backup og meta

ဆားဝက်ခြံ (ဝက်ခြံခေါင်းမည်း)တွေကို ကုသနိုင်မယ့် လွယ်ကူတဲ့နည်းလမ်း (၄)သွယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Wathun Myat Chal မှ ရေးသားသည်။ · 27/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆားဝက်ခြံ (ဝက်ခြံခေါင်းမည်း)တွေကို ကုသနိုင်မယ့် လွယ်ကူတဲ့နည်းလမ်း (၄)သွယ်

    ဆားဝက်ခြံတွေ ဟာ အဖြစ်များကြပါတယ်။ အသက်အရွယ်မခွဲခြားဘဲ လူတိုင်း ဒီပြဿနာကို ရင်ဆိုင်ရနိုင်ပါတယ်။ ဒီဝက်ခြံပြဿနာဟာ နာကျင်မှုတွေ၊ နီရဲမှုတွေ၊ ရောင်ရမ်းမှုတွေ ဒါမှမဟုတ် အခြားသော ပြင်းထန်တဲ့ လက္ခဏာရပ်တွေကို မခံစားရပေမယ့် သင့်ရဲ့ မျက်နှာ အလှအပအတွက်တော့ ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပြီး သင့်ကို စိတ်ဆင်းရဲစေပါတယ်။

    တကယ်လို့များ သင်က ဒါတွေကို ကုသပျောက်ကင်းချင်တယ် ဆိုရင်တော့ ဒီဆောင်းပါးက သင့်အတွက် တကယ် အသုံးဝင်တာကို တွေ့ရမှာပါ။ ဒီဆောင်းပါးလေးထဲမှာ ဆားဝက်ခြံ (ခေါင်းမည်းဝက်ခြံ)တွေကို ကုသနိုင်မယ့် လွယ်ကူတဲ့ နည်းလမ်း (၄)သွယ်ကို ဖော်ပြပေးထားပါတယ်။

    ဆားဝက်ခြံ (ဝက်ခြံခေါင်းမည်း) ဆိုတာ ဘာတွေလဲ။

    ဆားဝက်ခြံ ဒါမှမဟုတ် open comedones တွေဟာ အနိမ့်ဆုံး ဝက်ခြံအနာတွေပါပဲ။ ဒါတွေဟာ မွေးညှင်းပေါက်တွေ ကြီးပြီး ပိတ်ဆို့နေလို့ ဖြစ်ရတာပါ။ သူတို့တွေဟာ comedones တွေက အရေပြားမျက်နှာပြင်ပေါ်ကို ထွက်လာပြီး ပွင့်လာတဲ့အချိန်မှာ ဖြစ်ပါတယ်။

    comedones တွေရဲ့ အဆီပိုတွေက လေနဲ့ ထိတွေ့ပြီး ဓာတ်တိုးလို့ အရေပြားကို အရောင် ပြောင်းလဲစေပါတယ်။ ဒီအရောင်ပြောင်းလဲမှုရဲ့ အဓိက တရားခံက အညစ်အကြေးတွေ၊ ဖုန်မှုန့်တွေ မဟုတ်ပါဘူး။

    ဆားဝက်ခြံတွေဟာ နာကျင်မှုတွေ ဒါမှမဟုတ် ရောင်ရမ်းမှုတွေကို ခံစားရစေမှာ မဟုတ်သော်လည်း အရေပြားပေါ်မှာ ကာလကြာရှည် တည်ရှိနေနိုင်ပါတယ်။

    ဆားဝက်ခြံ (ဝက်ခြံခေါင်းမည်း)တွေကို ကုသနိုင်မယ့် လွယ်ကူတဲ့နည်းလမ်း (၄)သွယ်

    ဆားဝက်ခြံတွေ ဟာ အရေပြား အလှအပကို ထိခိုက်စေတာကြောင့် သူတို့ကို ကုသဖို့က အရေးကြီးလှပါတယ်။ ဒီမှာတော့ သင့်အတွက် ဆဆားဝက်ခြံ (ဝက်ခြံခေါင်းမည်း)တွေကို ကုသရာမှာ အသုံးဝင်နိုင်မယ့် အရာလေးတွေကို အကြံပြုထားပါတယ်။

  • ကပ်ခွာ
  • ကပ်ခွာကို ဆားဝက်ခြံတွေ ရှိနေတဲ့နေရာမှာ ကပ်လိုက်ပြီး ၁၅ မိနစ်မှ မိနစ် ၂၀ထိ စောင့်ပါ။ ပြီးရင်တော့ ခွာထုတ်လိုက်ပါ။ ကပ်ခွာကို ခွာလိုက်တဲ့အချိန်မှာ ဆားဝက်ခြံတွေကိုပါ တစ်ခါတည်း ခွာပြီးသား ဖြစ်သွားပါလိမ့်မယ်။ ပြီးရင်တော့ ချွေးပေါက်တွေ ပြန်ကျဉ်းသွားစေဖို့ တိုနာကို အသုံးပြုဖို့ လိုပါလိမ့်မယ်။

    ဒီကပ်ခွာကို တစ်ပတ်တစ်ကြိမ်လောက် အသုံးပြုပြီး အသားအရေ ထိန်းသိမ်းမှုကို ကောင်းကောင်းလုပ်ပေးပါ။ သတိပြုရမှာက ဒီကပ်ခွာဟာ သင့်အရေပြားပေါ်မှာ ဆားဝက်ခြံတွေ ပေါ်နေမှသာ ဖယ်ရှားပစ်နိုင်တာပါ။ ဆားဝက်ခြံတွေ မဖြစ်အောင် ကာကွယ်ဖို့တော့ မတတ်နိုင်ပါဘူး။

    သင့်အရေပြားကို သန့်ရှင်းနေစေဖို့က အမြဲတမ်းအရေးကြီးပါတယ်။ salicylic acid သို့မဟုတ် glycolic acid ဟာ ဆဲလ်သေတွေကို အရေပြား အပေါ်ယံလွှာကနေ ဖယ်ရှားပေးနိုင်ပြီး နီရဲ ရောင်ရမ်းခြင်းတွေကိုလည်း သက်သာစေနိုင်ပါတယ်။

    ဒီ မျက်နှာသစ်ဆေးတွေကိုတော့ တစ်ပတ်မှာ တစ်ခေါက် သို့မဟုတ် နှစ်ခေါက် အသုံးပြုနိုင်ပါတယ်။ တံဆိပ်မှာ ပါဝင်တဲ့ အညွှန်းအတိုင်း အမြဲတမ်း လိုက်နာပါ။ တကယ်လို့များ ဘယ်လိုသုံးရမယ် ဆိုတာကို မှန်မှန်ကန်ကန် မသိဘူးဆိုရင် ဆရာဝန် သို့မဟုတ် အရေပြားဆရာဝန်ကိုမေးပါ။

    မျက်နှာပေါ်မှာမသုံးခင် ဓာတ်မတည့်မှုတွေ ရှိမရှိအရင်စမ်းသပ်သင့်ပါတယ်။ ဒီမျက်နှာသစ်ဆေးကို မျက်လုံး၊ ပါးစပ်၊ နှာခေါင်းသို့မဟုတ် အနာရှိတဲ့နေရာတွေမှာမသုံးပါနဲ့။ စပ်ဖျင်းဖျင်း ဖြစ်စေနိုင်လို့ပါ။ ဒီမျက်နှာသစ်ဆေးကို စိုစွတ်နေတဲ့ အသားပေါ်မှာလိမ်းပေးပြီး ညင်သာစွာ နှိပ်နယ်ပေးပါ။

  • ရွှံ့စေး၊ သင်္ဘောသီး သို့မဟုတ် ကျောက်မီးသွေးပါဝင်တဲ့ မျက်နှာဖုံး (mask)
  • အချို့သော မျက်နှာဖုံး(mask)တွေမှာ ရွှံ့စေး၊ သင်္ဘောသီးနဲ့ ကျောက်မီးသွေးတွေပါတတ်ပြီး ဒါတွေက ဆားဝက်ခြံတွေကို ဖယ်ရှားတဲ့နေရာမှာ ကူညီပေးနိုင်ပါတယ်။ ဒီမျက်နှာဖုံးတွေဟာ  ချွေးပေါက်ထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ပြီး အသားအရေကို ကြည်လင်စေပါတယ်။

    ဒီ မျက်နှာဖုံးတွေကိုတော့ တစ်ပတ်မှာ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် အသုံးပြုနိုင်ပါတယ်။

    • မျက်နှာသစ်စက် (mechanical skin brush)

    အချို့သောသူတွေဟာ မျက်နှာသစ်စက်က သူတို့ အခြေအနေတွေကို ပိုပြီးကောင်းမွန်စေတယ် ဆိုတာ ရှာတွေ့ခဲ့ပါတယ်။ ဒါဟာ ဆားဝက်ခြံတွေကို ဖယ်ရှားပေးနိုင်ရုံမကပါဘူး။ မျက်နှာရဲ့ အခြားသော အစိတ်အပိုင်းတွေကိုပါ သန့်စင်စေနိုင်ပါတယ်။ ဒါကို အသုံးပြုပြီးရင် သင့်ရဲ့မျက်နှာဟာ အနှိပ်ခံလိုက်ရသလို ခံစားရနိုင်ပါသေးတယ်။

    • အရေပြားဆရာဝန်ကိုပြပါ။

    တကယ်လို့များ သင်က အထက်ဖော်ပြပါ နည်းလမ်းတွေ အားလုံးလုပ်ဆောင်ပြီးတာတောင် အခြေအနေ မတိုးတက်လာဘူးဆိုရင် အရေပြား ဆရာဝန်ဆီ သွားသင့်နေပါပြီ။ သူတို့က သင့်အရေပြားကို စစ်ဆေးပြီး ထိရောက်တဲ့ ကုသမှုတွေ၊ လမ်းညွှန်မှုတွေ ပေးနိုင်ပါလိမ့်မယ်။

    ဆားဝက်ခြံ ကုသခြင်းဟာ ဆားဝက်ခြံတွေ ဖယ်ရှားဖို့အတွက်ပဲ အဓိက ထားပါတယ်။ အိမ်မှာ လုပ်လို့ရနိုင်တဲ့ အချို့သော အချက်လေးတွေကလည်း ထိရောက်နိုင်ပါတယ်။

    ဒါပေမယ့် သင်က အချို့သော အိမ်တွင်းဆေးဝါးတွေကို အသုံးပြုပြီးတာတောင်မှ အခြေအနေက တိုးတက်မလာဘူး ဆိုရင်တော့ စနစ်တကျ ကုသမှု ခံယူဖို့အတွက် အရေပြား ဆရာဝန်ကို သွားပြပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Wathun Myat Chal မှ ရေးသားသည်။ · 27/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement