံယူခင်တွင် သင့်ကိုသွေးထွက်များစေသော ibuprofen, aspirin, vitamin E စသည့်ဆေးများကို သောက်နေပါကဖြတ်ထားရမည်ဖြစ်သည်။

    သင်အပြင်သွားမည်ဆိုပါက နေရာင်နှင့်တိုက်ရိုက်ထိတွေ့မှုမရှိအောင် SPF ၃၀နှင့် အထက်ပါသော နေရောင်ကာခရင်မ်လိမ်းခြင်း၊

    အင်္ကျ ီလက်ရှည်ဝတ်ခြင်းတို့ပြုလုပ်ပါ။ အနာကျက်မြန်စေရန် အစိုဓါတ်ထိန်းခရင်မ်လိမ်းပါ။

    ခွဲစိတ်မှုများသည် ဝက်ခြံကြောင့် အသားနီရဲခြင်းတို့ကို ထိရောက်စွာသက်သာစေသော်လည်း တန်ဖိုးကြီးမြင့်ခြင်း၊ ကျန်းမာရေးအာမခံမပေးနိုင်ခြင်းတို့ကြောင့် သေချာသောဆုံးဖြတ်ချက်ချရန် သင့်ဆရာဝန်နှင့် အရင်ဆုံးတိုင်ပင်သင့်သည်။

    အချုပ်ဆိုရသော် ဝက်ခြံကို ကုသမှုခံယူပြီးသည့်တိုင် နီရဲမှုများကျန်နေနိုင်ပါသည်။ ဠင်းသည် သင့်ကျန်းမာရေးကို မထိခိုက်နိုင်သော်လည်း သင့်ရုပ်ရည်သွင်ပြင်အပေါ် သက်ရောက်မှုအချို့ရှိနေနိုင်ပါသည်။ အထက်ဖော်ပြပါ ကုသမှုများကိုကြည့်ပြီး သင်နှင့်အသင့်တော်ဆုံးကို ရွေးချယ်နိုင်ရန် အကြံပြုလိုက်ရပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. K Zin Thwe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement